[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

“တရားလား” မှာ တွေ့ရမယ့် စိုးသူရဲ့ခပ်ဟော့ဟော့ စတိုင်များ

“တရားလား”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ စိုးသူရဲ့ရိုက်ကွင်းပေါ်က သရုပ်ဆောင်နေတဲ့ ပုံရိပ်တွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ စိုးသူဟာ အနုပညာလောကနဲ့ ကင်းကွာနေတယ်ဆိုပေမယ့်လည်း ရိုက်ကွင်းပေါ်က ပုံတွေကို ကြည့်လိုက်ရင်တော့ ခပ်ဟော့ဟော့ နဲ့ လန်းနေတာကိုတွေ့ရမှာလည်း ဖြစ်ပါတယ်။

ဒီလိုလန်းနေအောင်လည်း ချစ်ရတဲ့သူဒါဒါက အနောက်ကနေ လိုက်လံပြင်ဆင်ပေးနေလို့ဖြစ်မယ်လို့ ထင်မိပါတယ်။ စိုးသူဟာသီချင်းဆိုကောင်းသူတစ်ယောက်အနေထင် လူသိများခဲ့ကြပေမယ့်လည်း အခုဆိုရင်သရုပ်ဆောင်ခြင်းကိုပါလုပ်ဆောင်တာကို တွေ့ရမှာပါ။

အရပ်အမောင်းကောင်းကောင်း နဲ့ ဥပဓိရုပ်ရှိသူဖြစ်တဲ့အတွက် အားပေးသူပရိသတ်ကလည်း အဆင်သင့်ရှိလို့ နေပါတယ်။စိုးသူရဲ့ အနုပညာလောက တကျော့ပြန်လို့ ပြောရမယ့် ဒီရုပ်ရှင် ဇာတ်ကားကြီး “တရားလား”ကိုတော့ ပရိသတ်တွေမျှော်လင့်နေကြမယ်လို့ ထင်ပါတယ်။

Photo Credit: Soe Thu Facebook Page

ကြည်သာ (Akhayar)

www.akhayar.com