အခုဆိုရင် Samsung ကျေးဇူးကြောင့် ကမ္ဘာ့ပထမဆုံး 1TB microSD ကတ်တွေမြင်ရပါတော့မယ်။ Manufacturer ကြီး Micron နဲ့ SanDisk တို့က V30 အမျိုးစား microSDX ထုတ်ကုန်သစ်တွေ တရားဝင်ကြေညာသွားခဲ့ပြီး ဒီကတ်တွေမှာ 1TB အထိ ပါလာမှာပါ။

ဒီလိုဆိုရင်တော့ ကွန်ပျူတာ Storage တွေလို 2TB ဒေတာစင်တာ အသေးစားလေး ဘောင်းဘီအိတ်ကပ်ထဲ ထည့်သွားလို့ရလာပြီလို့ပဲ ပြောရပါတော့မယ်။ ဒီကတ်တွေရဲ့ Performance ပြောရမယ်ဆိုရင် SanDisk ကတ်က 160MB/s Read Speed နဲ့ 90MB/s Write Speed ရှိမယ်။ Micron ကတ်ကတော့ 100MB/s Read Speed နဲ့ 95MB/s Write Speed အသီးသီးရှိမှာမလို့ Full HD ဗီဒီယိုတွေ Edit လုပ် Copy ကူးဖို့ စွမ်းဆောင်ရည် အလုံလောက်ရှိမှာပါ။

ဒါထက် ပိုကြမ်းလာမှာက SD Association ရဲ့ NVMe SD ကတ်ပါပဲ။ လက်ရှိမှာ 128TB အထိ ထောက်ပံ့နိုင်မှာဖြစ်ပြီး Performance ကတော့ ကြောက်ခမန်းလိလိ မြန်လွန်းနေပါတယ်။ 985MB/s ဆိုတဲ့ မြန်နှုန်းက 1GB File ကို ၁စက္ကန့်နဲ့ကူးပစ်နိုင်ပြီး သီချင်းပေါင်း ၂၅.၆ သန်းဝင်ဆန့်မှာဖြစ်တဲ့တွက် Spotify Library တခုလုံး အိတ်ကပ်ထဲထည့်ထားလို့ရပါတယ်။

SD Expresss ထဲမှာ ပါဝင်လာတဲ့ Feature သုံးမျိုးက Multi-tasking တွက် အားဖြည့်ထားပြီး စွမ်းဆောင်ရည် မလျော့သွားအောင် ထည့်သွင်းထားတယ်လို့လည်း ကြေညာသွားခဲ့ပါသေးတယ်။ SD Association ရဲ့Super SD ကတ်ရောင်းချယ့်ဈေးနှုန်း မသိရသေးပေမယ့် 1TB ကတ်တွေရဲ့ ပျမ်းမျှရောင်းဈေးက ဒေါ်လာ ၄၀၀ ဝန်းကျင်နဲ့ ရောင်းချသွားနိုင်ပါတယ်။

Related News

128 TB အထိသိမ်းထားလို့ရမယ့် SD Express ကို မိတ်ဆက်လိုက်ပြီ

Source : GSMArena : TheVerge