Evan Spiegel အတြက္ကေတာ့ ဘဝက သာသာယာယာျဖစ္ေနပါတယ္။ လက္ရွိအခ်ိန္မွာ Forbes မဂၢဇင္းရဲ႕ အဆိုအရ လက္ရွိအခ်ိန္မွာ ေဒၚလာ ၃ ဘီလီယံပိုင္ဆုိင္ေနျပီး လက္ရွိမွာ အသက္အငယ္ဆံုး ကုိယ့္ထူးကိုယ္ခၽြန္ ဘီလံ်နာတစ္ေယာက္ျဖစ္ေနျပီပဲျဖစ္ပါတယ္။

Evan Spiegel

ဒါေပမယ့္ Evan Spiegel တစ္ေယာက္ ဘယ္လုိမ်ိဳး ဒီလုိ ငယ္ငယ္ရြယ္ရြယ္နဲ႔ ဘီလံ်နာတစ္ေယာက္ဘယ္လုိျဖစ္လာသလဲ? သူတည္ေထာင္ခဲ့တဲ့ Snap Inc. ကုမၸဏီက ထုတ္လုပ္ခဲ့တဲ့ Snapchat App ဟာ ဆယ္ေက်ာ္သက္ေတြထဲမွာ ေရပန္းအစားဆံုးျဖစ္ေနတာေၾကာင့္လား? ဒါမွမဟုတ္ Snapchat Spectacles မ်က္မွန္ေတြေၾကာင့္ပဲလား?

Evan Spiegel ကေတာ့ အခုလုိမ်ိဳး သူ႔ဘဝ တုိးတက္လာမႈအေပၚကို တခ်ိန္တုန္းက Stanford Business Conference မွာတုန္းက ေျပာခဲ့တာတစ္ခုရွိပါတယ္။ အဲ့ဒါကေတာ့ ” ကၽြန္ေတာ္က ငယ္ရြယ္ျပီး၊ အသားျဖဴ၊ ပညာတတ္တဲ့ ေယာက်္ားေလးတစ္ေယာက္ပါ။ ကၽြန္ေတာ္ တကယ္ကို ကံေကာင္းခဲ့ျပီးေတာ့ ဘဝက မတရားခဲ့ပါဘူး” လုိ႔ ေျပာခဲ့တာျဖစ္ပါတယ္။

Evan Spiegel

အခုလုိမ်ိဳး ကံေကာင္းခဲ့တယ္လုိ႔ေျပာၾကားခဲ့တဲ့ Evan Spiegel ရဲ႕ ဘဝဇတ္ေၾကာင္းကို ျပန္ေျပာင္းေလ့လာၾကည့္ၾကတာေပါ့။

Evan Spiegel ကို ၁၉၉၀ ခုႏွစ္ ဇြန္လ ၄ ရက္ေန႔မွာ Los Angeles ျမိဳ႕၊ Malibu အေရွ႕ဘက္ျခမ္းမွာ ရွိတဲ့ Pacific Palisades မွာၾကီးျပင္းခဲ့တာျဖစ္ျပီးေတာ့ မိဘ ႏွစ္ဦးလံုးက Ivy League ကေန ပညာတတ္ေျမာက္ထားတဲ့ ေရွ႕ေနႏွစ္ေယာက္ျဖစ္ပါတယ္။ Spiegel တစ္ေယာက္ အထက္တန္းေက်ာင္းတက္ေနတဲ့အခ်ိန္မွာေတာ့ မိဘေတြက ကြာရွင္းခဲ့ၾကပါတယ္။

Spiegel တစ္ေယာက္ အသက္ ၁၆ ႏွစ္ျပည့္တဲ့အခ်ိန္၊ ကားေမာင္းလုိင္စင္ရတာနဲ႔ Cadillac Escalade SUV ကားၾကီးကို ရရွိခဲ့ျပီး အဲ့ဒီကားကို သူရဲ႕ ေက်ာင္းေဘးမွာရွိတဲ့ Edison Parking Lot မွာ ရပ္ထားေလ့ရွိတာျဖစ္ပါတယ္။

