[Zawgyi] 

Mercedes ကေတာ့ ကားေလာကထဲမွာ ဆရာတစ္ဆူဆိုတာထက္ ဂုဏ္ႀကီးတဲ့ Brand တစ္ခုဆိုရင္ ပိုမွန္ပါလိမ့္မယ့္။ ဂ်ာမဏီအေျခစိုက္ ကားထုတ္လုပ္တဲ့ ကုမၸဏီတစ္ခုအျဖစ္ နာမည္ႀကီးလူသိမ်ားပါတယ္။ ႏုိင္ငံတစ္ကာမွာေရာ ျပည္တြင္းမွာပါ လူအမ်ားစိတ္ဝင္စားတဲ့ Brand တစ္ခုအျဖစ္ရပ္တည္ေနတဲ့ ကုမၸဏီတစ္ခုပါ။ ကားေလာကမွာ စိတ္ဝင္စားစရာ နည္းပညာအသစ္ေတြကိုလည္း ထုတ္ျပတတ္သလို မၾကာေသးခင္ကလည္း ကားတြင္းသံုး Software စနစ္သစ္တစ္ခုျဖစ္တဲ့ Mercedes-Benz User Experience (MBUX) ဆိုတာကို ေနာက္လာမယ့္ ကားသစ္ေတြမွာ သံုးသြားမယ့္အေၾကာင့္ မိတ္ဆက္ေၾကညာခဲ့ပါတယ္။ 

MBUX

ပထမဦးဆံုး ေစ်းကြက္ထုတ္ကုန္တစ္ခုအျဖစ္ Mercedes A-Class အသစ္ေတြကို MBUX နဲ႔အတူမိတ္ဆက္ေပးခဲ့ပါတယ္။ A-Class ကေတာ့ ျပည္တြင္းမွာ အစီးမ်ားတဲ့ Honda Fit လိုမ်ိဳး Hatchback ကားေလးေတြျဖစ္တာေၾကာင့္ နည္းပညာအသစ္ပါေပမယ့္ Mercedes အတြက္ ေနာက္ထပ္ေစ်းကြက္အသစ္ မရရွိခဲ့ပါဘူး။ အဲ့ဒီေနာက္မွာေတာ့ Mercedes က A-Class အတြက္ပါ Sedan အမ်ိဳးအစားကို ထုတ္လုပ္လာခဲ့ပါတယ္။ A-Class အသစ္အားလံုးမွာပါလာတဲ့ MBUX ေၾကာင့္ တျခားၿပိဳင္ဖက္ကားေတြျဖစ္တဲ့ Audi နဲ႔ BMW တို႔ထက္ပိုၿပီး ေစ်းကြက္ထဲမွာေနရာရလာႏို္င္ေတာ့မွာပါ။ 

Touch Screen Navigation

ကားကုမၸဏီေတြက အရင္ကားေတြမွာ ေတြ႕ရတဲ့ နာရီလက္တံေတြလို Analogue ဒိုက္ခြက္ေတြအစား သင့္လက္ထဲက စမတ္ဖုန္းေတြလို Screen ေတြနဲ႔ အစားထိုးလာၾကပါတယ္။ ခလုပ္ေတာ္ေတာ္မ်ားမ်ားက ေပ်ာက္သြားၿပီး Screen ေပၚမွာပဲ သြားႏွိပ္ရတာမ်ိဳးေတြ ျဖစ္လာပါတယ္။ Keypad ပါတဲ့ ဖုန္းေတြကေန Touch Screen ဖုန္းေတြ ေခတ္စားလာတဲ့အခ်ိန္နဲ႔ အတူတူပါပဲ။ Mercedes အေနနဲ႔လည္း သူတို႔ရဲ႕ကားေတြကို Screen ေတြ သံုးေပးလာပါတယ္။ A-Class မွာလည္း ျမင္ကြင္းက်ယ္ Screen ႏွစ္ခုပါဝင္ၿပီး Software ကေတာ့ MBUX ကို အသံုးျပဳေပးထားပါတယ္။ 

