[Zawgyi]




စမိုင်းလ် မိသားစု




Stella(Akhayar)

www.akhayar.com

[Unicode]

အဖွားဒေါ်ခင်လေးဆွေရဲ့ (၈၆)နှစ်ပြည့်မွေးနေ့မှာ ဆုမွန်ကောင်းခြွေလိုက်တဲ့ စမိုင်းလ်

သရုပ်ဆောင်စမိုင်းလ်ကတော့ သူမရဲ့ ဖွားဖွားဒေါ်ခင်လေးဆွေရဲ့ ဒီနေ့ကျရောက်တဲ့ အသက်(၈၆)နှစ်ပြည့်မွေးနေ့မှာ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ဓာတ်ပုံလေးနဲ့တကွ “Happy 86th birthday Phwar Phwar Gyi”ဆိုပြီး သတိတရမွေးနေ့ဆုတောင်းပေးထားပါတယ်။

အနုပညာလောကထဲ တစ်ကျော့ပြန်ဝင်ရောက်လာတဲ့ စမိုင်းလ်ဟာ ခေတ်ဟောင်းမင်းသမီးကြီးအန်တီခင်လေးဆွေရဲ့ မြေးတွေထဲက တစ်ဦးအပါအဝင်ဖြစ်ပြီး ကြည်နူးစရာကောင်းတဲ့ မြေးအဖွားဆက်ဆံရေးမျိုးဖြစ်ပါတယ်။ အန်တီခင်လေးဆွေဟာ ရုပ်ရှင်လောကမှာ အကယ်ဒမီဆုတွေနဲ့အတူ တစ်ခေတ်တစ်ခါက လူကြိုက်များရေပန်းစားခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။

စမိုင်းလ် မိသားစု


စမိုင်းလ် ဟာ သီတင်းကျွတ်တိုင်း အဖွားဖြစ်သူကို မိသားစုစုံစုံညီညီနဲ့ ကန်တော့လေ့ရှိပြီး သူမတို့မြေးအဖွားပုံလေးတွေကိုလည်း ရံဖန်ရံခါမှာ မျှဝေတတ်ပါသေးတယ်။ ပရိသတ်တွေလည်း စမိုင်းလ်တို့ရဲ့ ဖွားဖွားကြီးမွေးနေ့အတွက် ဆုတောင်းပေးခဲ့ကြပါဦးနော်။

Photo Credit: Smile Facebook

Stella(Akhayar)

www.akhayar.com