Spiegel တို႔မိသားစုဟာ နဂိုထဲက ေငြေၾကးခ်မ္းသာျပီးေတာ့ Exclusive Club ေတြျဖစ္တဲ့ Jonathan Club၊ Santa Monica and the La Jolla Beach နဲ႔ Tennis Club လုိမ်ိဳး Club ေတြရဲ႕ Member ေတြလည္းျဖစ္ေနပါတယ္။ သူတို႔က ဥေရာပကို မၾကာခဏခရီးေတြထြက္ေနၾကျပီး ကေနဒါမွာလည္း ရဟတ္ယာဥ္နဲ႔ Snowboarding လုပ္ေလ့ရွိတယ္လုိ႔ သိရပါတယ္။ Evan Spiegel က အခုဘဝကိုလည္း “ကၽြန္ေတာ္တို႔က ပူစီေပါင္းဘဝထဲမွာ ေနထုိင္ခဲ့ၾကတာပါ” လို႔ ေျပာၾကားခဲ့ပါေသးတယ္။

Evan Spiegel & Bobby Murphy

Spiegel ဟာေနာက္ပိုင္းမွာ Stanford မွာ Product Design ေလ့လာခဲ့ျပီး အဲ့ဒီမွာ ေနာက္ပိုင္း Snapchat ရဲ႕ Co-founders ေတြျဖစ္လာမယ့္ Reggie Brown နဲ႔ Bobby Murphy ကို ေတြ႕ခဲ့တာျဖစ္ပါတယ္။ အခုလုိမ်ိဳး Snapchat ကို ျပဳလုပ္ျဖစ္တဲ့အေပၚကိုလည္း Murphy က Forbes မဂၢဇင္းကို “ကၽြန္ေတာ္တုိ႔က မလန္းပါဘူး၊ အဲ့ဒီေတာ့ ကၽြန္ေတာ္တုိ႔ အရမ္းမိုက္ျပီး လန္းေနတဲ့ အရာေတြကို ျပဳလုပ္ဖုိ႔ ၾကိဳးစားခဲ့တာပါ” လုိ႔ ေျပာၾကားခဲ့ပါတယ္။

Spiegel ဟာ ေနာက္ပိုင္းမွာေတာ့ Stanford ကေန ဘြဲ႕မယူခင္ အခ်ိန္အနည္းငယ္အလုိမွာပဲ ထြက္ခြာခဲ့ျပီးေတာ့ Snapchat ကို အခ်ိန္ျပည့္ေပးႏုိင္ဖုိ႔ အာရုံစိုက္ခဲ့တာျဖစ္ပါတယ္။ သူတို႔အဖြဲ႕ဟာ ၂၀၁၂ ခုႏွစ္မွာ ပထမဆံုးအေနနဲ႔ ေပးပို႔ျပီးတာနဲ႔ ေပ်ာက္ကြယ္သြားတဲ့ Messaging App တစ္ခုျဖစ္တဲ့ Picaboo ကို ျပဳလုပ္ခဲ့ပါတယ္။ Snapchat ရဲ႕ ပထမဆံုး ရုံးခ်ဴပ္ကေတာ့ Palisades မွာရွိတဲ့ Spiegel ရဲ႕ ဖခင္ေနအိမ္မွာပဲျဖစ္ါတယ္။

ေနာက္ပိုင္းမွာ Snapchat ကုမၸဏီရုံးခန္းကို Venice Boardwalk ဘက္ကို ေရြ႕ေျပာင္းခဲ့ေပမယ့္လည္း Spiegel ကေတာ့ သူ႔ဖခင္အိမ္မွာပဲ ႏွစ္အေတာ္ၾကာဆက္ေနခဲ့ျပီးေတာ့ အခုလုိေနတာကလည္း “ဌားရမ္းခ သက္သာလုိ႔” ဆုိျပီးေျပာၾကားခဲ့ဖူးပါတယ္။

ဒါေပမယ့္လည္း ႏုိဝင္ဘာလ ၂၀၁၄ ခုႏွစ္မွာေတာ့ Spiegel က သူ႕ဖခင္အိမ္ကေန ေရႊ႕ေျပာင္းခဲ့ျပီးေတာ့ Brentwood မွာ ေဒၚလာ ၃.၃ သန္းတန္ အိပ္ခန္း ၃ ခန္းပါ ေနအိမ္ကို ဝယ္ယူခဲ့ပါတယ္။

