[Zawgyi]

အသက္ ၄၇ နွစ္ ျပည့္ ေမြးေန႔မွာအာ႐ုံဆြမ္း ကုသိုလ္ အလႉျပဳခဲ့တဲ့ မႀကီးစိုး

အသက္ ၄၇ နွစ္ျပည့္တဲ့ ၾသဂုတ္လ ၃၁ ရက္ေန႔ နံနက္မွာ အာရံုဆြမ္း ကုသိုလ္အလွဴ ျပဳခဲ့တဲ့ စိုးျမတ္သူဇာ ရဲ ႔ပံုရိပ္ေတြကို အခုလိုေတြ႕ျမင္ရပါတယ္။ စိုးျမတ္သူဇာ ဟာ ညီအစ္မေတြကိုလည္း အရမ္းကို ခ်စ္ခင္တတ္သလို အမႀကီးတစ္ေယာက္တာဝန္ေတြကိုလည္း ေက်ပြန္သူတစ္ေယာက္လို႔ ဆိုရမွာပါ။

မႀကီးစိုးလို႔ အနုပညာေလာကသားေတြကခ်စ္စနိုးေခၚၾကၿပီးေတာ့ သရုပ္ေဆာင္အနုပညာရွင္ေတြ ရဲ ႔ခ်စ္ခင္မႈကိုလည္း အျပည့္အဝရရွိထားတဲ့ မင္းသမီးႀကီးလို႕လည္း ဆိုရမွာပါ။ စိုးျမတ္သူဇာ ဟာ အခ်စ္ေရးထက္ သူမရဲ ႔အနုပညာအလုပ္ကို ခံုမင္ သူတစ္ေယာက္ျဖစ္တယ္ဆိုတာကလည္း လက္ရွိအခ်ိန္မွာ တစ္ကိုယ္တည္း ျဖစ္ေနတာကိုလည္း ၾကည့္လိုက္ရင္ သိရွိနိုင္ပါတယ္။

အသက္ ၄၆ နွစ္ျပည့္ခဲ့တဲ့ေန႕က တင္ခဲ့တဲ့ ပံုေလး ဒီေန႕ေတာ့ ၄၇ နွစ္ျပည့္ၿပီျဖစ္တဲ့ မၾကီးစိုး

အေမ နဲ႔ မိသားစုဝင္ေတြျဖစ္တဲ့ ညီအစ္မေတြကိုေတာ့ အစ္မၾကီး အမိအရာဆိုတဲ့ စကားအတိုင္း သိပ္ကိုေႏြးေထြးၿပီး ၾကင္ၾကင္နာနာရွိတတ္တဲ့ မႀကီးစိုးတစ္ေယာက္ အသက္ ၄၇ နွစ္ ကေနၿပီးေနာင္ နွစ္ ၁၀၀ တိုင္တိုင္ ခ်စ္ရတဲ့သူေတြနဲ႔ ေပ်ာ္ရႊင္စြာ ျဖတ္သန္းနိုင္ပါေစလို႕ ဆုမြန္ေကာင္းေတာင္းလိုက္ပါတယ္။

Photo Credit: Soemyat Thuzar Facebook

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

အသက် ၄၇ နှစ် ပြည့် မွေးနေ့မှာအာရုံဆွမ်း ကုသိုလ် အလှူပြုခဲ့တဲ့ မကြီးစိုး

အသက် ၄၇ နှစ်ပြည့်တဲ့ သြဂုတ်လ ၃၁ ရက်နေ့ နံနက်မှာ အာရုံဆွမ်း ကုသိုလ်အလှူ ပြုခဲ့တဲ့ စိုးမြတ်သူဇာ ရဲ့ပုံရိပ်တွေကို အခုလိုတွေ့မြင်ရပါတယ်။ စိုးမြတ်သူဇာ ဟာ ညီအစ်မတွေကိုလည်း အရမ်းကို ချစ်ခင်တတ်သလို အမကြီးတစ်ယောက်တာဝန်တွေကိုလည်း ကျေပွန်သူတစ်ယောက်လို့ ဆိုရမှာပါ။

မကြီးစိုးလို့ အနုပညာလောကသားတွေကချစ်စနိုးခေါ်ကြပြီးတော့ သရုပ်ဆောင်အနုပညာရှင်တွေ ရဲ့ချစ်ခင်မှုကိုလည်း အပြည့်အဝရရှိထားတဲ့ မင်းသမီးကြီးလို့လည်း ဆိုရမှာပါ။ စိုးမြတ်သူဇာ ဟာ အချစ်ရေးထက် သူမရဲ့အနုပညာအလုပ်ကို ခုံမင် သူတစ်ယောက်ဖြစ်တယ်ဆိုတာကလည်း လက်ရှိအချိန်မှာ တစ်ကိုယ်တည်း ဖြစ်နေတာကိုလည်း ကြည့်လိုက်ရင် သိရှိနိုင်ပါတယ်။

အသက် ၄၆ နှစ်ပြည့်ခဲ့တဲ့နေ့က တင်ခဲ့တဲ့ ပုံလေး ဒီနေ့တော့ ၄၇ နှစ်ပြည့်ပြီဖြစ်တဲ့ မကြီးစိုး

အမေ နဲ့ မိသားစုဝင်တွေဖြစ်တဲ့ ညီအစ်မတွေကိုတော့ အစ်မကြီး အမိအရာဆိုတဲ့ စကားအတိုင်း သိပ်ကိုနွေးထွေးပြီး ကြင်ကြင်နာနာရှိတတ်တဲ့ မကြီးစိုးတစ်ယောက် အသက် ၄၇ နှစ် ကနေပြီးနောင် နှစ် ၁၀၀ တိုင်တိုင် ချစ်ရတဲ့သူတွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Photo Credit: Soemyat Thuzar Facebook

ကြည်သာ (Akhayar)

www.akhayar.com