[Zawgyi]



Samsung & iPhone




Trade-in Smartphone


Apple iPhones


iPhone XS Max


2B (Akhayar)
www.akhayar.com

[Unicode]

ယိုယွင်းလာတဲ့ တရုတ်စမတ်ဖုန်းဈေးကွက်ကြောင့် မျက်ခုံးလှုပ်နေရတဲ့ Apple

စမတ်ဖုန်းတွေတစ်နှစ်ပြီးတစ်နှစ် အထွက်ကြမ်းလာတယ်၊ ခဏခဏဆိုသလို မော်ဒယ်အသစ်တွေ မိတ်ဆက်တယ်၊ အထူးသဖြင့် Samsung နဲ့ Apple တို့လိုပေါ့။ ခက်တာက Flagship Level တစ်မျိုးပဲ အားထားနေတဲ့ Apple အတွက် ၂၀၁၈ ထဲ စိန်ခေါ်ခံလိုက်ရတာက တရုတ်နိုင်ငံရဲ့ စမတ်ဖုန်းဈေးကွက် အခြေအနေ။

Samsung & iPhone

သိကြပြီးတဲ့အတိုင်း တရုတ်နိုင်ငံထဲ ပလူပျံနေတဲ့ Original ကုမ္ပဏီတွေ Huawei ၊ OPPO နဲ့ Xiaomi တို့လိုခြံပေါက်တွေကြောင့် Foreigner ၂ ယောက်ဘေးရောက်တော့မယ့်။ ဒီလို အခြေနေမကောင်းဖြစ်နေပြီလို့ ထောက်ပြလိုက်သူက ကျွမ်းကျင်ပညာရှင် Golden Sachs ဆိုသူပါ။ ဈေးကွက်စစ်တမ်းမှာလည်း iPhone ရောင်းအားတွေ အရင်နှစ်ထက် ၁၅ ရာခိုင်နှုန်းတောင် ကျဆင်းသွားတယ်။

Water-resistant iPhone 7

ဒီအချက်က ဖုန်းအသစ်ဝယ်တာထက် ရှိပြီးသားဖုန်းအဟောင်းနဲ့တောင် လိုက်ပြီးအလဲလုပ် အရောင်း၊ အဝယ်မလုပ်ကြတော့ဘူး။ တရုတ်တွေပဲ ပါးနပ်လာတာလား၊ ပိုပြီးဈေးကြီးလာတဲ့ iPhone ရောင်းအားတွေကြောင့်လား မပြောတတ်ပေမယ့် လောလောဆယ် အနှုတ်ပြနေပြီ။

Trade-in Smartphone

လာမယ့် Holiday Season မှာတောင် အလုံးရေ ၁၃ သန်းပဲ ရောင်းရဖွယ်ရှိနေတယ်၊ ဒီပမာဏက အရင်နှစ်ထက် 3% ပဲ နည်းတယ်ဆိုပေမယ့် Apple အထိနာတော့မယ် ထင်တယ်။ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘူးဖြစ်လာခဲ့ရင် ကယ်သူမဲ့နေပြီ။ ပိုဆိုးသွားတာက Mid-range နဲ့ Budget တန်းမှာ ရွေးစရာ iPhone မရှိတော့ ပြေးကပ်စရာမရှိဘူး။

Apple iPhones

နောက်ပြီး စမတ်ဖုန်းတင်ပို့မှု ဒီနှစ်ထဲမှာတော်တော့ကို အခြေနေဆိုးလာနေတယ်၊ အထူးသဖြင့် တရုတ်နိုင်ငံထဲ သိသိသာသာကို ကျဆင်းလာတဲ့ ဝယ်လိုအားကြောင့် Apple နဲ့ Samsung တို့အပေါ်ကြီးမားတဲ့ သက်ရောက်မှုရှိလာနိုင်တယ်။

iPhone XS Max

ဒီလို တရုတ်စီးပွားရေး အခြေနေ Trump နဲ့ စစ်ခင်းနေတဲ့ Trade Wars ကြောင့် ယိုယွင်းလာပြီလို့ သုံးသပ်ရပြီး ဆိုးရွားတဲ့အခိုက်တန့်ကာလတွေကို Screen ကြီးကြီး ထုတ်ထားတဲ့ iPhone XS ၊ XS Max တို့နဲ့ ကျော်ဖြတ်နိုင်မယ်လို့တော့ ခန့်မှန်းရပါတယ်။ ဘာလို့လဲဆို Phablet လို Screen အရွယ်စားကြီးတဲ့ စမတ်ဖုန်းတွေ တရုတ်နှစ်သက်တာဆိုတော့ XS Max ထက်ပိုကြီးတဲ့ Galaxy Note 10 ထုတ်သွားဦးမယ်လို့ Samsung ဆီက သတင်းသဲ့သဲ့ကြားနေရပါပြီ။

2B (Akhayar)
www.akhayar.com