[Zawgyi]

Snapchat ကိုေတာ့ ဖုန္းေတြေပၚမွာ သံုးေနၾကတာ သူ႔ရဲ႕ ၿပိဳင္ဖက္အျဖစ္ Facebook က MyDay Feature ကို မိတ္ဆက္လိုက္ရတဲ့အထိ ေအာင္ျမင္ပါတယ္။ ဒါေပမယ့္ Snapchat ကေတာ့ မေျပာင္းလဲသြားဘဲ ေရွ႕ဆက္ေနတုန္းပါ။ 

အခုေတာ့ Phone ေတြေပၚမွာတင္မဟုတ္ဘဲ Windows နဲ႔ macOS သံုးထားတဲ့ Computer ေတြေပၚမွာပါ Snapchat ကို သံုးလို႔ရလာေအာင္ လုပ္ေပးလာပါၿပီ။ ဒါေပမယ့္ Phone ေပၚမွာသံုးရတဲ့ Snapchat နဲ႔ တူညီေနတာမ်ိဳးမဟုတ္ဘဲ ကြာျခားေနတာေတြ ရွိေနပါေသးတယ္။ App ကိုေတာ့ Snap Camera လို႔နာမည္ေပးထားပါတယ္။ 

Camera ဆိုတဲ့အတိုင္းပဲ App က Virtual Camera အေနနဲ႔ အလုပ္လုုပ္ေပးမွာပါ။ Computer မွာ တြဲထားတဲ့ Webcam ေတြကိုသံုးၿပီး Snapchat ရဲ႕ Face Mask ေတြကို သံုးလို႔ရေအာင္ လုပ္ေပးထားတာပါ။ Snapchat ရဲ႕ Filter ေတြသံုးၿပီး Facebook Live ၊ YouTube ၊ Skype ၊ Google Hangouts နဲ႔ Twitch ေတြမွာ သံုးလို႔ရေအာင္ လုပ္ေပးထားပါတယ္။ ဥပမာ- PUBG ေဆာ့ေနရင္း LIVE လႊင့္တဲ့အခါ PUBG ဦးထုပ္ကို ေဆာင္းထားလို႔ရမွာပါ။ 

Supports Twitch Livestream

Snapchat ရဲ႕ နာမည္ႀကီး AR Face Filter ေတြကိုလည္း သံုးလို႔ရသလိုု တျခားသူေတြ ဖန္တီးေပးထားတဲ့ Filter ေတြကိုလည္း သံုးလို႔ရတာေၾကာင့္ Filter ေတြကေတာ့ ေ႐ြးစရာေတြ တစ္ပံုႀကီးရွိေနပါတယ္။ Snap Camera က AR Effect အတြက္ပဲ အလုပ္လုပ္ေပးတာျဖစ္လို႔ Snapchat Account ရွိေနစရာမလုိပါဘူး။ Facebook Live လႊင့္ရင္း သံုးမယ္ဆိုရင္ေတာ့ Camera ေနရာမွာ Snap Camera ဆိုတာကို ေ႐ြးေပးလိုက္ရင္ ရပါၿပီ။ 

Easy Setup

သံုးရတာ လြယ္ကူတာေၾကာင့္ Camera မွာ ကိုယ့္မ်က္ႏွာ အၿမဲမျပခ်င္တဲ့သူေတြနဲ႔ Camera ေၾကာက္တဲ့သူေတြအတြက္ေတာ့ အခု Snap Camera App က အဆင္ေျပေစမွာပါ။ တခ်ိဳ႕ Filter ေတြကေတာ့ မ်က္ႏွာကိုမျပင္ေပးဘဲ တျခား Background Effect ေတြကိုပဲ ထည့္ေပးတာပါ။ ဒီ Snap Camera App ကိုေတာ့ Windows နဲ႔ macOS အတြက္ ထုတ္ေပးထားတာျဖစ္ၿပီး ဒီ Link ကေန အခမဲ့ Download ရယူႏိုင္ပါတယ္။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Snapchat က Windows နဲ့ macOS အတွက် Snap Camera ကို ထုတ်ပေးလိုက်ပြီ

