[Zawgyi]

သိန္း ၈ ေထာင္တန္ Rolls Royce ကားႀကီးေၾကာင့္ေပ်ာ္ေနတဲ့ စမိုင္းလ္

စမိုင္းလ္ကို သူမရဲ ႔အမ်ိဳးသားက ေမြးေန႔လက္ေဆာင္အေနနဲ႔ သိန္း (၈၀၀၀) တန္ Rolls Royce Ghost ကားကို လက္ေဆာင္အျဖစ္ေပးခဲ့တဲ့ သတင္းေလးဟာလူမႈကြန္ရက္ေပၚမွာ မနက္မိုးလင္းကတည္း က ေပ်ာ္ရႊင္စရာေကာင္းတဲ့ သတင္းေလးတစ္ခုအေနနဲ႔ ေတြ႔ရပါတယ္။

စမိုင္းလ္နဲ႔ သူ႔ရဲ ႔ အမ်ိဳးသားတို႔ဟာ အသက္ငယ္ငယ္နဲ႔ အိမ္ေထာင္က်ခဲ့ၿပီး နွစ္ေယာက္အတူတူဘဝတစ္ခုကို ရင္ဆိုင္ရင္း အခ်စ္ေတြေဝမွ်ခဲ့တဲ့ အိမ္ေထာင္ေရးတစ္ခုလည္း ျဖစ္ခဲ့တယ္လို႔မီဒီယာေတြမွာေျဖေလ့ရွိပါတယ္။ သူတို႔နွစ္ေယာက္ဟာအဂၤလန္နိုင္ငံမွာ အလုပ္အတူတူႀကိဳးစားရင္း ဘဝတစ္ခုကို ေကာင္းအတူတူ ဆိုးအတူတူ ရင္ဆိုင္ခဲ့တဲ့ အက်ိဳးေက်းဇူးေတြဟာဆိုရင္ အခုအခ်ိန္မွာ ခံစားေနၾကရတာပါ။

သူ႔အမ်ိဳးသားနဲ႔ အတူူတူ မဂၤလာနွစ္ပတ္လည္တိုင္းကို ဟန္းနီးမြန္းထြက္ျခင္း၊မဂၤလာနွစ္ပတ္လည္အခမ္းအနားေလးေတြ ျပန္လည္က်င္းပျခင္းေတြ ျပဳလုပ္တာကလည္း သူမတို႔ အသက္ငယ္ငယ္နဲ႔ အိမ္ေထာင္က်ခဲ့တုန္းက မဂၤလာေဆာင္တာကိုေတာင္ေသေသခ်ာခ်ာမလုပ္ျဖစ္ခဲ့တဲ့ အတြက္ ႏွစ္ပတ္လည္တိုင္းမွာ ဒီလိုအမွတ္တရေလးေတြ လုပ္ေဆာင္ျဖစ္တာလို႕လည္း စမိုင္းလ္က ေျပာျပဖူးပါတယ္။

အခုလို ေမြးေန႔တိုင္းကိုလည္း လက္ေဆာင္ေတြကို အျမဲအံ႔အားသင့္ေအာင္ အျပန္အလွန္ေတြလုပ္ေပးေနၾကတဲ့ ခ်စ္စရာေကာင္းတဲ့ သူတို႕ရဲ ႔မိသားစုပံုရိပ္ေလးကို ၾကည့္ရင္းပရိသတ္ႀကီးလည္း ေပ်ာ္ရႊင္္နိုင္ၾကပါေစလို႔ဆုေတာင္းေပးလို္က္ပါတယ္။

ၾကည္သာ (Akhayar)

Photo Credit: စမိုင္းလ္ Facebook Page

www.akhayar.com

[Unicode]

သိန်း ၈ ထောင်တန် Rolls Royce ကားကြီးကြောင့်ပျော်နေတဲ့ စမိုင်းလ်

စမိုင်းလ်ကို သူမရဲ့အမျိုးသားက မွေးနေ့လက်ဆောင်အနေနဲ့ သိန်း (၈၀၀၀) တန် Rolls Royce Ghost ကားကို လက်ဆောင်အဖြစ်ပေးခဲ့တဲ့ သတင်းလေးဟာလူမှုကွန်ရက်ပေါ်မှာ မနက်မိုးလင်းကတည်း က ပျော်ရွှင်စရာကောင်းတဲ့ သတင်းလေးတစ်ခုအနေနဲ့ တွေ့ရပါတယ်။

စမိုင်းလ်နဲ့ သူ့ရဲ့ အမျိုးသားတို့ဟာ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျခဲ့ပြီး နှစ်ယောက်အတူတူဘဝတစ်ခုကို ရင်ဆိုင်ရင်း အချစ်တွေဝေမျှခဲ့တဲ့ အိမ်ထောင်ရေးတစ်ခုလည်း ဖြစ်ခဲ့တယ်လို့မီဒီယာတွေမှာဖြေလေ့ရှိပါတယ်။ သူတို့နှစ်ယောက်ဟာအင်္ဂလန်နိုင်ငံမှာ အလုပ်အတူတူကြိုးစားရင်း ဘဝတစ်ခုကို ကောင်းအတူတူ ဆိုးအတူတူ ရင်ဆိုင်ခဲ့တဲ့ အကျိုးကျေးဇူးတွေဟာဆိုရင် အခုအချိန်မှာ ခံစားနေကြရတာပါ။

သူ့အမျိုးသားနဲ့ အတူူတူ မင်္ဂလာနှစ်ပတ်လည်တိုင်းကို ဟန်းနီးမွန်းထွက်ခြင်း၊မင်္ဂလာနှစ်ပတ်လည်အခမ်းအနားလေးတွေ ပြန်လည်ကျင်းပခြင်းတွေ ပြုလုပ်တာကလည်း သူမတို့ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျခဲ့တုန်းက မင်္ဂလာဆောင်တာကိုတောင်သေသေချာချာမလုပ်ဖြစ်ခဲ့တဲ့ အတွက် နှစ်ပတ်လည်တိုင်းမှာ ဒီလိုအမှတ်တရလေးတွေ လုပ်ဆောင်ဖြစ်တာလို့လည်း စမိုင်းလ်က ပြောပြဖူးပါတယ်။

အခုလို မွေးနေ့တိုင်းကိုလည်း လက်ဆောင်တွေကို အမြဲအံ့အားသင့်အောင် အပြန်အလှန်တွေလုပ်ပေးနေကြတဲ့ ချစ်စရာကောင်းတဲ့ သူတို့ရဲ့မိသားစုပုံရိပ်လေးကို ကြည့်ရင်းပရိသတ်ကြီးလည်း ပျော်ရွှင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

ၾကည္သာ (Akhayar)

Photo Credit: စမိုင္းလ္ Facebook Page

www.akhayar.com