Snapchat ဟာ အဲ့ဒီအခ်ိန္ထဲက ေအာင္ျမင္ေနတာျဖစ္ျပီးေတာ့ ၂၀၁၃ ခုႏွစ္တုန္းကဆုိရင္ Facebook CEO Mark Zuckerberg ရဲ႕ ေဒၚလာ ၃ ဘီလီယံနဲ႔ ဝယ္ယူမႈကို ျငင္းပယ္ခဲ့တဲ့အတြက္ နာမည္ၾကီးခဲ့ပါေသးတယ္။

Evan Spiegel က ဇြန္လ ၂၀၁၅ မွာေတာ့ Funding အၾကီးအက်ယ္ရရွိခဲ့ျပီး Spiegel ကိုယ္တုိင္ သူကိုယ္တိုင္အတြက္ Ferrari ျပိဳင္ကားတစ္စီးဝယ္ယူခဲ့ပါေသးတယ္။ ဒါတင္မဟုတ္ေသးပဲ Spiegel ဟာ Pop Superstar Taylor Swift နဲ႔လည္း ကာလတုိတြဲခဲ့ေသးတယ္လုိ႔ သိရျပီးေတာ့ သူတို႔ ၂ ေယာက္က ဒီဇင္ဘာလ ၂၀၁၃ ခုႏွစ္တုန္းက New Year’s Eve Party မွာ စေတြ႕ခဲ့တာလုိ႔လည္း သတင္းေတြထြက္ခဲ့ပါတယ္။

Evan Spiegel & Miranda Kerr

ဒါေပမယ့္လည္း Spiegel က ၂၀၁၅ ခုႏွစ္ ေႏြရာသီမွာ Supermodel Miranda Kerr နဲ႔ တြဲေနတာကို ေၾကညာခဲ့ျပီးေတာ့ ေမလ ၂၀၁၆ မွာဆိုရင္ သူတို႔အတြဲက Harrison Ford ပိုင္ဆိုင္တဲ့ စတုရန္းေပ ၇၁၆၄ ေပရွိတဲ့ ေနအိမ္ကိုလည္း ေဒၚလာ ၁၂ သန္းနဲ႔ ဝယ္ယူခဲ့ပါတယ္။ အဲ့ဒီေနာက္ပိုင္း ဇူလိုင္လ ၂၀၁၆ မွာေတာ့ သူတို႔ ႏွစ္ေယက္က ေစ့စပ္ျပီးျဖစ္တယ္ဆုိတာ ေၾကညာခဲ့ျပန္ပါတယ္။

Evan Spiegel & Miranda Kerr Engagement

အဆုိပါ ၂၀၁၆ ခုႏွစ္ စက္တင္ဘာလမွာပဲ Snapchat ကို Snap Inc. လုိ႔ နာမည္ေျပာင္းခဲ့ျပီးေတာ့ ကုမၸဏီကိုလည္း Camera Company အျဖစ္ ခံယူခဲ့ပါတယ္။ အဲ့ဒီမွာပဲ Camera တပ္ဆင္ထားတဲ့ Snapchat Spectacles ေနကာမ်က္မွန္ေတြကိုပါ ထုတ္ျပခဲ့တာျဖစ္ပါတယ္။

Spiegel ဟာ သူရဲ႕ စီးပြားေရးလုပ္ငန္းေတြမွာ သိုသပ္မႈကို အလြန္တန္ဖုိးထားတဲ့သူတစ္ေယာက္ျဖစ္ျပီးေတာ့ တစ္ခါတေလမွာ Snap Inc. ရဲ႕ အလုပ္သမားေတြကိုယ္တုိင္ေတာင္ အမ်ားျပည္သူကို တရားဝင္မေၾကညာခင္အထိ ကုမၸဏီက ဘယ္ Product ေတြကို ျပဳလုပ္ေနသလဲဆုိတာကို မသိတဲ့အထိကို သိုသိုသပ္သပ္ အလုပ္လုပ္တာပဲျဖစ္ပါတယ္။

အခုအခ်ိန္မွာ Spiegel ရဲ႕ Snapchat App ဟာ လူငယ္ေတြၾကားထဲမွာ ေရပန္းစားေနဆဲပဲျဖစ္ျပီးေတာ့ Mark Zuckerberg ပုိင္ဆိုင္တဲ့ Facebook နဲ႔ Instagram App ေတြကေတာ့ Snapchat Stories လုိမ်ိဳး Features ေတြကို ကူးယူေနၾကတဲ့အထိ ျဖစ္ေနပါျပီ။

