တကယ္လုိ႔ ဓါတ္ပံုရုိက္တာကို ဝါသနာပါျပီးေတာ့ ကိုယ္ရုိက္ထားတဲ့ ဓါတ္ပံုေတြကိုလည္း Facebook ၊ Instagram မွာ မဟုတ္ပဲ သီးျခား High Quality Photo Sharing Website တစ္ခုမွာ Share ခ်င္တယ္ဆုိတဲ့သူေတြကေတာ့ Flickr ကို ရင္းႏွီးျပီးျဖစ္မွာပါ။

Flickr

Flickr ဟာ ျပီးခဲ့တဲ့ ၂၀၀၅ ခုႏွစ္တုန္းက Yahoo ကေန ေဒၚလာ ၃၅ သန္းနဲ႔ ဝယ္ယူထားခဲ့တာျဖစ္ျပီးေတာ့ ဝယ္ယူျပီးခဲ့အခ်ိန္ကေန အခုအခ်ိန္အထိကို Features ေတြနဲ႔ Design ေျပာင္းလဲမႈေတြ ေရေရရာရာမလုပ္ႏုိင္ခဲ့ပဲ Flickr ကို အသံုးျပဳသူေတြအခ်ိဳ႕ကို ေလ်ာ႔က်ေစခဲ့တာပဲျဖစ္ပါတယ္။ ျပီးခဲ့တဲ့ႏွစ္ကလည္း Verizon ကုမၸဏီကေန Flickr ကို ေဒၚလာ ၄.၅ ဘီလီယံနဲ႔ ဝယ္ယူဖုိ႔ ၾကိဳးစားခဲ့ေပမယ့္လည္း Flickr က ျငင္းပယ္ခဲ့ပါတယ္။

ဒါေပမယ့္ Flickr ဟာ အခုဆိုရင္ Professional Photo Hosting & Sharing Service တစ္ခုျဖစ္တဲ့ SmugMug ရဲ႕ ဝယ္ယူမႈကို ခံလုိက္ရျပီပဲျဖစ္ပါတယ္။ ျပီးခဲ့တဲ့့ႏွစ္တုန္းက Verizon ရဲ႕ ေဒၚလာ ၄.၅ ဘီလီယံနဲ႔ ဝယ္ယူမႈကိုေတာင္ ပယ္ခ်ခဲ့တယ္ဆုိေတာ့ အခု SmugMug ရဲ႕ ေဖာ္ျပျခင္းမရွိတဲ့ပမာဏက Verizon ကေန ဝယ္ယူဖို႔ၾကိဳးစားတဲ့ ေဒၚလာ ၄.၅ ဘီလီယံထက္ေတာင္ မ်ားျပားေနသလားဆုိတာကေတာ့ စိတ္ဝင္စားစရာပါ။

SmugMug

ဘာပဲျဖစ္ျဖစ္ SmugMug ကေန အခုလုိမ်ိဳး Flickr ကို ဝယ္ယူလုိက္တဲ့အတြက္ Flickr အေနနဲ႔ ပိုင္ရွင္မွန္ကို ရရွိသြားတယ္လုိ႔ ဆိုႏုိင္မွာျဖစ္ျပီးေတာ့ SmugMug ရဲ႕ CEO ျဖစ္တဲ့ Don MacAskill ကလည္း Flickr ဟာ ယခုႏွစ္ေတြထဲမွာ အင္တာနက္ရဲ႕ ရုိက္ခက္မႈေတြထဲမွာ လိမ့္လူးေနခဲ့ရတာျဖစ္ျပီးေတာ့ အခုအခ်ိန္ကစျပီးေတာ့ ျပန္လည္ေအာင္ျမင္ေအာင္ ျပဳလုပ္သြားမွာျဖစ္တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

SmugMug ဟာ Flickr ကို ယခုအတုိင္းပဲ Standalone Community အေနနဲ႔ပဲ ဆက္လက္ထားရွိသြားမွာျဖစ္ျပီးေတာ့ ယခင္ကထက္ပိုမိုတဲ့ Resource ေတြနဲ႔ စိတ္ဝင္စားမႈေတြပိုျပီးရရွိသြားေအာင္ ျပဳလုပ္သြားမွာပဲျဖစ္ပါတယ္။