All New A-Class Sedan

MBUX ကေတာ့ သင္ေန႔တိုင္း အသံုးျပဳေနတဲ့ ရင္းႏွီးၿပီးသား Smartphone ေတြကို အသံုးျပဳေနရသလို ခံစားခ်က္မ်ိဳးကိုေပးႏိုင္မွာပါ။ MBUX ကို Smartphone တစ္လံုးအသံုးျပဳေနရသလို လြယ္ကူေအာင္ Desgin ဆြဲေပးထားတာေၾကာင့္ပါ။ MBUX မွာ ထူးျခားခ်က္အေနနဲ႔ကေတာ့ Virtual Assistant ပါဝင္လာတာပါ။ AI လည္းပါဝင္တာေၾကာင့္ ေမးတာ၊ အမိန္႔ေပးတာေတြကို ျပန္ေျဖ႐ံု၊ လုပ္ေပး႐ံုမဟုတ္ဘဲ အႀကံေပးတာမ်ိဳးေတြကိုပါ သင့္အတြက္ လုပ္ေပးႏိုင္မွာပါ။ သင့္ဖုန္းမွာ Okay Google ၊ Hey Siri လို႔ေျပာသလိုမ်ိဳးပဲ Hey Mercedes ဆိုၿပီး ေခၚလိုက္႐ံုနဲ႔ သင္သိခ်င္တာ၊ အမိန္႔ေပးခိုင္းေစခ်င္တာေတြကို အလြယ္တကူ လုပ္ႏိုင္မွာပါ။ သီခ်င္းဖြင့္ခိုင္းတာ၊ စားေသာက္ဆိုင္ရွာခိုင္းတာ၊ အနီးဆံုးလမ္း၊ အေကာင္းဆံုးလမ္း စတာေတြကို ေ႐ြးခိုင္းတာမ်ိိဳးမွာ ဘာမွ ႏွိပ္စရာမလိုတဲ့အျပင္ မ်က္လံုးကို လမ္းေပၚကမခြာဘဲ လုပ္လို႔ရတာေၾကာင့္ ကားေမာင္းေနတုန္းမွာ အႏၱရာယ္ပိုကင္းပါတယ္။ 

A-Class Sedan

MBUX တစ္ခုလံုးက ႐ိုးရွင္းသလို Touch Screen အသံုးျပဳလို႔ရတာေၾကာင့္ Smartphone တစ္လံုးကို အသံုးျပဳရသလိုျဖစ္ေနေစတာပါ။ ကားတစ္စီးလံုးမွာပါတဲ့ အတြင္းခန္း လွ်ပ္စစ္ပစၥည္းေတြ အားလံုးနီးပါးကို  အလယ္မွာပါတဲ့ Screen တစ္ခုတည္းကေန ထိန္းခ်ဳပ္လို႔ရပါတယ္။ ကားနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကိုေတာ့ Steering ေရွ႕မွာ တပ္ေပးထားတဲ့ Screen ကေန ၾကည့္ႏိုင္မွာျဖစ္ပါတယ္။ နည္းပညာျမင့္သလို Mercedes လည္းျဖစ္ေနေပမယ့္ A-Class Sedan ရဲ႕ တန္ဖိုးက $35,000 ဝန္းက်င္ပဲက်သင့္မွာပါ။ ဒီလိုနည္းပညာျမင့္ Mercedes တစ္စီးကို ဒီေစ်းဝန္းက်င္နဲ႔ေရာင္းတယ္ဆိုတာကလည္း အေၾကာင္းျပခ်က္ရွိေနပါတယ္။ တ႐ုတ္ႏိုင္ငံနဲ႔ တျခား အာရွႏိုင္ငံေတြမွာ Mercedes ပရိတ္သတ္ပိုမ်ားလာေစဖို႔အတြက္ အခုလို တန္ဖိုးနည္း နည္းပညာျမင့္ Mercedes A-Class ကို Sedan ပါထုတ္လုပ္လိုက္တာပါ။ အရင္ကလို Hatchback ပဲဆက္ထုတ္ေနရင္ Mercedes အေနနဲ႔ ေစ်းကြက္အသစ္ထပ္ရဖို႔ သိပ္ကိုခက္ခဲသြားႏိုင္တာေၾကာင့္ပါ။ A-Class ေတြကေတာ့ ဘီးေလးဘီးတပ္ထားတဲ့ Smartphone ေတြအျဖစ္ နာမည္တြင္ေနဦးမွာပါ။

