[Zawgyi]

ပရိသတ္ေပးတဲ့အားေဆးေၾကာင့္ ဒုတိယအေခြစီစဥ္ျဖစ္သြားတာဆုိတဲ့ စိုးနႏၵာေက်ာ္

“The Sign Of Love”ရုပ္သံဇာတ္လမ္းတြဲနဲ႔ ပရိသတ္အားေပးမႈရရိွခဲ့တဲ့ စိုးနႏၵာေက်ာ္ကေတာ့ သူ႔မရဲ႕ ဒုတိယတစ္ကိုယ္ေတာ္အေခြျပင္ဆင္ေနတာနဲ႔ပတ္သက္ၿပီး ေျပာျပခဲ့ပါတယ္။ ပထမတစ္ကိုယ္ေတာ္အေခြကိုလည္း ခ်စ္တဲ့မ်က္စိနဲ႔ၾကည့္ေပးလို႔ အားေဆးတစ္ခြက္ျဖစ္ခဲ့တယ္ဆိုတာကို စိုးနႏၵာေက်ာ္က “ပထမတစ္ကိုယ္ေတာ္အေခြတုန္းက ပရိသတ္က ခ်စ္တဲ့မ်က္စိနဲ႔ၾကည့္ေပးလို႔ နားလည္ေပးခဲ့ၾကတယ္။ လက္ခံေပးခဲ့ၾကတယ္။ အားေဆးတစ္ခြက္ျဖစ္ခဲ့တယ္”လို႔ ဆိုပါတယ္။

ဒုတိယအေခြမွာ Rock သီခ်င္းေတြ ထည့္ျဖစ္တဲ့အေၾကာင္းကိုလည္း အခုလိုေျပာျပခဲ့ပါေသးတယ္။“ဒုတိယအေခြလုပ္ျဖစ္တာက ပရိသတ္က ေနာက္တစ္ေခြထပ္လုပ္ပါလို႔ဆိုၿပီး အားေဆးေပးလို႔လုပ္ျဖစ္တာပါ။ ဒီအေခြမွာ R&B နဲ႔ Pop ခ်ဳိခ်ဳိေလးေတြပါမယ္။ ထူးထူးဆန္းဆန္းျဖစ္သြားေအာင္ Rock ပုံစံမ်ိဳးေလးထည့္ဖို႔ စိတ္ကူးထားတယ္။ အားလုံးက Rock ပုံစံ ေျပာင္းဆိုၾကည့္ပါဆိုၿပီး ေျပာလို႔ဆိုျဖစ္တာပါ။ နႏၵာကေတာ့ Pop ဆိုရတာ ပိုအားရတယ္။ ပရိတ္သတ္ကလည္း လက္ခံပါတယ္။ ဒါေပမယ့္အေျပာင္းအလဲေလးျဖစ္သြားေအာင္လို႔ Rock ဆန္ဆန္ထည့္ျဖစ္တာပါ”လို႔ဆိုၿပီး ေျပာျပခဲ့ပါတယ္။ စိုးနႏၵာေက်ာ္က လတ္တေလာမွာေတာ့ “စပါယ္ရွယ္၉” ဆိုတဲ့ ရုပ္ရွင္ကားႀကီးကို ျမင့္ျမတ္၊ ယုန္ေလးတို႔နဲ႔ ရိုက္ကူးေနတယ္လို႔သိရပါတယ္။

www.akhayar.com

[Unicode]

ပရိသတ်ပေးတဲ့အားဆေးကြောင့် ဒုတိယအခွေစီစဉ်ဖြစ်သွားတာဆိုတဲ့ စိုးနန္ဒာကျော်

“The Sign Of Love”ရုပ်သံဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးမှုရရှိခဲ့တဲ့ စိုးနန္ဒာကျော်ကတော့ သူ့မရဲ့ ဒုတိယတစ်ကိုယ်တော်အခွေပြင်ဆင်နေတာနဲ့ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။ ပထမတစ်ကိုယ်တော်အခွေကိုလည်း ချစ်တဲ့မျက်စိနဲ့ကြည့်ပေးလို့ အားဆေးတစ်ခွက်ဖြစ်ခဲ့တယ်ဆိုတာကို စိုးနန္ဒာကျော်က “ပထမတစ်ကိုယ်တော်အခွေတုန်းက ပရိသတ်က ချစ်တဲ့မျက်စိနဲ့ကြည့်ပေးလို့ နားလည်ပေးခဲ့ကြတယ်။ လက်ခံပေးခဲ့ကြတယ်။ အားဆေးတစ်ခွက်ဖြစ်ခဲ့တယ်”လို့ ဆိုပါတယ်။

ဒုတိယအခွေမှာ Rock သီချင်းတွေ ထည့်ဖြစ်တဲ့အကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။“ဒုတိယအခွေလုပ်ဖြစ်တာက ပရိသတ်က နောက်တစ်ခွေထပ်လုပ်ပါလို့ဆိုပြီး အားဆေးပေးလို့လုပ်ဖြစ်တာပါ။ ဒီအခွေမှာ R&B နဲ့ Pop ချိုချိုလေးတွေပါမယ်။ ထူးထူးဆန်းဆန်းဖြစ်သွားအောင် Rock ပုံစံမျိုးလေးထည့်ဖို့ စိတ်ကူးထားတယ်။ အားလုံးက Rock ပုံစံ ပြောင်းဆိုကြည့်ပါဆိုပြီး ပြောလို့ဆိုဖြစ်တာပါ။ နန္ဒာကတော့ Pop ဆိုရတာ ပိုအားရတယ်။ ပရိတ်သတ်ကလည်း လက်ခံပါတယ်။ ဒါပေမယ့်အပြောင်းအလဲလေးဖြစ်သွားအောင်လို့ Rock ဆန်ဆန်ထည့်ဖြစ်တာပါ”လို့ဆိုပြီး ပြောပြခဲ့ပါတယ်။ စိုးနန္ဒာကျော်က လတ်တလောမှာတော့ “စပါယ်ရှယ်၉” ဆိုတဲ့ ရုပ်ရှင်ကားကြီးကို မြင့်မြတ်၊ ယုန်လေးတို့နဲ့ ရိုက်ကူးနေတယ်လို့သိရပါတယ်။

www.akhayar.com