Flickr

ဘာပဲျဖစ္ျဖစ္ Flickr က ျပန္ျပီး ေခါင္းေမာ့လာႏုိင္ဖုိ႔ကေတာ့ အခ်ိန္သိပ္မလုိေတာ့ဘူးလုိ႔ပဲ ေျပာရမွာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

တကယ်လို့ ဓါတ်ပုံရိုက်တာကို ဝါသနာပါပြီးတော့ ကိုယ်ရိုက်ထားတဲ့ ဓါတ်ပုံတွေကိုလည်း Facebook ၊ Instagram မှာ မဟုတ်ပဲ သီးခြား High Quality Photo Sharing Website တစ်ခုမှာ Share ချင်တယ်ဆိုတဲ့သူတွေကတော့ Flickr ကို ရင်းနှီးပြီးဖြစ်မှာပါ။

Flickr

Flickr ဟာ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်တုန်းက Yahoo ကနေ ဒေါ်လာ ၃၅ သန်းနဲ့ ဝယ်ယူထားခဲ့တာဖြစ်ပြီးတော့ ဝယ်ယူပြီးခဲ့အချိန်ကနေ အခုအချိန်အထိကို Features တွေနဲ့ Design ပြောင်းလဲမှုတွေ ရေရေရာရာမလုပ်နိုင်ခဲ့ပဲ Flickr ကို အသုံးပြုသူတွေအချို့ကို လျော့ကျစေခဲ့တာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း Verizon ကုမ္ပဏီကနေ Flickr ကို ဒေါ်လာ ၄.၅ ဘီလီယံနဲ့ ဝယ်ယူဖို့ ကြိုးစားခဲ့ပေမယ့်လည်း Flickr က ငြင်းပယ်ခဲ့ပါတယ်။

ဒါပေမယ့် Flickr ဟာ အခုဆိုရင် Professional Photo Hosting & Sharing Service တစ်ခုဖြစ်တဲ့ SmugMug ရဲ့ ဝယ်ယူမှုကို ခံလိုက်ရပြီပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက Verizon ရဲ့ ဒေါ်လာ ၄.၅ ဘီလီယံနဲ့ ဝယ်ယူမှုကိုတောင် ပယ်ချခဲ့တယ်ဆိုတော့ အခု SmugMug ရဲ့ ဖော်ပြခြင်းမရှိတဲ့ပမာဏက Verizon ကနေ ဝယ်ယူဖို့ကြိုးစားတဲ့ ဒေါ်လာ ၄.၅ ဘီလီယံထက်တောင် များပြားနေသလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။

SmugMug

ဘာပဲဖြစ်ဖြစ် SmugMug ကနေ အခုလိုမျိုး Flickr ကို ဝယ်ယူလိုက်တဲ့အတွက် Flickr အနေနဲ့ ပိုင်ရှင်မှန်ကို ရရှိသွားတယ်လို့ ဆိုနိုင်မှာဖြစ်ပြီးတော့ SmugMug ရဲ့ CEO ဖြစ်တဲ့ Don MacAskill ကလည်း Flickr ဟာ ယခုနှစ်တွေထဲမှာ အင်တာနက်ရဲ့ ရိုက်ခက်မှုတွေထဲမှာ လိမ့်လူးနေခဲ့ရတာဖြစ်ပြီးတော့ အခုအချိန်ကစပြီးတော့ ပြန်လည်အောင်မြင်အောင် ပြုလုပ်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

SmugMug ဟာ Flickr ကို ယခုအတိုင်းပဲ Standalone Community အနေနဲ့ပဲ ဆက်လက်ထားရှိသွားမှာဖြစ်ပြီးတော့ ယခင်ကထက်ပိုမိုတဲ့ Resource တွေနဲ့ စိတ်ဝင်စားမှုတွေပိုပြီးရရှိသွားအောင် ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။

Flickr

ဘာပဲဖြစ်ဖြစ် Flickr က ပြန်ပြီး ခေါင်းမော့လာနိုင်ဖို့ကတော့ အချိန်သိပ်မလိုတော့ဘူးလို့ပဲ ပြောရမှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com