ဒီနှစ်ထဲမှာတော့ နယ်လာလန်ရဲ့လိမ္မော်ရောင်ကြယ်ပွင့်တွေ တစ်ပွင့်ပြီးတစ်ပွင့် ဘောလုံးလောကကို နှုတ်ဆက်တဲ့ အချိန်ကာလတစ်ခုလို့ ပြောရမှာပါ။ အခုဆိုရင် နယ်သာလန်အသင်းကွင်းလယ်မှာ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသခဲ့ပြီး ကစားခဲ့တဲ့ ကလပ်အသင်းတိုင်းလိုလိုနဲ့ ပုံစံကောင်းကို ပြသခဲ့တဲ့ ဆနိုက်ဒါ Sneijder ဟာ အသက်(၃၅)နှစ်အရွယ်မှာတော့ ကစားသမားဘ၀ကနေ အနားယူခဲ့ပြီဖြစ်ပါတယ်။ ဆနိုက်ဒါ ဟာ သူ့ရဲ့ကစားသမားဘ၀မှာ အေဂျက်စ် ၊ ရီးယဲလ် ၊ အင်တာမီလန် ၊ ဂါလာတာစာရေး ၊ နိုက်စ် နဲ့ Al-Gharafa အသင်းတွေမှာ ကစားခဲ့သူဖြစ်သလို ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက Al-Gharafa အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆနိုက်ဒါ ဟာ သူ့ရဲ့မွေးရပ်မြေမှာရှိတဲ့ နယ်သာလန်ကလပ် Utrecht အသင်းရဲ့ သံတမန်အဖြစ်လုပ်ကိုင်သွားမှာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

ဆနိုက်ဒါ က ” ကျွန်တော် ဒီမြို့ကိုချစ်မြတ်နိုးပါတယ်။ အခု ကျွန်တော်ကစားသမားဘငကနေ အနားယူတော့မှာပါ။ ကျွန်တော်ရဲ အတွေ့အကြုံတွေကို မျှဝေရမယ့် နေရာကောင်းတစ်ခု လိုချင်ပါတယ် ” လို့ ကလပ်အသင်းရဲ့ TV channel ကနေပြောကြားခဲ့ပါတယ်။ ဆနိုက်ဒါ နဲ့ ပတ်သက်ပြီး ပရိသတ်တွေအမှတ်ရနေမယ့် အရာကတော့ အင်တာမီလန်အသင်းနဲ့ ဖလား(၃)လုံးရရှိခဲ့တဲ့ ၂၀၀၉ – ၂၀၁၀ ဘောလုံးရာသီက သူ့ရဲ့စွမ်းဆောင်ရည်ဖြစ်ပြီး Ballon d’Or ဆုကို သူရမယ်လို့ အကုန်လုံးလိုလိုက မျှော်မှန်းခဲ့ကြပေမယ့် အံအားသင့်စရာကောင်းအောင် လွဲချော်ခဲ့သူဖြစ်ပါတယ်။ နယ်သာလန်အသင်းအတွက်တော့ ဆနိုက်ဒါ ဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ကစားပေးခဲ့ပြီး ပွဲပေါင်း(၁၃၄)ပွဲကစား (၃၁)ဂိုးသွင်းယူခဲ့ပါတယ်။

ဆနိုက်ဒါ ရဲ့ ကစားသမားဘ၀ အောင်မြင်မှုများ

Ajax

Eredivisie: 2003–04
KNVB Cup: 2005–06, 2006–07
Johan Cruyff Shield: 2006

Real Madrid

La Liga: 2007–08

Inter Milan

Serie A: 2009–10
Coppa Italia: 2009–10, 2010–11
Supercoppa Italiana: 2010
UEFA Champions League: 2009–10
FIFA Club World Cup: 2010

Galatasaray

Süper Lig: 2012–13, 2014–15
Turkish Cup: 2013–14, 2014–15, 2015–16
Turkish Super Cup: 2013, 2015, 2016

Al-Gharafa

Qatari Stars Cup: 2018–19

Netherlands

FIFA World Cup runner-up: 2010; third Place: 2014

Ref: 90 Min.com , Goal.com
Photo: Bleacher Report , General-Anzeiger Bonn , sportbible
Ko Kyue(Akhayar)
www.akhayar.com