[Zawgyi]

အိပ္ေပ်ာ္ေနရင္း ညသန္းေခါင္ယံမွာ ဘာေၾကာင့္လန္႔ႏိုးလာရတာလဲ

ညသန္းေခါင္ယံမွာ မၾကာခဏဆိုသလို လန္႔ႏုိးၿပီး ျပန္အိပ္မရတာမ်ိဳး ႀကံဳဖူးၾကမယ္ထင္ပါတယ္။ လူကပင္ပန္းေနေပမယ့္ အခ်ိန္မေတာ္ႏိုးလာၿပီး ေတာ္ေတာ္နဲ႔ျပန္အိပ္မရေတာ့တာက တကယ့္ကို စိတ္ကသိကေအာက္ ျဖစ္စရာပါပဲ။ ဒီလိုညဘက္အခ်ိန္မေတာ္ လန္႔ႏိုးလာရတဲ့ အေၾကာင္းအရင္းေတြကို သတိထားမိေစဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) က်န္းမာေရးဆိုင္ရာျပႆနာေၾကာင့္

ညအိပ္ခါနီးမွာ ေရမ်ားမ်ားေသာက္ထားတဲ့သူေတြကေတာ့ ညဘက္အခ်ိန္မေတာ္လန္႔ႏုိးလာတာ မဆန္းပါဘူးေနာ္။ အေပါ့၊ အေလးသြားခ်င္တဲ့အခါ၊ ဗိုက္နာတဲ့အခါေတြမွာ ခႏၶာကိုယ္တြင္းအဂၤါရပ္လုပ္ေဆာင္မႈမ်ားက ဦးေႏွာက္ကိုႏိုးၾကားသြားေစတာေၾကာင့္ လန္႔ႏိုးလာရတာပဲျဖစ္ပါတယ္။ ဒါေပမယ့္ ဒီလိုက်န္းမာေရးဆိုင္ရာလကၡဏာရပ္ေတြ မျဖစ္ပါလ်က္နဲ႔ ညဘက္လန္႔ႏိုးလာတတ္တယ္ဆုိရင္ေတာ့ ဆရာဝန္ဆီ သြားေရာက္တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။

(၂) ဆူညံသံေၾကာင့္

ဒီလိုဆူညံသံေတြနဲ႔ ညဘက္ႏုိးထလာတတ္တဲ့သူေတြကိုေတာ့ Earplugs ေဆာင္ထားဖို႔ ဆရာဝန္ေတြက တိုက္တြန္းထားပါတယ္။ တစ္ခါတစ္ရံမွာ အိမ္က ေရခဲေသတၱာအသံ၊ ေလေအးေပးစက္အသံကအစ အိပ္စက္မႈကို အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ အဆိုးဆံုးကေတာ့ ကိုယ့္ရဲ႕ေဘးပတ္ဝန္းက်င္က ဆူညံသံေတြေၾကာင့္ပါပဲ။

(၃) အရက္ေသစာေသာက္စားမႈေၾကာင့္

ညအိပ္ရာဝင္ခါနီးမွာ အရက္ေသစာေသာက္စားတာကလည္း သန္းေခါင္ယံညမွာ လန္႔ႏိုးလာရတဲ့ အေၾကာင္းအရင္းတစ္ရပ္ပါပဲ။ ခႏၶာကိုယ္တြင္းမွာ အယ္လ္ကိုေဟာဓာတ္စီးဆင္းေနတဲ့အခါ သာမာန္အခ်ိန္ထက္ ပူေနတတ္ၿပီးေတာ့ စိတ္ကေယာင္ေျခာက္ျခားျဖစ္ရတဲ့အတြက္ လန္႔ႏိုးလာရျခင္းပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ညသန္းေခါင္ယံခ်ိန္မွာ လန္႔ႏိုးတတ္တယ္ဆိုရင္ေတာ့ အိပ္ခါနီး အရက္ေသစာေသာက္စားတာကို ေရွာင္ၾကဥ္ဖုိ႔လိုပါတယ္။

