[ZawGyi]

ရႈးရွဲစပ္စပ္ေရဘဝဲကင္နဲ႔ အူခ်ိဳကင္ Grill အစံုရတဲ့ ထိုင္းလမ္းေဘးဆိုင္အျပင္ဆင္ေလးနဲ႔ SmokeQ21

လတ္တေလာ ေလာေလာလတ္လတ္ႏွစ္ကူးကာလမ်ိဳးမွာ ဟိုဟာလည္းစားခ်င္၊ ဒီဟာလည္းစားခ်င္ ျဖစ္ေနတဲ့ ကိုယ္တို႔အစားသမားေတြအတြက္ လွ်ာထဲမွာပါ အရသာရွိသြားေစမယ့္ အကင္ခ်ိဳေမႊးေမႊးေလးေတြ မေတာင့္တမိေပဘူးလား အခရာ ပရိသတ္တို႔ေရ။ ဒါဆိုရင္ေတာ့ Facebook မွာ သေရက်ေလာက္စရာ ေရဘဝဲကင္ေတြ၊ အူခ်ိဳကင္ေတြ၊ ၾကက္ေၾကာ္ေတြမနားတမ္းတင္ၿပီး ဆြဲေဆာင္ေနတဲ့ ဆိုင္ေလးဆီ တေခါက္ေလာက္ သြားၾကည့္ စားၾကည့္လိုက္တဲ့အခါ…..။

Pork Intestine Grill

အင္တာနက္မွာ နာမည္ႀကီးေနတဲ့ ေရဘဝဲကို အေပၚက ရႈးရွဲငရုတ္သီးဖတ္အခ်ဥ္စပ္စပ္ေလးေတြဆမ္းထားတဲ့အကင္ရယ္၊ အူခ်ိဳကင္ေမႊးေမႊးအိအိေလးေတြရယ္ ပင္လယ္စာအစံု ျဖန္႔ခင္းထားတဲ့ပြဲႀကီးေတြရယ္ကို ဒီဆိုင္ေလးမွာ ေစ်းသက္သက္သာသာနဲ႔ ရတယ္ဆိုေတာ့ ၾကည့္လိုက္တာနဲ႔ကို ခ်က္ခ်င္းေျပးစားခ်င္လာေတာ့လည္း ေန႔လယ္စာခ်ိန္ေလးအမီ သြားေျပးဆြဲၿပီး ကိုယ့္အစားသမားေတြအတြက္ အခ်ိန္မီလာသတင္းပို႔လိုက္ၿပီေနာ္။

Octopus Grill

ဆိုင္နာမည္ေလးက SmokeQ21 တဲ့။ တကယ့္ ဘန္ေကာက္လမ္းေဘးဆိုင္ေလးေတြမွာစားရမယ့္ Feeling မ်ိဳးေလး သစ္သားစားပြဲခံုပုေလးေတြရယ္၊ စားပြဲျမင့္ေလး ၂ခံုေလာက္နဲ႔ ဆိုင္ေလးရယ္ပါ။ ဆိုင္ခန္းေတာ္ေတာ္ က်ဥ္းက်ဥ္းေလးေပမယ့္ ဓါတ္ဖမ္းလို႔ေတာ့ အေတာ္လွသဗ်။ အခန္းတစ္ခုလံုး မ်က္စိေအးေအာင္ ျမက္ခင္းတုစိမ္းစိမ္းေလးေတြရယ္၊ နီယြန္မီးႀကိဳးေလးေတြ၊ လိုက္ကာေလးေတြနဲ႔ အလြင့္ပါပဲ။ ဆိုင္ေနရာေလးသာက်ယ္ရင္ မိုက္လိုက္မယ့္ျဖစ္ခ်င္း။

Beautiful Decoration

ကိုယ္ေတြက Facebook ကပံုေတြျမင္လို႔ သေရက်ၿပီးလာတာဆိုေတာ့ကာ ဆိုင္ရဲ႕အဓိက ေရဘဝဲကင္ ခ်ဥ္စပ္စပ္ေလးရယ္၊ အူခ်ိဳကင္ေလးရယ္၊ ကဏန္းခ်ဥ္စပ္နဲ႔ ကန္စြန္းရြက္မာလာေလးမွာၾကည့္လိုက္တယ္။ နာမည္ၾကားရံုုနဲ႔ သေရက်စရာေနာ္။

