[Zawgyi]

ကၽြန္ေတာ္တို႔ႏိုင္ငံမွာ ေယာက်ၤားေလးအမ်ားစုက စီးကရက္ကို ႏွစ္ႏွစ္သက္သက္ေသာက္ၾကပါတယ္။ စီးကရက္ေသာက္ျခင္းေၾကာင့္ က်န္းမာေရးဆိုးက်ဳိးေတြ ျဖစ္ႏိုင္တယ္ဆိုတာကိုလည္း ကၽြန္ေတာ္တို႔ သိထားခဲ့ၿပီးျဖစ္ပါတယ္။ ကမာၻေပၚမွာ ေဆးလိပ္ေသာက္တဲ့လူေပါင္း သန္းတစ္ေထာင္ေက်ာ္ရွိၿပီး ေဆးလိပ္နဲ႔ ေဆးရြက္ႀကီးေၾကာင့္ ႏွစ္စဥ္လူေပါင္း သန္း ၅၀၀ ခန္႔ ေသဆံုးေနၾကရပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႔ရဲ႕အဆိုအရ ေဆးရြက္ႀကီးနဲ႔ဆက္စပ္ေနတဲ့ ေရာဂါေတြေၾကာင့္ ေျခာက္စကၠန္႔တိုင္းမွာ လူတစ္ေယာက္ႏႈန္းနဲ႔ ေသဆံုးေနရတယ္လုိ႔ ဆိုပါတယ္။

ခုေနာက္ပိုင္းမွာေတာ့ ရိုးရိုးစီးကရက္ေတြေနရာမွာ E-cigarette လို႔ေခၚတဲ့ Electronic-cigarette ေဆးလိပ္ေတြဟာ လူငယ္ေတြၾကားမွာ ပ်ံ႕ႏွံ႔လာတာကိုေတြ႔ရပါတယ္။ E-cigarette ဆိုတာကေတာ့ သာမန္စီးကရက္ေတြလို မီးညွိစရာမလိုဘဲ စီးကရက္ေသာက္ရတဲ့အရသာမ်ဳိးေပးႏိုင္တဲ့ဘတၳရီ ဒါမွမဟုတ္ ဓါတ္ခဲကိုသံုးထားတဲ့ အီလက္ထေရာနစ္ပစၥည္းတစ္မ်ဳိးျဖစ္ပါတယ္။ ဒီပစၥည္းေတြဟာ သူတို႔ထဲမွာထည့္ထားတဲ့ အရည္တစ္မ်ဳိးကို အပူေပးျခင္းကေန အသံုးျပဳသူေတြရႈရႈိက္ဖို႔ တကယ့္ေဆးလိပ္ေငြ႔နဲ႔တူတဲ့ အေငြ႔တစ္မ်ဳိးကို ထုတ္လုပ္ေပးပါတယ္။

E-liquid လို႔ေခၚတဲ့ E-cigarette ထဲမွာပါတဲ့အရည္ကို NicotinePropylene Glycol၊ Glycerine နဲ႔ တျခားပစၥည္းေလးေတြ ပါဝင္ပါတယ္။ ဒါေပမယ့္ E-cigarette တိုင္းမွာေတာ့ Nicotine မပါပါဘူး။ E-cigarette ေတြကိုေသာက္ျခင္းဟာ ရိုးရိုးစီကရက္ကိုေသာက္သေလာက္ က်န္းမာေရးဆိုးက်ဳိးမရွိႏိုင္ဘူးလို႔ ကၽြန္ေတာ္တို႔ နားလည္ထားၾကပါတယ္။ E-cigarette ကိုေသာက္တာဟာ သာမန္စီးကရက္ေတြကိုေသာက္သေလာက္ က်န္းမာေရးဆိုးက်ဳိးမရွိပါဘူး။ ဒါေပမဲ႔ ဒီစီးကရက္ေတြဟာ ေဆးရြက္ႀကီးကို လူေတြဆီေရာက္ေအာင္ ဆြဲေဆာင္မႈရွိတဲ့ ေနာက္ထပ္ပံုစံတစ္မ်ဳိးနဲ႔ ထုတ္လုပ္ထားတဲ့ပစၥည္းတစ္ခုျဖစ္တဲ့အတြက္ေၾကာင့္ ဘယ္လိုပဲျဖစ္ျဖစ္ က်န္းမာေရးကို ထိခိုက္ေစမွာပါ။ ဒါ့အျပင္ ဒီစီးကရက္ေတြဟာ ဆန္းသစ္တဲ့ပံုစံရွိၾကၿပီး အရသာအမ်ဳိးမ်ဳိးရွိတာေၾကာင့္ ပိုၿပီးေသာက္မိဖို႔ ရာခိုင္ႏႈန္းမ်ားပါတယ္။

