[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

တီတီစမိုင်းလ် တို့ အိမ်ကိုသွားပြီး ကားအကောင်းစားကြီးစီးခဲ့တဲ့ ထိပ်ထားသခင်

စမိုင်းလ် အိမ်ကို ထိပ်ထားသခင် အလည်ရောက်ခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဝေမျှလိုက်ပါတယ်။ ထိပ်ထားလေးဟာ အနုပညာအလုပ်တွေကိုလည်း အခုဆိုရင် စတင်လို့လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ထိပ်ထားဟာ သွက်လက်သလို ထက်မြက်တဲ့ အတွက်လည်း အနုပညာရှင်တွေက ပိုလို့ချစ်ခင်ကြတာကိုတွေ့ရတာဖြစ်ပါတယ်။

ထိပ်ထားလေးဟာ ဖွေးဖွေး ၊ နီနီခင်ဇော် ၊ ဖြိုးပြည့်စုံ အစရှိတဲ့ အနုပညာရှင်တွေနဲ့လည်း တွေ့ဆုံပြီးခဲ့ပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ စမိုင်းလ်ရဲ့အိမ်ကို အလည်ရောက်ခဲ့ပြီး ပျော်ရွှင်နေတဲ့ ပုံတွေကိုတွေ့မြင်ရမှာပါ။ စမိုင်းလ်ကလည်း သူ့အိမ်ကို ထိပ်ထားလေး လာခဲ့တာကို ပုံလေးတွေတင်ရင်း စာကိုလည်း အခုလိုရေးထားတာတွေ့ရပါတယ် “T T Smile ကဒီနေ့သူ့ကိုကားပေးစီးပြီးဆော့ပေးရသေးတယ်.. အရမ်းတတ် အရမ်းလည်တဲ့လူလည်လေး” ဆိုပြီးတော့ ထိပ်ထားလေးကို အရမ်းလည်တယ်ဆိုတာကို အခုလိုဖော်ပြထားတာဖြစ်ပါတယ်။

အသက် ၄ နှစ်တောင်မပြည့်သေးပေမယ့်လည်း ချစ်စရာကောင်းသလို ထက်မြက်သွက်လက် လွန်းတဲ့ ထိပ်ထားလို သမီးလေးကို ပရိသတ်ကြီးလည်း ချစ်ကြမယ်လို့ထင်ပါတယ်။

Photo Credit: စမိုင်းလ် Facebook Page

ကြည်သာ (Akhayar)

www.akhayar.com