ပထမဆံုး ခ်ေပးတာ ေရဘဝဲကင္ပါ။ ပံုမွန္ အလတ္စားအရြယ္တစ္ေကာင္၊ အေကာင္အေသးတေကာင္ ၂ေကာင္ေတာင္ပါတယ္။ ဒီအကင္ရဲ႕အဓိက အသက္က အေပၚကဆမ္းတဲ့ င႐ုတ္သီးဖတ္စပ္စပ္ေလးနဲ႔ ခ်ဥ္စပ္စပ္ေဆာ့စ္ဆိုတာကို သူတို႔ကအထာနပ္ပါတယ္။ တကယ့္ ခ်ဥ္စပ္စပ္ေလးနဲ႔ ေရဘဝဲအသားထုတ္ထုတ္ေလးနဲ႔ ရွယ္ပါပဲ။ သူက ၃၅၀၀ ပါ။

Spicy and yummy

ေနာက္ေႂကြမိတာဆို အူခ်ိဳကင္ပါ။ ကိုယ္က အူခ်ိဳအႀကိဳက္သမားဆိုေတာ့ အူခ်ိဳကင္ေမႊးေမႊးေလးကို ေကာက္ညင္းေလးရယ္၊ ဆလတ္ရြက္ေလးေတြနဲ႔ ခ်ေပးတာ အဲ႔အူခ်ိဳေလးကို အခ်ဥ္ေလးနဲ႔တို႔၊ ဆလတ္ရြက္ေလးထဲၫွပ္၊ ေကာက္ၫွင္းပူပူေစးေစးေလးပံုထည့္၊ ပါးစပ္ထဲေကာက္ဝါး၊ တစ္ပြဲဆို ဆိုသေလာက္ ေကာင္းေကာင္းအရသာရွိရွိစားရေတာ့ ဘာေျပာေကာင္းမလဲ ေခါင္းမေဖာ္စတမ္းပါပဲဗ်ိဳ႕။ အူခ်ိဳေလးဒီ့ထက္ပိုလတ္ၿပီး ပိုေမႊးရင္ ေကာင္းမွာ။ သူက ၃၀၀၀ ပါတဲ့။

It will surely make your mouth waterful.

ကဏန္းခ်ဥ္စပ္ကေတာ့ မ်က္လံုးမ်က္ဆန္ျပဴး ေျပာစမွတ္တြင္စရာပါပဲဗ်ိဳး။ ကဏန္းခ်ဥ္စပ္တစ္ပြဲကို ကဏန္း ၅ေကာင္ေတာင္ပါတဲ့ အယ္စတံုဗန္းႀကီးကို ၄ ေထာင္ပါတဲ့။ ေစ်းတန္လြန္းေပမယ့္ ကဏန္းခ်ဥ္စပ္အႏွစ္က ၾကက္သြန္ျဖဴမ်ားၿပီး ခ်ိဳစပ္စပ္ႀကီးျဖစ္ေနေတာ့ စားလို႔မေကာင္းခဲ့ဘူး။ ကဏန္းတစ္ေကာင္လည္း သိပ္မလတ္ေတာ့ ႏွေျမာတသနဲ႔ ေၾကကြဲခဲ့ရတယ္။ ၄၀၀၀ ဆိုတာ တန္တာေတာ့ ေတာ္ေတာ္တန္ပါတယ္။

Spicy Crab

ကန္စြန္းမာလာေလးကေတာ့ ကန္စြန္းရြက္အိအိေလးကို မာလာအႏွစ္နဲ႔ေၾကာ္ထားတဲ့ပံုေလး ထမင္းတို႔ ေကာက္ၫွင္းဆန္ပူပူေလးနဲ႔စား ခံတြင္းၿမိန္စရာပါပဲ။ သူက တပြဲ ၁၈၀၀ ပါတဲ့။

Water spinach mala

ဆိုင္က ဘန္ေကာက္စတိုင္ Street Food ပံုစံေလးေရာင္းတာဆိုေတာ့ ဘာမွာမွာ ေဖာ့ခြက္ေလးေတြနဲ႔ ခ်ေပးတာမ်ိဳး ထိုင္စားစား ယူသြားသြား အဆင္ေျပတယ္။ စားၿပီးေသာက္ၿပီးရင္လည္း ထိုင္းစတိုင္ အုန္းႏို႔ဆန္မုန္႔လံုးအခ်ိဳပြဲေလးေတြ၊ ဆိုဒါေလးေတြ ေအးေဆးေသာက္လို႔ရတယ္။

looks totally delicious.

