[Zawgyi]

ဖီနာဘာခ်ီအသင္းကို ေျပာင္းေရႊ႕ခဲ႔တဲ႔ ဆလီမန္နီ Slimani

လက္စတာစီးတီးအသင္း တိုက္စစ္မႈး ဆလီမန္နီ Slimani ဟာ တူရကီကလပ္ ဖီနာဘာခ်ီအသင္းကို တစ္ရာသီအငွားနဲ႔ ေျပာင္းေရႊ႕ခဲ႔ပါတယ္။ ၂၀၁၆ ခုႏွစ္က ဆလီမန္နီ Slimani ဟာ လက္စတာစီးတီးအသင္းကို စပို႔တင္းလစၥဘြန္းအသင္းကေန ေပါင္သန္း(၃၀)နဲ႔ေျပာင္းေရႊ႕လာခဲ႔သူပဲျဖစ္ပါတယ္။ ဆလီမန္နီ Slimani ဟာ လက္စတာစီးတီးအသင္းမွာ ပံုမွန္ေျခစြမ္းရဖို႔ ရုန္းကန္ခဲ႔ရျပီး ျပီးခဲ႔တဲ႔ ေဘာလံုးရာသီက နယူးကာဆယ္အသင္းမွာရာသီ၀က္အငွားနဲ႔သြားေရာက္ကစားခဲ႔ရပါတယ္။

Slimani

Slimani

အသက္(၃၀)အရြယ္ရိွျပီျဖစ္သူ ဆလီမန္နီ Slimani ဟာ လက္စတာစီးတီးအသင္းအတြက္ ပြဲေပါင္း(၄၇)ပြဲကစားထားျပီး သြင္းဂိုး(၁၂)ဂိုးသြင္းယူထားသူပါ။ ဖီနာဘာခ်ီအသင္းဟာ ျပီးခဲ႔တဲ႔ ေဘာလံုးရာသီက တူရကီစူပါလိဂ္မွာ ဒုတိယေနရာရရိွခဲ႔ျပီး အသင္းရဲ႕တိုက္စစ္ပိုင္းကို အားျဖည္႔ဖို႔အတြက္ ဆလီမန္နီ Slimani ကိုေခၚယူခဲ႔တာပဲျဖစ္ပါတယ္။ ပရီးမီးယားလိဂ္မွာ ရုန္းကန္ခဲ႔ရတဲ႔ ဆလီမန္နီ Slimani ဟာ တူရကီေျမမွာ သူ႔ရဲ႕ပံုမွန္ေျခစြမ္းကို ျပန္ရမလားဆိုတာကိုေတာ႔ ေစာင္႔ၾကည္႔သြားရမွာပဲျဖစ္ပါတယ္။

REF: Sky Sports
Photo: Fenerbahçe , Fenerbahçe Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဖီနာဘာချီအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဆလီမန်နီ Slimani

လက်စတာစီးတီးအသင်း တိုက်စစ်မှုး ဆလီမန်နီ Slimani ဟာ တူရကီကလပ် ဖီနာဘာချီအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဆလီမန်နီ Slimani ဟာ ဖီနာဘာချီအသင်းကိုတစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က ဆလီမန်နီ Slimani ဟာ လက်စတာစီးတီးအသင်းကို စပို့တင်းလစ္စဘွန်းအသင်းကနေ ပေါင်သန်း(၃၀)နဲ့ပြောင်းရွှေ့လာခဲ့သူပဲဖြစ်ပါတယ်။ ဆလီမန်နီ Slimani ဟာ လက်စတာစီးတီးအသင်းမှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီက နယူးကာဆယ်အသင်းမှာရာသီဝက်အငှားနဲ့သွားရောက်ကစားခဲ့ရပါတယ်။

Slimani

Slimani

အသက်(၃၀)အရွယ်ရှိပြီဖြစ်သူ ဆလီမန်နီ Slimani ဟာ လက်စတာစီးတီးအသင်းအတွက် ပွဲပေါင်း(၄၇)ပွဲကစားထားပြီး သွင်းဂိုး(၁၂)ဂိုးသွင်းယူထားသူပါ။ ဖီနာဘာချီအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက တူရကီစူပါလိဂ်မှာ ဒုတိယနေရာရရှိခဲ့ပြီး အသင်းရဲ့တိုက်စစ်ပိုင်းကို အားဖြည့်ဖို့အတွက် ဆလီမန်နီ Slimani ကိုခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ရုန်းကန်ခဲ့ရတဲ့ ဆလီမန်နီ Slimani ဟာ တူရကီမြေမှာ သူ့ရဲ့ပုံမှန်ခြေစွမ်းကို ပြန်ရမလားဆိုတာကိုတော့ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

REF: Sky Sports
Photo: Fenerbahçe , Fenerbahçe Twitter
Ko Kyue(Akhayar)
www.akhayar.com