[Zawgyi]







ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

မန္တလေးကို ချစ်တယ် ဆိုပြီး ရိုးရိုးရှင်းရှင်းလေးပြောလိုက်တဲ့ စိုးပြည့်သဇင်

မင်းသမီးလေး စိုးပြည့်သဇင်ကတော့ မန္တလေးကို ချစ်တယ်ဆိုပြီးတော့ အခုလိုပြောလိုက်တာပါ။ သူမမန္တလေးကိုရောက်နေတဲ့ ပုံလေးတွေကိုတင်ထားပြီး အခုလိုစာလေးကို ဖော်ပြထားတာလည်းတွေ့ရပါတယ်။

“မင်္ဂလာနံနက်ခင်းပါရှင်….မန္တလေးအင်းဝမြို့(အဝ)ဗားကရာကျောင်းနဲ့မယ်နုအုတ်ကျောင်းလိုက်ပို့ပေးပြီးဓါတ်ပုံရိုက်ပေးတဲ့အမတွေအကိုတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင့် မန္တလေးကိုချစ်တယ်”

စိုးပြည့်သဇင် ဟာ ပြီးခဲ့တဲ့ ရက်တွေက ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုအတွက် မယ်သီလရှင်ဇာတ်ရုပ်အတွက် တကယ်ကို ကတုံးတုံးပြီးတော့ မယ်သီလရှင်ဝတ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

စိုးပြည့်သဇင်ဟာ အသက်ငယ်ငယ်နဲ့ သရုပ်ဆောင်လုပ်တဲ့ သူတို့သက်တမ်းအတွင်း ပထမဆုံးအကယ်ဒမီ ရရှိဖူးတဲ့ မင်းသမီးလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းသလို ၊ သီချင်းသီဆိုရတာကိုလည်း နှစ်သက်တဲ့ သူပါ။ သရုပ်ဆောင်တာကိုရော သီချင်းဆိုတာရော ပိုင်နိုင်ကျွမ်းကျင်လာအောင်လုပ်ဆောင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit:Soe Pyae Thazin Facebook

ကြည်သာ (Akhayar)

www.akhayar.com