Evan Spiegel

ဘာပဲျဖစ္ျဖစ္ အသက္ ၂၈ ႏွစ္အရြယ္နဲ႔ ဘီလံ်နာတစ္ေယာက္ျဖစ္လာတဲ့ Evan Spiegel က တကယ္ သူေျပာခဲ့သလုိပဲ ကံအရမ္းေကာင္းျပီး အခုလုိ ဘီလံနာတစ္ေယာက္ျဖစ္လာခဲ့တယ္ဆုိရင္ေတာင္ အခု Tech Industry ထဲမွာ အေအာင္ျမင္ဆံုး CEO တစ္ေယာက္ျဖစ္ေနတယ္ဆုိတာကိုေတာ့ ျငင္းလို႔မရတဲ့အခ်က္တစ္ခုပါ။

Ref : Inc. | Wikipedia

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Evan Spiegel အတွက်ကတော့ ဘဝက သာသာယာယာဖြစ်နေပါတယ်။ လက်ရှိအချိန်မှာ Forbes မဂ္ဂဇင်းရဲ့ အဆိုအရ လက်ရှိအချိန်မှာ ဒေါ်လာ ၃ ဘီလီယံပိုင်ဆိုင်နေပြီး လက်ရှိမှာ အသက်အငယ်ဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလံျနာတစ်ယောက်ဖြစ်နေပြီပဲဖြစ်ပါတယ်။

Evan Spiegel

ဒါပေမယ့် Evan Spiegel တစ်ယောက် ဘယ်လိုမျိုး ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ ဘီလံျနာတစ်ယောက်ဘယ်လိုဖြစ်လာသလဲ? သူတည်ထောင်ခဲ့တဲ့ Snap Inc. ကုမ္ပဏီက ထုတ်လုပ်ခဲ့တဲ့ Snapchat App ဟာ ဆယ်ကျော်သက်တွေထဲမှာ ရေပန်းအစားဆုံးဖြစ်နေတာကြောင့်လား? ဒါမှမဟုတ် Snapchat Spectacles မျက်မှန်တွေကြောင့်ပဲလား?

Evan Spiegel ကတော့ အခုလိုမျိုး သူ့ဘဝ တိုးတက်လာမှုအပေါ်ကို တချိန်တုန်းက Stanford Business Conference မှာတုန်းက ပြောခဲ့တာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ” ကျွန်တော်က ငယ်ရွယ်ပြီး၊ အသားဖြူ၊ ပညာတတ်တဲ့ ယောကျ်ားလေးတစ်ယောက်ပါ။ ကျွန်တော် တကယ်ကို ကံကောင်းခဲ့ပြီးတော့ ဘဝက မတရားခဲ့ပါဘူး” လို့ ပြောခဲ့တာဖြစ်ပါတယ်။

Evan Spiegel

အခုလိုမျိုး ကံကောင်းခဲ့တယ်လို့ပြောကြားခဲ့တဲ့ Evan Spiegel ရဲ့ ဘဝဇတ်ကြောင်းကို ပြန်ပြောင်းလေ့လာကြည့်ကြတာပေါ့။

Evan Spiegel ကို ၁၉၉၀ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ Los Angeles မြို့၊ Malibu အရှေ့ဘက်ခြမ်းမှာ ရှိတဲ့ Pacific Palisades မှာကြီးပြင်းခဲ့တာဖြစ်ပြီးတော့ မိဘ နှစ်ဦးလုံးက Ivy League ကနေ ပညာတတ်မြောက်ထားတဲ့ ရှေ့နေနှစ်ယောက်ဖြစ်ပါတယ်။ Spiegel တစ်ယောက် အထက်တန်းကျောင်းတက်နေတဲ့အချိန်မှာတော့ မိဘတွေက ကွာရှင်းခဲ့ကြပါတယ်။

Spiegel တစ်ယောက် အသက် ၁၆ နှစ်ပြည့်တဲ့အချိန်၊ ကားမောင်းလိုင်စင်ရတာနဲ့ Cadillac Escalade SUV ကားကြီးကို ရရှိခဲ့ပြီး အဲ့ဒီကားကို သူရဲ့ ကျောင်းဘေးမှာရှိတဲ့ Edison Parking Lot မှာ ရပ်ထားလေ့ရှိတာဖြစ်ပါတယ်။