ေနာက္ၿပီး E-cigarette ေတြကို ေသာက္ျခင္းအားျဖင့္ လူငယ္ေတြဟာ ကိုယ့္ကိုယ္ကိုေခတ္မွီတယ္လုိ႔ အထင္ေရာက္ေစတဲ့အတြက္ သက္ႀကီးပိုင္းေတြမွာေသာက္တာမေတြ႔ရဘဲ အသစ္အဆန္းေလးေတြကို စိတ္ဝင္စားတတ္တဲ့ လူငယ္ေတြေသာက္တာကို အမ်ားဆံုးျမင္ၾကရတာပါ။ ဒီစီးကရက္ေတြဟာ စတိုးဆိုင္ေတြနဲ႔ တျခားေရာင္းခ်တဲ့ေနရာေတြမွာ ေရာင္းခ်မႈနည္းေနေသးေပမယ္လုိ႔ အင္တာနက္လူမႈကြန္ယက္ေတြမွာေတာ့ က်ယ္က်ယ္ျပန္႔ျပန္႔ေစ်းကြက္ကို ခ်ဲ႕ထြင္ေနၾကၿပီျဖစ္ပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႔ရဲ႕အဆိုအရ ဒီစီးကရက္ေတြဟာ နီကိုတင္းဓါတ္နဲ႔ ေဆးရြက္ႀကီးကရတဲ့ စြဲလန္းေစတဲ့ပစၥည္းေတြကို ထုတ္လႊတ္ေပးပါတယ္လုိ႔ ဆိုပါတယ္။ ဒါ့ေၾကာင့္ ေသာက္သံုးမိတဲ့အခါမွာ ဦးေႏွာက္ဖြံ႔ၿဖိဳးမႈနဲ႔သက္ဆိုင္တဲ့ နာတာရွည္ေရာဂါေတြနဲ႔ တျခားေဆးရြက္ႀကီးေၾကာင့္ျဖစ္တတ္တဲ့ ေရာဂါေတြျဖစ္ႏုိင္ပါတယ္။ အိႏၵိယႏိုင္ငံမွာ မၾကာေသးခင္ကျပဳလုပ္ခဲ့တဲ့ သုေတသနတစ္ခုအရ ဒီစီးကရက္ေတြကိုေသာက္ျခင္းဟာ အသက္ေသဆံုးႏိုင္တဲ့အထိ က်န္းမာေရးထိခိုက္မႈေတြရွိလာႏိုင္တယ္ဆိုတာကို ေလ့လာေတြ႔ရွိၿပီးေနာက္မွာေတာ့ က်န္းမာေရး၀န္ႀကီးဌာနက E-cigarette ေတြကို ပိတ္ပင္ဖုိ႔ ႀကိဳးစားေနၿပီ ျဖစ္ပါတယ္။

 

HGID_KV_Ads_Square

www.akhayar.com

[Unicode]

ကျွန်တော်တို့နိုင်ငံမှာ ယောင်္ကျားလေးအများစုက စီးကရက်ကို နှစ်နှစ်သက်သက် သောက်ကြပါတယ်။ စီးကရက်သောက်ခြင်းကြောင့် ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်နိုင်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိထားခဲ့ပြီးဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဆေးလိပ်သောက်တဲ့လူပေါင်း သန်းတစ်ထောင်ကျော်ရှိပြီး ဆေးလိပ်နဲ့ ဆေးရွက်ကြီးကြောင့် နှစ်စဉ်လူပေါင်း သန်း ၅၀၀ ခန့် သေဆုံးနေကြရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ ဆေးရွက်ကြီးနဲ့ ဆက်စပ်နေတဲ့ရောဂါတွေကြောင့် ခြောက်စက္ကန့်တိုင်းမှာ လူတစ်ယောက်နှုန်းနဲ့ သေဆုံးနေရတယ်လို့ ဆိုပါတယ်။

