[Zawgyi]




စမိုင်းလ်

အေးသောင်း

 



ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

မအေးသောင်းအမေပြောပြတဲ့ အေးဝတ်ရည်သောင်းနဲ့စမိုင်းလ်တို့ရဲ့ငယ်ငယ်က အဖြစ်အပျက်လေးတစ်ခု

မင်းသမီးအေးဝတ်ရည်သောင်းရဲ့မိခင်က သူမရဲ့လူမှုကွန်ရက်ပေါ်မှာ သမီးဖြစ်သူငယ်ငယ်က ဘယ်လောက်တောင်အဆော့သန်တယ်ဆိုတာကိုအခုလိုရေးသားထားတာတွေ့ရပါတယ်။

“(လွန်ခဲ့သော နှစ်နှစ်ဆယ်နီးပါက အမှတ်တရတခုပါ.) ပေါက်စီနဲ့စမိုင်း ဆိုတဲ့မင်းသမီးနှစ်ယောက် ရှိတယ်.
တရက်ကျတော့စိုးမိုးကျော်ဝိုင်းဝိုင်းလည်ထီဆိုင်ဖွင့်ပွဲနယ်မှာရှိလို့အနုပညာမောင်နှမတွေအများကြီးဘစ်ကားကြီးနဲ့ခရီးသွားတယ်ကိုကျော်သူကိုရန်အောင်ဦးနေအောင်တို့လည်း ပါတယ် သူတို့နှစ်ယောက်က အရွယ်အားဖြင့်လည်း အသက်က 15နှစ်ဘဲရှိသေးတော့ အရမ်းကို စော့ကြတယ်”

စမိုင်းလ်

အေးသောင်း

 

“ကားပေါ်ပါလာတဲ့ သူတို့နှစ်ယောက်က ကားရဲ့လက်ကိုင်တန်းကို ခိုပြီး ဂျွန်းဘာဆော့နေကြတယ် ကိုကျော်သူက တော်တော်လေး မျက်စေ့နောက်နေပြီ ခနနေတော့ မင်းသားကိုကျော်သူက ဟဲ့ ငြိမ်ငြိမ်နေ ငြိမ်ငြိမ်နေတော့နော်လို့ ခနခနအော်ပြီးဆူတယ် ဒါလည်းသူတို့က အစော့မရပ်ဘူး ကြာတော့ကိုကျော်သူ စိတ်တိုလာပြီမျက်စေ့နောက်နေပြီ
ဒါနဲ့ မနေနိုင်တော့ဘူး ထလာပြီးသူတို့ နှစ်ယောက်ရဲ့ ခေါင်းနှစ်လုံးကိုယူပြီး တိုက်လိုက်တာ ငိုကြပါလေရော .ရီစရာအမှတ်တရလေးတခုပါ..” ဆိုပြီးတော့ အေးဝတ်ရည်သောင်းရဲ့မိခင်ဖြစ်သူက မအေးသောင်းနဲ့သူငယ်ချင်းဖြစ်သူစမိုင်းတို့ ဘယ်လောက်တောင်အဆော့သန်ကြောင်းကို အခုလိုပြောပြခဲ့တာဖြစ်ပါတယ်။

Photo Credit: Smile and AyeThaung Facebook

ကြည်သာ (Akhayar)

www.akhayar.com