Spiegel တို့မိသားစုဟာ နဂိုထဲက ငွေကြေးချမ်းသာပြီးတော့ Exclusive Club တွေဖြစ်တဲ့ Jonathan Club၊ Santa Monica and the La Jolla Beach နဲ့ Tennis Club လိုမျိုး Club တွေရဲ့ Member တွေလည်းဖြစ်နေပါတယ်။ သူတို့က ဥရောပကို မကြာခဏခရီးတွေထွက်နေကြပြီး ကနေဒါမှာလည်း ရဟတ်ယာဉ်နဲ့ Snowboarding လုပ်လေ့ရှိတယ်လို့ သိရပါတယ်။ Evan Spiegel က အခုဘဝကိုလည်း “ကျွန်တော်တို့က ပူစီပေါင်းဘဝထဲမှာ နေထိုင်ခဲ့ကြတာပါ” လို့ ပြောကြားခဲ့ပါသေးတယ်။

Evan Spiegel & Bobby Murphy

Spiegel ဟာနောက်ပိုင်းမှာ Stanford မှာ Product Design လေ့လာခဲ့ပြီး အဲ့ဒီမှာ နောက်ပိုင်း Snapchat ရဲ့ Co-founders တွေဖြစ်လာမယ့် Reggie Brown နဲ့ Bobby Murphy ကို တွေ့ခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး Snapchat ကို ပြုလုပ်ဖြစ်တဲ့အပေါ်ကိုလည်း Murphy က Forbes မဂ္ဂဇင်းကို “ကျွန်တော်တို့က မလန်းပါဘူး၊ အဲ့ဒီတော့ ကျွန်တော်တို့ အရမ်းမိုက်ပြီး လန်းနေတဲ့ အရာတွေကို ပြုလုပ်ဖို့ ကြိုးစားခဲ့တာပါ” လို့ ပြောကြားခဲ့ပါတယ်။

Spiegel ဟာ နောက်ပိုင်းမှာတော့ Stanford ကနေ ဘွဲ့မယူခင် အချိန်အနည်းငယ်အလိုမှာပဲ ထွက်ခွာခဲ့ပြီးတော့ Snapchat ကို အချိန်ပြည့်ပေးနိုင်ဖို့ အာရုံစိုက်ခဲ့တာဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ၂၀၁၂ ခုနှစ်မှာ ပထမဆုံးအနေနဲ့ ပေးပို့ပြီးတာနဲ့ ပျောက်ကွယ်သွားတဲ့ Messaging App တစ်ခုဖြစ်တဲ့ Picaboo ကို ပြုလုပ်ခဲ့ပါတယ်။ Snapchat ရဲ့ ပထမဆုံး ရုံးချူပ်ကတော့ Palisades မှာရှိတဲ့ Spiegel ရဲ့ ဖခင်နေအိမ်မှာပဲဖြစ်ါတယ်။

နောက်ပိုင်းမှာ Snapchat ကုမ္ပဏီရုံးခန်းကို Venice Boardwalk ဘက်ကို ရွေ့ပြောင်းခဲ့ပေမယ့်လည်း Spiegel ကတော့ သူ့ဖခင်အိမ်မှာပဲ နှစ်အတော်ကြာဆက်နေခဲ့ပြီးတော့ အခုလိုနေတာကလည်း “ဌားရမ်းခ သက်သာလို့” ဆိုပြီးပြောကြားခဲ့ဖူးပါတယ်။

ဒါပေမယ့်လည်း နိုဝင်ဘာလ ၂၀၁၄ ခုနှစ်မှာတော့ Spiegel က သူ့ဖခင်အိမ်ကနေ ရွှေ့ပြောင်းခဲ့ပြီးတော့ Brentwood မှာ ဒေါ်လာ ၃.၃ သန်းတန် အိပ်ခန်း ၃ ခန်းပါ နေအိမ်ကို ဝယ်ယူခဲ့ပါတယ်။

Snapchat ဟာ အဲ့ဒီအချိန်ထဲက အောင်မြင်နေတာဖြစ်ပြီးတော့ ၂၀၁၃ ခုနှစ်တုန်းကဆိုရင် Facebook CEO Mark Zuckerberg ရဲ့ ဒေါ်လာ ၃ ဘီလီယံနဲ့ ဝယ်ယူမှုကို ငြင်းပယ်ခဲ့တဲ့အတွက် နာမည်ကြီးခဲ့ပါသေးတယ်။