အစားအေသာက္ေလးေတြ အဆင္ေျပေပမယ့္ ေနရာအေနနဲ႔ေတာ္ေတာ္က်ဥ္းတာရယ္၊ ပန္ကာေလနဲ႔ဆိုေတာ့ အပူဒဏ္ကာကြယ္ဖို႔ ဒီေလာက္မထိေရာက္တာရယ္၊ ယင္ေကာင္ ေတာ္ေတာ့ေတာ္ေတာ္ႀကီးမ်ားတာရယ္ေတာ့ စိတ္အေႏွာင့္အယွက္ျဖစ္ရပါတယ္။ Take Away ေလးေတြဝယ္တာက ပိုေျပပါမယ္။ ပင္လယ္စာေလးေတြ လတ္ဆတ္ဖို႔နဲ႔ သန္႔ရွင္းမႈအတြက္လည္း လိုအပ္ပါေသးတယ္။ ဆိုုင္က်ဥ္းလြန္းေတာ့ လူနည္းမယ့္အခ်ိန္ ေရြးသြားေနာ္။

Romantic.

ဆိုင္ေလးကေတာ့ခ်စ္စရာေလး။ ညေနပိုင္းေတြလည္း ဆိုင္ေရွ႕မွာ အကင္ေလးေတြေရာင္းပါေသးတယ္။ ဘန္ေကာက္ကလမ္းေဘးဆိုင္ေလးေတြမွာထိုင္တဲ့ Feeling မ်ိဳးေလး ခံစားခ်င္ရင္ေတာ့ သြားကိုသြားသင့္တဲ့ဆိုင္ေလးပါ။ ဆိုင္နံရံေလးနဲ႔ ဓါတ္ပံုလွလွ႐ိုက္ခဲ့ဖို႔လည္း မေမ့နဲ႔ေနာ္။ လိပ္စာေလးက အမွတ္ ၈၆၊ ဗဟိုလမ္းနဲ႔ မႀကီးႀကီးလမ္းေထာင့္၊ စမ္းေခ်ာင္းၿမိဳ႕နယ္ပါ။ မနက္ ၁၀ နာရီကေန ည ၁၀ နာရီထိပါ။ SmokeQ21 တဲ့ေနာ္။ ဆိုင္ေလးေတာ္ေတာ္က်ဥ္းေတာ့ ဝန္ထမ္းလည္းနည္းၿပီးလူမ်ားရင္ ေတာ္ေတာ္ေစာင့္ရတာရယ္၊ ပန္ကာေလပဲရွိတာေလးေတာ့ သတိထားေပးၾကပါေနာ္။ အစားေကာင္းေလးစားေစခ်င္တဲ့ေစတနာနဲ႔ အခရာကေတာ့ ၫႊန္လိုက္ၿပီဗ်ိဳ႕။

Front Side

EiEiKhineMinn ( Akhayar )

[Unicode]

ရှုးရှဲစပ်စပ်ရေဘဝဲကင်နဲ့ အူချိုကင် Grill အစုံရတဲ့ ထိုင်းလမ်းဘေးဆိုင်အပြင်ဆင်လေးနဲ့ SmokeQ21

လတ်တလော လောလောလတ်လတ်နှစ်ကူးကာလမျိုးမှာ ဟိုဟာလည်းစားချင်၊ ဒီဟာလည်းစားချင် ဖြစ်နေတဲ့ ကိုယ်တို့အစားသမားတွေအတွက် လျှာထဲမှာပါ အရသာရှိသွားစေမယ့် အကင်ချိုမွှေးမွှေးလေးတွေ မတောင့်တမိပေဘူးလား အခရာ ပရိသတ်တို့ရေ။ ဒါဆိုရင်တော့ Facebook မှာ သရေကျလောက်စရာ ရေဘဝဲကင်တွေ၊ အူချိုကင်တွေ၊ ကြက်ကြော်တွေမနားတမ်းတင်ပြီး ဆွဲဆောင်နေတဲ့ ဆိုင်လေးဆီ တခေါက်လောက် သွားကြည့် စားကြည့်လိုက်တဲ့အခါ…..။

