[Zawgyi]





Stella(Akhayar)

www.akhayar.com

[Unicode]

စိုးသူအကြွေးကိစ္စနဲ့ပတ်သက်ပြီး သတင်းစာကနေ နစ်နာကြေးတောင်းလိုက်တဲ့ သူမ

နိုင်ငံကျော်မင်းသမီး စိုးမြတ်နန္ဒာဟာ နိုင်ငံပိုင်သတင်းစာတစ်ခုမှာပါလာတဲ့ မင်းသားစိုးသူရဲ့ အကြွေးကိစ္စမှာ သူမရဲ့ နာမည်ကိုပါ ထည့်သွင်းကြေညာချက်ထုတ်ထားတာနဲ့ပတ်သက်ပြီး သူမနဲ့ သက်ဆိုင်မှုမရှိတာကြောင့် သတင်းစာကနေတစ်ဆင့် နစ်နာကြေးတောင်းလိုက်တယ်လို့သိရပါတယ်။

အဆိုတော်၊ဝါရင့်မင်းသားတစ်လက်ဖြစ်တဲ့ စိုးသူဟာ သူချေးယူထားတဲ့ ငွေကျပ်သိန်း ၂၀၀ ကျော်နဲ့ ကျန်ငွေ စုစုပေါင်း သိန်းပေါင်း ၃၅၀ ကျော်တို့ကို ၇ ရက်အတွင်း လာပေးဖို့အတွက် သက်ဆိုင်ရာရှေ့နေတွေကနေတဆင့် သတိပေးခံထားရတာဖြစ်ပါတယ်။ အဆိုပါအကြွေးကိစ္စနဲ့ပတ်သက်ပြီး အကယ်ဒမီ စိုးမြတ်နန္ဒာက သူမနဲ့ သက်ဆိုင်ခြင်းမရှိဘဲ သူမနာမည်ကိုပူးတွဲကြေညာတာဟာ သူမရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့အတွက် ဦးကျော်ကျော်ထွန်းဆီက နစ်နာကြေး သိန်း(၁၅၀၀၀)ကို နိုင်ငံပိုင်သတင်းစာကနေ ပြန်လည်တောင်းဆိုကြေညာချက်ထုတ်ခဲ့ပါတယ်။


Photos Credit – New Watch,Soe Myat Nandar

Stella(Akhayar)

www.akhayar.com