Evan Spiegel က ဇွန်လ ၂၀၁၅ မှာတော့ Funding အကြီးအကျယ်ရရှိခဲ့ပြီး Spiegel ကိုယ်တိုင် သူကိုယ်တိုင်အတွက် Ferrari ပြိုင်ကားတစ်စီးဝယ်ယူခဲ့ပါသေးတယ်။ ဒါတင်မဟုတ်သေးပဲ Spiegel ဟာ Pop Superstar Taylor Swift နဲ့လည်း ကာလတိုတွဲခဲ့သေးတယ်လို့ သိရပြီးတော့ သူတို့ ၂ ယောက်က ဒီဇင်ဘာလ ၂၀၁၃ ခုနှစ်တုန်းက New Year’s Eve Party မှာ စတွေ့ခဲ့တာလို့လည်း သတင်းတွေထွက်ခဲ့ပါတယ်။

Evan Spiegel & Miranda Kerr

ဒါပေမယ့်လည်း Spiegel က ၂၀၁၅ ခုနှစ် နွေရာသီမှာ Supermodel Miranda Kerr နဲ့ တွဲနေတာကို ကြေညာခဲ့ပြီးတော့ မေလ ၂၀၁၆ မှာဆိုရင် သူတို့အတွဲက Harrison Ford ပိုင်ဆိုင်တဲ့ စတုရန်းပေ ၇၁၆၄ ပေရှိတဲ့ နေအိမ်ကိုလည်း ဒေါ်လာ ၁၂ သန်းနဲ့ ဝယ်ယူခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ဇူလိုင်လ ၂၀၁၆ မှာတော့ သူတို့ နှစ်ယေက်က စေ့စပ်ပြီးဖြစ်တယ်ဆိုတာ ကြေညာခဲ့ပြန်ပါတယ်။

Evan Spiegel & Miranda Kerr Engagement

အဆိုပါ ၂၀၁၆ ခုနှစ် စက်တင်ဘာလမှာပဲ Snapchat ကို Snap Inc. လို့ နာမည်ပြောင်းခဲ့ပြီးတော့ ကုမ္ပဏီကိုလည်း Camera Company အဖြစ် ခံယူခဲ့ပါတယ်။ အဲ့ဒီမှာပဲ Camera တပ်ဆင်ထားတဲ့ Snapchat Spectacles နေကာမျက်မှန်တွေကိုပါ ထုတ်ပြခဲ့တာဖြစ်ပါတယ်။

Spiegel ဟာ သူရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ သိုသပ်မှုကို အလွန်တန်ဖိုးထားတဲ့သူတစ်ယောက်ဖြစ်ပြီးတော့ တစ်ခါတလေမှာ Snap Inc. ရဲ့ အလုပ်သမားတွေကိုယ်တိုင်တောင် အများပြည်သူကို တရားဝင်မကြေညာခင်အထိ ကုမ္ပဏီက ဘယ် Product တွေကို ပြုလုပ်နေသလဲဆိုတာကို မသိတဲ့အထိကို သိုသိုသပ်သပ် အလုပ်လုပ်တာပဲဖြစ်ပါတယ်။

အခုအချိန်မှာ Spiegel ရဲ့ Snapchat App ဟာ လူငယ်တွေကြားထဲမှာ ရေပန်းစားနေဆဲပဲဖြစ်ပြီးတော့ Mark Zuckerberg ပိုင်ဆိုင်တဲ့ Facebook နဲ့ Instagram App တွေကတော့ Snapchat Stories လိုမျိုး Features တွေကို ကူးယူနေကြတဲ့အထိ ဖြစ်နေပါပြီ။

Evan Spiegel

ဘာပဲဖြစ်ဖြစ် အသက် ၂၈ နှစ်အရွယ်နဲ့ ဘီလံျနာတစ်ယောက်ဖြစ်လာတဲ့ Evan Spiegel က တကယ် သူပြောခဲ့သလိုပဲ ကံအရမ်းကောင်းပြီး အခုလို ဘီလံနာတစ်ယောက်ဖြစ်လာခဲ့တယ်ဆိုရင်တောင် အခု Tech Industry ထဲမှာ အအောင်မြင်ဆုံး CEO တစ်ယောက်ဖြစ်နေတယ်ဆိုတာကိုတော့ ငြင်းလို့မရတဲ့အချက်တစ်ခုပါ။

Ref : Inc. | Wikipedia

Zawyè (Akhayar) 

www.akhayar.com