ခုနောက်ပိုင်းမှာတော့ ရိုးရိုးစီးကရက်တွေနေရာမှာ E-cigarette လို့ခေါ်တဲ့ Electronic-cigarette ဆေးလိပ်တွေဟာ လူငယ်တွေကြားမှာ ပျံ့နှံ့လာတာကိုတွေ့ရပါတယ်။ E-cigarette ဆိုတာကတော့ သာမန်စီးကရက်တွေလို မီးညှိစရာမလိုဘဲ စီးကရက်သောက်ရတဲ့အရသာမျိုး ပေးနိုင်တဲ့ဘတ္ထရီ ဒါမှမဟုတ် ဓါတ်ခဲကိုသုံးထားတဲ့ အီလက်ထရောနစ်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ဒီပစ္စည်းတွေဟာ သူတို့ထဲမှာထည့်ထားတဲ့ အရည်တစ်မျိုးကို အပူပေးခြင်းကနေ အသုံးပြုသူတွေရှုရှိုက်ဖို့ တကယ့်ဆေးလိပ်ငွေ့နဲ့တူတဲ့ အငွေ့တစ်မျိုးကို ထုတ်လုပ်ပေးပါတယ်။

E-liquid လို့ခေါ်တဲ့ E-cigarette ထဲမှာပါတဲ့အရည်ကို NicotinePropylene Glycol၊ Glycerine နဲ့ တခြားပစ္စည်းလေးတွေ ပါဝင်ပါတယ်။ ဒါပေမယ့် E-cigarette တိုင်းမှာတော့ Nicotine မပါပါဘူး။ E-cigarette တွေကိုသောက်ခြင်းဟာ ရိုးရိုးစီကရက်ကိုသောက်သလောက် ကျန်းမာရေးဆိုးကျိုးမရှိနိုင်ဘူးလို့ ကျွန်တော်တို့ နားလည်ထားကြပါတယ်။ E-cigarette ကိုသောက်တာဟာ သာမန်စီးကရက်တွေကိုသောက်သလောက် ကျန်းမာရေးဆိုးကျိုးမရှိပါဘူး။ ဒါပေမဲ့ ဒီစီးကရက်တွေဟာ ဆေးရွက်ကြီးကို လူတွေဆီရောက်အောင် ဆွဲဆောင်မှုရှိတဲ့ နောက်ထပ်ပုံစံတစ်မျိုးနဲ့ ထုတ်လုပ်ထားတဲ့ပစ္စည်းတစ်ခုဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ကျန်းမာရေးကို ထိခိုက်စေမှာပါ။ ဒါ့အပြင် ဒီစီးကရက်တွေဟာ ဆန်းသစ်တဲ့ပုံစံရှိကြပြီး အရသာအမျိုးမျိုးရှိတာကြောင့် ပိုပြီးသောက်မိဖို့ ရာခိုင်နှုန်းများပါတယ်။

နောက်ပြီး E-cigarette တွေကို သောက်ခြင်းအားဖြင့် လူငယ်တွေဟာ ကိုယ့်ကိုယ်ကိုခေတ်မှီတယ်လို့ အထင်ရောက်စေတဲ့အတွက် သက်ကြီးပိုင်းတွေမှာသောက်တာမတွေ့ရဘဲ အသစ်အဆန်းလေးတွေကို စိတ်ဝင်စားတတ်တဲ့ လူငယ်တွေသောက်တာကို အများဆုံးမြင်ကြရတာပါ။ ဒီစီးကရက်တွေဟာ စတိုးဆိုင်တွေနဲ့ တခြားရောင်းချတဲ့နေရာတွေမှာ ရောင်းချမှုနည်းနေသေးပေမယ်လို့ အင်တာနက်လူမှုကွန်ယက်တွေမှာတော့ ကျယ်ကျယ်ပြန့်ပြန့်ဈေးကွက်ကို ချဲ့ထွင်နေကြပြီဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ ဒီစီးကရက်တွေဟာ နီကိုတင်းဓါတ်နဲ့ ဆေးရွက်ကြီးကရတဲ့ စွဲလန်းစေတဲ့ပစ္စည်းတွေကို ထုတ်လွှတ်ပေးပါတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် သောက်သုံးမိတဲ့အခါမှာ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့သက်ဆိုင်တဲ့ နာတာရှည်ရောဂါတွေနဲ့ တခြားဆေးရွက်ကြီးကြောင့်ဖြစ်တတ်တဲ့ ရောဂါတွေဖြစ်နိုင်ပါတယ်။ အိန္ဒိယနိုင်ငံမှာ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ ဒီစီးကရက်တွေကိုသောက်ခြင်းဟာ အသက်သေဆုံးနိုင်တဲ့အထိ ကျန်းမာရေးထိခိုက်မှုတွေရှိလာနိုင်တယ်ဆိုတာကို လေ့လာတွေ့ရှိပြီးနောက်မှာတော့ ကျန်းမာရေးဝန်ကြီးဌာနက E-cigarette တွေကို ပိတ်ပင်ဖို့ ကြိုးစားနေပြီ ဖြစ်ပါတယ်။

HGID_KV_Ads_Square

www.akhayar.com