[Zawgyi]
www.akhayar.com
[Unicode]
အကယ်ဒမီဆုအတွက် ရင်ခုန်ပေမယ့် အရမ်းကြီးမျှော်လင့်မထားပါဘူးဆိုတဲ့ စိုးပြည့်သဇင်
“မိုးညအိမ်မက်မြူ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆိုကိုရရှိခဲ့ပြီးဖြစ်တဲ့ သရုပ်ဆောင်စိုးပြည့်သဇင် အနေနဲ့ ယခုနှစ်အကယ်ဒမီပေးပွဲမှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ “ခေါက်ထီးလေးမလုံ့တလုံ့”ဇာတ်ကားဟာလည်း အကယ်ဒမီစကာတင်စာရင်းထဲမှာ ပါဝင်ထားပါတယ်။အဲဒီလိုပါဝင်နေတဲ့အတွက် သူမကိုချစ်တဲ့ပရိသတ်တွေကတော့ အကယ်ဒမီဆုကို ခန့်မှန်းပေးနေကြတာဖြစ်ပါတယ်။
၂၀၁၇ အကယ်ဒမီဆုကို ခန့်မှန်းပေးကြတာနဲ့ပတ်သက်ပြီး အကယ်ဒမီစိုးပြည့်သဇင်က “ဘာပဲဖြစ်ဖြစ်ပရိသတ်တွေက အခုလိုအကယ်ဒမီဆုကိုခန့်မှန်းပေးလို့ အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိပါတယ်။ စိုးပြည့်က ပရိသတ်တွေအတွက် အမြဲကြိုးစားနေပါတယ်၊ စိုးပြည့်ပါဝင်ရိုက်ကူးထားတဲ့ “ခေါက်ထီးလေးမလုံ့တလုံ့” ရုပ်ရှင်ဇာတ်ကားလေးကလည်း အကယ်ဒမီဆန်ခါတင်ထဲမှာ ပါဝင်တဲ့အတွက် ရတာမရတာထက် စိုးပြည့်ကိုယ်တိုင်လည်းရင်ခုန်ရပါတယ်။ အရမ်းကြီးလည်း မျှော်လင့်မထားပါဘူး။ အကယ်ဒမီက နတ်ကြီးတယ်။ နောက်အကယ်ဒမီဆိုတာက တော်တဲ့ တတ်တဲ့သူတွေကို ပညာရှင်တွေကပေးမယ့်ဆုတစ်ခုဆိုတော့ ပညာရှင်တွေကရွေးချယ်ပြီး အမှတ်ပေးမယ်ဆိုတဲ့အခါကျတော့ ကိုယ်တွေသရုပ်ဆောင်အနေနဲ့ကတော့ ကိုယ်လုပ်ရမယ့်ဇာတ်ရုပ်၊ ကိုယ်လုပ်ရမယ့်ကားမှာ အတတ်နိုင်ဆုံး ပြင်ဆင်ဖို့ကိုပဲ စိတ်ထဲထားပါတယ်၊ ဆုံးဖြတ်တဲ့အပိုင်း ရွေးချယ်တာကတော့ ပညာရှင်တွေရဲ့သဘောပါ၊ ရင်တော့ခုန်ပါတယ်၊ ပရိသတ်တွေကလည်း အားပေးကြတဲ့အတွက် စိုးပြည့်ဝမ်းသာပါတယ်။ ပရိသတ်တွေကို ဒီနှစ်မှာ ပုံစံမတူတာတွေ အများကြီးချပြဖို့ရှိပါတယ်” လို့ စိုးပြည့်သဇင်ကဆိုပါတယ်။
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။