[Zawgyi]



Tiffany

Tiffany


Agency ရဲ့ Website

Agency ရဲ့ Website




Yoe Lu (Akhayar)

www.akhayar.com

Ref : koreaboo.com
[Unicode]

Ed Sheeranနဲ့ အေဂျင်စီ တူတူ ဖြစ်သွားပြီဖြစ်တဲ့ Girl’s Generation အဖွဲ့ဝင် Tiffany

Girl’s Generation အဖွဲ့ဝင် Tiffany တစ်ယောက် SM Entertainment ကနေ အောက်တိုဘာ ၂၀၁၇ မှာ ထွက်ခွာခဲ့အပြီးမှာ အေဂျင်စီမရှိဘဲနေခဲ့ရာက နောက်ဆုံးတော့ အေဂျင်စီအသစ်နဲ့ လက်တွဲဖို့ လက်မှတ်ထိုးလိုက်နိုင်ပါပြီ။

Tiffany

Tiffany

အမေရိကန်အခြေစိုက် Paradigm Talent Agency ရဲ့ Website ကနေပြီး Tiffany ဟာ သူတို့ရဲ့ Agency နဲ့ လက်မှတ်ထိုးလိုက်ပြီး တခြားသော နာမည်ကြီး အနုပညာရှင်တွေလိုပဲ လက်တွဲအလုပ်လုပ်မှာ ဖြစ်ပါတယ်။ သူ့ရဲ့နာမည်ကိုတော့ Tiffany Young နာမည်နဲ့ သွားမှာ ဖြစ်ပါတယ်။

Agency ရဲ့ Website

Agency ရဲ့ Website

Paradigm Talent Agency နဲ့ လက်မှတ်ထိုးထားတဲ့ တခြားနာမည်ကျော်တွေကတော့ Ed Sheeran ၊ Tiesto ၊ Jason Mraz ၊ Idina Menzel နဲ့ Imagine Dragons တို့ပဲ ဖြစ်ပါတယ်။

Tiffany ဟာ SM ကနေ ထွက်အပြီး ပထမဆုံးဂီတလှုပ်ရှားမှုအနေနဲ့ Coco Animated Movie ထဲက ‘Remember Me’ သီချင်းကို English Version နဲ့ သီဆိုပြီး တင်ပေးခဲ့ပါတယ်။

Tiffany ဟာ အခုဆိုရင် Paradigm Talent Agency နဲ့ အနုပညာခြေလှမ်းသစ်တွေ လှမ်းလျှောက်ဖို့ ရှိနေပါပြီ။

Yoe Lu (Akhayar)

www.akhayar.com

Ref : koreaboo.com