Pork Intestine Grill

အင်တာနက်မှာ နာမည်ကြီးနေတဲ့ ရေဘဝဲကို အပေါ်က ရှုးရှဲငရုတ်သီးဖတ်အချဉ်စပ်စပ်လေးတွေဆမ်းထားတဲ့အကင်ရယ်၊ အူချိုကင်မွှေးမွှေးအိအိလေးတွေရယ် ပင်လယ်စာအစုံ ဖြန့်ခင်းထားတဲ့ပွဲကြီးတွေရယ်ကို ဒီဆိုင်လေးမှာ ဈေးသက်သက်သာသာနဲ့ ရတယ်ဆိုတော့ ကြည့်လိုက်တာနဲ့ကို ချက်ချင်းပြေးစားချင်လာတော့လည်း နေ့လည်စာချိန်လေးအမီ သွားပြေးဆွဲပြီး ကိုယ့်အစားသမားတွေအတွက် အချိန်မီလာသတင်းပို့လိုက်ပြီနော်။

Octopus Grill

ဆိုင်နာမည်လေးက SmokeQ21 တဲ့။ တကယ့် ဘန်ကောက်လမ်းဘေးဆိုင်လေးတွေမှာစားရမယ့် Feeling မျိုးလေး သစ်သားစားပွဲခုံပုလေးတွေရယ်၊ စားပွဲမြင့်လေး ၂ခုံလောက်နဲ့ ဆိုင်လေးရယ်ပါ။ ဆိုင်ခန်းတော်တော် ကျဉ်းကျဉ်းလေးပေမယ့် ဓါတ်ဖမ်းလို့တော့ အတော်လှသဗျ။ အခန်းတစ်ခုလုံး မျက်စိအေးအောင် မြက်ခင်းတုစိမ်းစိမ်းလေးတွေရယ်၊ နီယွန်မီးကြိုးလေးတွေ၊ လိုက်ကာလေးတွေနဲ့ အလွင့်ပါပဲ။ ဆိုင်နေရာလေးသာကျယ်ရင် မိုက်လိုက်မယ့်ဖြစ်ချင်း။

Beautiful Decoration

ကိုယ်တွေက Facebook ကပုံတွေမြင်လို့ သရေကျပြီးလာတာဆိုတော့ကာ ဆိုင်ရဲ့အဓိက ရေဘဝဲကင် ချဉ်စပ်စပ်လေးရယ်၊ အူချိုကင်လေးရယ်၊ ကဏန်းချဉ်စပ်နဲ့ ကန်စွန်းရွက်မာလာလေးမှာကြည့်လိုက်တယ်။ နာမည်ကြားရုံုနဲ့ သရေကျစရာနော်။

ပထမဆုံး ချပေးတာ ရေဘဝဲကင်ပါ။ ပုံမှန် အလတ်စားအရွယ်တစ်ကောင်၊ အကောင်အသေးတကောင် ၂ကောင်တောင်ပါတယ်။ ဒီအကင်ရဲ့အဓိက အသက်က အပေါ်ကဆမ်းတဲ့ ငရုတ်သီးဖတ်စပ်စပ်လေးနဲ့ ချဉ်စပ်စပ်ဆော့စ်ဆိုတာကို သူတို့ကအထာနပ်ပါတယ်။ တကယ့် ချဉ်စပ်စပ်လေးနဲ့ ရေဘဝဲအသားထုတ်ထုတ်လေးနဲ့ ရှယ်ပါပဲ။ သူက ၃၅၀၀ ပါ။

Spicy and yummy

နောက်ကြွေမိတာဆို အူချိုကင်ပါ။ ကိုယ်က အူချိုအကြိုက်သမားဆိုတော့ အူချိုကင်မွှေးမွှေးလေးကို ကောက်ညင်းလေးရယ်၊ ဆလတ်ရွက်လေးတွေနဲ့ ချပေးတာ အဲ့အူချိုလေးကို အချဉ်လေးနဲ့တို့၊ ဆလတ်ရွက်လေးထဲညှပ်၊ ကောက်ညှင်းပူပူစေးစေးလေးပုံထည့်၊ ပါးစပ်ထဲကောက်ဝါး၊ တစ်ပွဲဆို ဆိုသလောက် ကောင်းကောင်းအရသာရှိရှိစားရတော့ ဘာပြောကောင်းမလဲ ခေါင်းမဖော်စတမ်းပါပဲဗျို့။ အူချိုလေးဒီ့ထက်ပိုလတ်ပြီး ပိုမွှေးရင် ကောင်းမှာ။ သူက ၃၀၀၀ ပါတဲ့။

It will surely make your mouth waterful.

