[Zawgyi]



 




ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

ငွေကျပ်သိန်း ၂၀၀ ကျော် ကို ၇ ရက်အတွင်းလာပေးရန် သတိပေးခံလိုက်ရတဲ့ စိုးသူ

နိုင်ငံ ပိုင်သတင်းစာကနေတဆင့် မင်းသားစိုးသူကို အခုလိုသတိပေးလိုက်တာဖြစ်ပါတယ်။ ၇ ရက်အတွင်း ငွေကျပ်သိန်း ၂၀၀ ကျော်နဲ့ ကျန်ငွေ စုစုပေါင်း သိန်းပေါင်း ၃၅၀ ကျော်တို့ကို လာပေးဖို့အတွက် သက်ဆိုင်ရာရှေ့နေတွေကနေတဆင့် အသိပေးတောင်းဆိုခြင်းကို ခံလိုက်ရတာဖြစ်ပါတယ်။

 

အခုလိုအသိပေးရာမှာ မရမ်းကုန်းမြို့နယ်မှာနေထိုင်တဲ့ ဦးကျော်ကျော်ထွန်းက အများသိစေရန်ကြေညာတယ်ဆိုပြီး သတင်းစာမှာ တွေ့ရတာလည်းဖြစ်ပါတယ်။

စိုးမြတ်နန္ဒာ နဲ့ စိုးသူ နှစ်ယောက်စလုံးနာမည်တွေကို လည်း သတင်းစာမှာ ထည့်သွင်းဖော်ပြပြီးအခုလိုကြေညာခဲ့တာဖြစ်ပါတယ်။ ပေးရမယ့် ကာလ ကိုကျော်လွန်သွားလို့ အခုလိုကြေညာရတာဖြစ်တယ်လို့လည်း ဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit: Soe Myat Nandar Facebook

ကြည်သာ (Akhayar)

www.akhayar.com