[Zawgyi]





ကြည်သာ (Akhayar)


www.akhayar.com
[Unicode]

အိုလံပစ်ကျင်းပခဲ့တဲ့နေရာမှာ အိုးလန်ပစ်ခဲ့တယ်ဆိုတဲ့ စမိုင်းလ်

စမိုင်းလ်တစ်ယောက်အခုဆိုရင် ဂရိနိုင်ငံ အေသင်မြို့ ကိုရောက်ရှိနေတာဖြစ်ပါတယ်။ အလည်အပတ်ရောက်ရှိနေစဉ် အမှတ်တရ ဓါတ်ပုံလေးတွေကိုလည်း “မောင်နဲ့လည်လည်ထွက်” ဆိုပြီးတော့တင်ထားတာဖြစ်ပါတယ်။

စမိုင်းလ်တို့မိသားစုဟာ အားလပ်ရက်တွေမှာ ခရီးထွက်တတ်ပြီး အမြဲပျော်ရွှင်စွာတွေ့ရတဲ့မိသားစုလည်း ဖြစ်ပါတယ်။ သူတို့မိသားစုကို ကြည့်လိုက်ရင် အလှူအတန်းတွေလုပ်လိုက် ၊ ခရီးတွေထွက်လိုက်နဲ့ ပျော်စရာကောင်းလို့ မိသားစုဘဝ ကိုမြတ်နိုးတဲ့ သူတိုင်းအတွက်တော့ အားကျစရာတစ်ခုလည်း ဖြစ်ပါတယ်။

စမိုင်းလ် က သူရောက်ရှိခဲ့တဲ့ နေရာလေးတစ်ခုကိုလည်း အမှတ်တရအနေနဲ့ လူမှုကွန်ရက်မှာ “အိုလံပစ်ဆိုတာဂရိလူမျိုးတွေစခဲ့တာ.. ပထမဆုံး အိုလံပစ်ကျင်းပခဲ့တဲ့နေရာ အဲလောက်အထင်ကရနေရာမှာ ကိုယ်လည်းရှိတဲ့အိုးလန်ပစ်ခဲ့တယ်လေ ဘယ်ရမလဲ” ဆိုပြီးတင်ထားတာကိုတွေ့ရပါသေးတယ်။

ကြည်သာ (Akhayar)

Photo Credit: Smile စမိုင်းလ် Facebook Page

www.akhayar.com