Ref: CNN Money

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

ဘီးေလးဘီးေပၚက Smartphone တစ္လံုးလို႔ နာမည္တြင္ေနတဲ့ Mercedes-Benz ရဲ႕  A-Class Sedan

Mercedes ကတော့ ကားလောကထဲမှာ ဆရာတစ်ဆူဆိုတာထက် ဂုဏ်ကြီးတဲ့ Brand တစ်ခုဆိုရင် ပိုမှန်ပါလိမ့်မယ့်။ ဂျာမဏီအခြေစိုက် ကားထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုအဖြစ် နာမည်ကြီးလူသိများပါတယ်။ နိုင်ငံတစ်ကာမှာရော ပြည်တွင်းမှာပါ လူအများစိတ်ဝင်စားတဲ့ Brand တစ်ခုအဖြစ်ရပ်တည်နေတဲ့ ကုမ္ပဏီတစ်ခုပါ။ ကားလောကမှာ စိတ်ဝင်စားစရာ နည်းပညာအသစ်တွေကိုလည်း ထုတ်ပြတတ်သလို မကြာသေးခင်ကလည်း ကားတွင်းသုံး Software စနစ်သစ်တစ်ခုဖြစ်တဲ့ Mercedes-Benz User Experience (MBUX) ဆိုတာကို နောက်လာမယ့် ကားသစ်တွေမှာ သုံးသွားမယ့်အကြောင့် မိတ်ဆက်ကြေညာခဲ့ပါတယ်။ 

MBUX

ပထမဦးဆုံး ဈေးကွက်ထုတ်ကုန်တစ်ခုအဖြစ် Mercedes A-Class အသစ်တွေကို MBUX နဲ့အတူမိတ်ဆက်ပေးခဲ့ပါတယ်။ A-Class ကတော့ ပြည်တွင်းမှာ အစီးများတဲ့ Honda Fit လိုမျိုး Hatchback ကားလေးတွေဖြစ်တာကြောင့် နည်းပညာအသစ်ပါပေမယ့် Mercedes အတွက် နောက်ထပ်ဈေးကွက်အသစ် မရရှိခဲ့ပါဘူး။ အဲ့ဒီနောက်မှာတော့ Mercedes က A-Class အတွက်ပါ Sedan အမျိုးအစားကို ထုတ်လုပ်လာခဲ့ပါတယ်။ A-Class အသစ်အားလုံးမှာပါလာတဲ့ MBUX ကြောင့် တခြားပြိုင်ဖက်ကားတွေဖြစ်တဲ့ Audi နဲ့ BMW တို့ထက်ပိုပြီး ဈေးကွက်ထဲမှာနေရာရလာနိုင်တော့မှာပါ။ 

Touch Screen Navigation

ကားကုမ္ပဏီတွေက အရင်ကားတွေမှာ တွေ့ရတဲ့ နာရီလက်တံတွေလို Analogue ဒိုက်ခွက်တွေအစား သင့်လက်ထဲက စမတ်ဖုန်းတွေလို Screen တွေနဲ့ အစားထိုးလာကြပါတယ်။ ခလုပ်တော်တော်များများက ပျောက်သွားပြီး Screen ပေါ်မှာပဲ သွားနှိပ်ရတာမျိုးတွေ ဖြစ်လာပါတယ်။ Keypad ပါတဲ့ ဖုန်းတွေကနေ Touch Screen ဖုန်းတွေ ခေတ်စားလာတဲ့အချိန်နဲ့ အတူတူပါပဲ။ Mercedes အနေနဲ့လည်း သူတို့ရဲ့ကားတွေကို Screen တွေ သုံးပေးလာပါတယ်။ A-Class မှာလည်း မြင်ကွင်းကျယ် Screen နှစ်ခုပါဝင်ပြီး Software ကတော့ MBUX ကို အသုံးပြုပေးထားပါတယ်။ 

