[Zawgyi]




www.akhayar.com


[Unicode]

အကယ်ဒမီပွဲမှာ အနုပညာမောင်နှမတွေအားလုံးကို အကယ်ဒမီရစေချင်တယ်လို့ဆိုတဲ့ စိုးနန္ဒာကျော်

၂ဝ၁၇ ခုနှစ် အကယ်ဒမီပေးပွဲမှာ အနုပညာရှင်မောင်နှမတွေအားလုံးကို အကယ်ဒမီရစေချင်တယ်လို့ သရုပ်ဆောင်စိုးနန္ဒာကျော်ကပြောပါတယ်။ “ဒီ၂၀၁၇ ခုနှစ်မှာ ရုပ်ရှင်ဇာတ်ကားတွေတော်တော်များများကို အကုန်လုံးနီးပါးကြည့်ဖြစ်တယ်။ အားလုံးကကောင်းတော့ အားလုံးကိုရစေချင်ပါတယ်။ အကုန်လုံးကို ညီမအားပေးတယ်။ အားလုံးကလည်း အရမ်းသရုပ်ဆောင်ကောင်းကြတယ်။ ညီမတို့ရဲ့အနုပညာမောင်နှမတွေ ဘယ်သူပဲရရ ညီမကတော့ပျော်တယ်။ ရုပ်ရှင်ဇာတ်ကားကောင်းတွေအများကြီးလည်း ဒီနှစ်မှာ ရုံတင်ကြတယ်။ အဲဒီထဲကမှ ရွေးချယ်ပြီးပေးကြမှာဆိုတော့ အကဲဖြတ်အမှတ်ပေးကြမယ့် လူကြီးတွေအနေနဲ့လည်း တကယ်ကို ဆုံးဖြတ်ရခက်မယ့်နှစ်ပါ။ အကယ်ဒမီပွဲကိုလည်း တက်ဖြစ်မှာပါ ” လို့ သရုပ်ဆောင်စိုးနန္ဒာကျော်က ပြောပါတယ်။

သရုပ်ဆောင်စိုးနန္ဒာကျော်အနေနဲ့ သူမသရုပ်လေ့သရုပ်ဆောင်ထမရှိတဲ့ ဇာတ်ကောင်တွေကို ၂၀၁၈ ခုနှစ်ထဲမှာ ပရိသတ်တွေ တွေ့မြင်ရမှာဖြစ်ကြောင်းလည်း ဆိုပါသေးတယ်။ ”ညီမ ဒီနောက်ပိုင်း ပရိသတ်တွေ ညီမကို မမြင်ဘူးသေးတဲ့၊ ညီမကိုယ်တိုင်လည်းမရိုက်ဘူးတဲ့ ဇာတ်ကောင်ဆန်းဆန်းလေးတွေနဲ့ ရိုက်ကူးဖို့လည်းရှိတယ်။ စိတ္တဇဇာတ်ကား၊ သရဲပုံစံလေးတွေရှိမယ်” လို့ ဇာတ်ကောင်အသစ်တွေ ရိုက်ကူးသွားမယ့်အကြောင်းကိုလည်းပြောပြပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။