Snapchat ကိုတော့ ဖုန်းတွေပေါ်မှာ သုံးနေကြတာ သူ့ရဲ့ ပြိုင်ဖက်အဖြစ် Facebook က MyDay Feature ကို မိတ်ဆက်လိုက်ရတဲ့အထိ အောင်မြင်ပါတယ်။ ဒါပေမယ့် Snapchat ကတော့ မပြောင်းလဲသွားဘဲ ရှေ့ဆက်နေတုန်းပါ။ 

အခုတော့ Phone တွေပေါ်မှာတင်မဟုတ်ဘဲ Windows နဲ့ macOS သုံးထားတဲ့ Computer တွေပေါ်မှာပါ Snapchat ကို သုံးလို့ရလာအောင် လုပ်ပေးလာပါပြီ။ ဒါပေမယ့် Phone ပေါ်မှာသုံးရတဲ့ Snapchat နဲ့ တူညီနေတာမျိုးမဟုတ်ဘဲ ကွာခြားနေတာတွေ ရှိနေပါသေးတယ်။ App ကိုတော့ Snap Camera လို့နာမည်ပေးထားပါတယ်။ 

Camera ဆိုတဲ့အတိုင်းပဲ App က Virtual Camera အနေနဲ့ အလုပ်လုုပ်ပေးမှာပါ။ Computer မှာ တွဲထားတဲ့ Webcam တွေကိုသုံးပြီး Snapchat ရဲ့ Face Mask တွေကို သုံးလို့ရအောင် လုပ်ပေးထားတာပါ။ Snapchat ရဲ့ Filter တွေသုံးပြီး Facebook Live ၊ YouTube ၊ Skype ၊ Google Hangouts နဲ့ Twitch တွေမှာ သုံးလို့ရအောင် လုပ်ပေးထားပါတယ်။ ဥပမာ- PUBG ဆော့နေရင်း LIVE လွှင့်တဲ့အခါ PUBG ဦးထုပ်ကို ဆောင်းထားလို့ရမှာပါ။ 

Supports Twitch Livestream

Snapchat ရဲ့ နာမည်ကြီး AR Face Filter တွေကိုလည်း သုံးလို့ရသလိုု တခြားသူတွေ ဖန်တီးပေးထားတဲ့ Filter တွေကိုလည်း သုံးလို့ရတာကြောင့် Filter တွေကတော့ ရွေးစရာတွေ တစ်ပုံကြီးရှိနေပါတယ်။ Snap Camera က AR Effect အတွက်ပဲ အလုပ်လုပ်ပေးတာဖြစ်လို့ Snapchat Account ရှိနေစရာမလိုပါဘူး။ Facebook Live လွှင့်ရင်း သုံးမယ်ဆိုရင်တော့ Camera နေရာမှာ Snap Camera ဆိုတာကို ရွေးပေးလိုက်ရင် ရပါပြီ။ 

Easy Setup

သုံးရတာ လွယ်ကူတာကြောင့် Camera မှာ ကိုယ့်မျက်နှာ အမြဲမပြချင်တဲ့သူတွေနဲ့ Camera ကြောက်တဲ့သူတွေအတွက်တော့ အခု Snap Camera App က အဆင်ပြေစေမှာပါ။ တချို့ Filter တွေကတော့ မျက်နှာကိုမပြင်ပေးဘဲ တခြား Background Effect တွေကိုပဲ ထည့်ပေးတာပါ။ ဒီ Snap Camera App ကိုတော့ Windows နဲ့ macOS အတွက် ထုတ်ပေးထားတာဖြစ်ပြီး ဒီ Link ကနေ အခမဲ့ Download ရယူနိုင်ပါတယ်။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။