All New A-Class Sedan

MBUX ကတော့ သင်နေ့တိုင်း အသုံးပြုနေတဲ့ ရင်းနှီးပြီးသား Smartphone တွေကို အသုံးပြုနေရသလို ခံစားချက်မျိုးကိုပေးနိုင်မှာပါ။ MBUX ကို Smartphone တစ်လုံးအသုံးပြုနေရသလို လွယ်ကူအောင် Desgin ဆွဲပေးထားတာကြောင့်ပါ။ MBUX မှာ ထူးခြားချက်အနေနဲ့ကတော့ Virtual Assistant ပါဝင်လာတာပါ။ AI လည်းပါဝင်တာကြောင့် မေးတာ၊ အမိန့်ပေးတာတွေကို ပြန်ဖြေရုံ၊ လုပ်ပေးရုံမဟုတ်ဘဲ အကြံပေးတာမျိုးတွေကိုပါ သင့်အတွက် လုပ်ပေးနိုင်မှာပါ။ သင့်ဖုန်းမှာ Okay Google ၊ Hey Siri လို့ပြောသလိုမျိုးပဲ Hey Mercedes ဆိုပြီး ခေါ်လိုက်ရုံနဲ့ သင်သိချင်တာ၊ အမိန့်ပေးခိုင်းစေချင်တာတွေကို အလွယ်တကူ လုပ်နိုင်မှာပါ။ သီချင်းဖွင့်ခိုင်းတာ၊ စားသောက်ဆိုင်ရှာခိုင်းတာ၊ အနီးဆုံးလမ်း၊ အကောင်းဆုံးလမ်း စတာတွေကို ရွေးခိုင်းတာမျိုးမှာ ဘာမှ နှိပ်စရာမလိုတဲ့အပြင် မျက်လုံးကို လမ်းပေါ်ကမခွာဘဲ လုပ်လို့ရတာကြောင့် ကားမောင်းနေတုန်းမှာ အန္တရာယ်ပိုကင်းပါတယ်။ 

A-Class Sedan

MBUX တစ်ခုလုံးက ရိုးရှင်းသလို Touch Screen အသုံးပြုလို့ရတာကြောင့် Smartphone တစ်လုံးကို အသုံးပြုရသလိုဖြစ်နေစေတာပါ။ ကားတစ်စီးလုံးမှာပါတဲ့ အတွင်းခန်း လျှပ်စစ်ပစ္စည်းတွေ အားလုံးနီးပါးကို  အလယ်မှာပါတဲ့ Screen တစ်ခုတည်းကနေ ထိန်းချုပ်လို့ရပါတယ်။ ကားနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ Steering ရှေ့မှာ တပ်ပေးထားတဲ့ Screen ကနေ ကြည့်နိုင်မှာဖြစ်ပါတယ်။ နည်းပညာမြင့်သလို Mercedes လည်းဖြစ်နေပေမယ့် A-Class Sedan ရဲ့ တန်ဖိုးက $35,000 ဝန်းကျင်ပဲကျသင့်မှာပါ။ ဒီလိုနည်းပညာမြင့် Mercedes တစ်စီးကို ဒီဈေးဝန်းကျင်နဲ့ရောင်းတယ်ဆိုတာကလည်း အကြောင်းပြချက်ရှိနေပါတယ်။ တရုတ်နိုင်ငံနဲ့ တခြား အာရှနိုင်ငံတွေမှာ Mercedes ပရိတ်သတ်ပိုများလာစေဖို့အတွက် အခုလို တန်ဖိုးနည်း နည်းပညာမြင့် Mercedes A-Class ကို Sedan ပါထုတ်လုပ်လိုက်တာပါ။ အရင်ကလို Hatchback ပဲဆက်ထုတ်နေရင် Mercedes အနေနဲ့ ဈေးကွက်အသစ်ထပ်ရဖို့ သိပ်ကိုခက်ခဲသွားနိုင်တာကြောင့်ပါ။ A-Class တွေကတော့ ဘီးလေးဘီးတပ်ထားတဲ့ Smartphone တွေအဖြစ် နာမည်တွင်နေဦးမှာပါ။

Ref: CNN Money

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။