ကဏန်းချဉ်စပ်ကတော့ မျက်လုံးမျက်ဆန်ပြူး ပြောစမှတ်တွင်စရာပါပဲဗျိုး။ ကဏန်းချဉ်စပ်တစ်ပွဲကို ကဏန်း ၅ကောင်တောင်ပါတဲ့ အယ်စတုံဗန်းကြီးကို ၄ ထောင်ပါတဲ့။ ဈေးတန်လွန်းပေမယ့် ကဏန်းချဉ်စပ်အနှစ်က ကြက်သွန်ဖြူများပြီး ချိုစပ်စပ်ကြီးဖြစ်နေတော့ စားလို့မကောင်းခဲ့ဘူး။ ကဏန်းတစ်ကောင်လည်း သိပ်မလတ်တော့ နှမြောတသနဲ့ ကြေကွဲခဲ့ရတယ်။ ၄၀၀၀ ဆိုတာ တန်တာတော့ တော်တော်တန်ပါတယ်။

Spicy Crab

ကန်စွန်းမာလာလေးကတော့ ကန်စွန်းရွက်အိအိလေးကို မာလာအနှစ်နဲ့ကြော်ထားတဲ့ပုံလေး ထမင်းတို့ ကောက်ညှင်းဆန်ပူပူလေးနဲ့စား ခံတွင်းမြိန်စရာပါပဲ။ သူက တပွဲ ၁၈၀၀ ပါတဲ့။

Water spinach mala

ဆိုင်က ဘန်ကောက်စတိုင် Street Food ပုံစံလေးရောင်းတာဆိုတော့ ဘာမှာမှာ ဖော့ခွက်လေးတွေနဲ့ ချပေးတာမျိုး ထိုင်စားစား ယူသွားသွား အဆင်ပြေတယ်။ စားပြီးသောက်ပြီးရင်လည်း ထိုင်းစတိုင် အုန်းနို့ဆန်မုန့်လုံးအချိုပွဲလေးတွေ၊ ဆိုဒါလေးတွေ အေးဆေးသောက်လို့ရတယ်။

looks totally delicious.

အစားအသောက်လေးတွေ အဆင်ပြေပေမယ့် နေရာအနေနဲ့တော်တော်ကျဉ်းတာရယ်၊ ပန်ကာလေနဲ့ဆိုတော့ အပူဒဏ်ကာကွယ်ဖို့ ဒီလောက်မထိရောက်တာရယ်၊ ယင်ကောင် တော်တော့တော်တော်ကြီးများတာရယ်တော့ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ Take Away လေးတွေဝယ်တာက ပိုပြေပါမယ်။ ပင်လယ်စာလေးတွေ လတ်ဆတ်ဖို့နဲ့ သန့်ရှင်းမှုအတွက်လည်း လိုအပ်ပါသေးတယ်။ ဆိုုင်ကျဉ်းလွန်းတော့ လူနည်းမယ့်အချိန် ရွေးသွားနော်။

Romantic.

ဆိုင်လေးကတော့ချစ်စရာလေး။ ညနေပိုင်းတွေလည်း ဆိုင်ရှေ့မှာ အကင်လေးတွေရောင်းပါသေးတယ်။ ဘန်ကောက်ကလမ်းဘေးဆိုင်လေးတွေမှာထိုင်တဲ့ Feeling မျိုးလေး ခံစားချင်ရင်တော့ သွားကိုသွားသင့်တဲ့ဆိုင်လေးပါ။ ဆိုင်နံရံလေးနဲ့ ဓါတ်ပုံလှလှရိုက်ခဲ့ဖို့လည်း မမေ့နဲ့နော်။ လိပ်စာလေးက အမှတ် ၈၆၊ ဗဟိုလမ်းနဲ့ မကြီးကြီးလမ်းထောင့်၊ စမ်းချောင်းမြို့နယ်ပါ။ မနက် ၁၀ နာရီကနေ ည ၁၀ နာရီထိပါ။ SmokeQ21 တဲ့နော်။ ဆိုင်လေးတော်တော်ကျဉ်းတော့ ဝန်ထမ်းလည်းနည်းပြီးလူများရင် တော်တော်စောင့်ရတာရယ်၊ ပန်ကာလေပဲရှိတာလေးတော့ သတိထားပေးကြပါနော်။ အစားကောင်းလေးစားစေချင်တဲ့စေတနာနဲ့ အခရာကတော့ ညွှန်လိုက်ပြီဗျို့။

Front Side

EiEiKhineMinn ( Akhayar )