(၄) အိပ္စက္မႈမူမမွန္ျခင္းေၾကာင့္

အိပ္စက္တဲ့အခါမွာ ခႏၶာကိုယ္အေနအထားကလည္း အေရးႀကီးပါတယ္။ ဒါမွလည္း အိပ္တဲ့အခါမွာ အသက္ရွဴရလြယ္ကူေစမွာပါ။ ခႏၶာကိုယ္အေနအထားမမွန္တဲ့အခါမွာ ေလေကာငး္စြာမရရွိေတာ့တဲ့အတြက္ ေဟာက္တာ၊ အသက္ရွဴၾကပ္တာမ်ိဳး ျဖစ္လာၿပီးေတာ့ ညဘက္အခ်ိန္မေတာ္ လန္႔ႏိုးလာရျခင္းပဲ ျဖစ္ပါတယ္။

(၅) အခန္းတြင္းအပူခ်ိန္မမွ်ျခင္းေၾကာင့္

အိပ္ခန္းတြင္းက အပူခ်ိန္မွ်တမႈမရွိတဲ့အခါမ်ိဳးမွာလည္း လူက ရုတ္တရက္လန္႔ႏိုးလာတတ္ပါတယ္။ အခန္းတြင္းအပူခ်ိန္ 15 နဲ႔ 19 Degrees Celsius ဆိုရင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစႏုိင္တယ္လို႔ ေဆးပညာရွင္မ်ားက ဆိုထားပါတယ္။ ညဘက္ေစာင္မၿခံဳထားလို႔ ေအးလာရင္လည္း လန္႔ႏုိးလာတတ္သလို၊ ပူလြန္းလို႔ ေခၽြးေတြနဲ႔ စိုရႊဲေနတဲ့အခါမွာလည္း လန္႔ႏုိးလာတတ္တာေၾကာင့္ အိပ္ခါနီးမွာ အခန္းတြင္းအပူခ်ိန္ကို ေသခ်ာဂရုတစိုက္ခ်င့္ခ်ိန္ထားဖို႔ လိုပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အိပ်ပျော်နေရင်း ညသန်းခေါင်ယံမှာ ဘာကြောင့်လန့်နိုးလာရတာလဲ

ညသန်းခေါင်ယံမှာ မကြာခဏဆိုသလို လန့်နိုးပြီး ပြန်အိပ်မရတာမျိုး ကြုံဖူးကြမယ်ထင်ပါတယ်။ လူကပင်ပန်းနေပေမယ့် အချိန်မတော်နိုးလာပြီး တော်တော်နဲ့ပြန်အိပ်မရတော့တာက တကယ့်ကို စိတ်ကသိကအောက် ဖြစ်စရာပါပဲ။ ဒီလိုညဘက်အချိန်မတော် လန့်နိုးလာရတဲ့ အကြောင်းအရင်းတွေကို သတိထားမိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) ကျန်းမာရေးဆိုင်ရာပြဿနာကြောင့်

ညအိပ်ခါနီးမှာ ရေများများသောက်ထားတဲ့သူတွေကတော့ ညဘက်အချိန်မတော်လန့်နိုးလာတာ မဆန်းပါဘူးနော်။ အပေါ့၊ အလေးသွားချင်တဲ့အခါ၊ ဗိုက်နာတဲ့အခါတွေမှာ ခန္ဓာကိုယ်တွင်းအင်္ဂါရပ်လုပ်ဆောင်မှုများက ဦးနှောက်ကိုနိုးကြားသွားစေတာကြောင့် လန့်နိုးလာရတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုကျန်းမာရေးဆိုင်ရာလက္ခဏာရပ်တွေ မဖြစ်ပါလျက်နဲ့ ညဘက်လန့်နိုးလာတတ်တယ်ဆိုရင်တော့ ဆရာဝန်ဆီ သွားရောက်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

(၂) ဆူညံသံကြောင့်

ဒီလိုဆူညံသံတွေနဲ့ ညဘက်နိုးထလာတတ်တဲ့သူတွေကိုတော့ Earplugs ဆောင်ထားဖို့ ဆရာဝန်တွေက တိုက်တွန်းထားပါတယ်။ တစ်ခါတစ်ရံမှာ အိမ်က ရေခဲသေတ္တာအသံ၊ လေအေးပေးစက်အသံကအစ အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အဆိုးဆုံးကတော့ ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်က ဆူညံသံတွေကြောင့်ပါပဲ။

(၃) အရက်သေစာသောက်စားမှုကြောင့်

ညအိပ်ရာဝင်ခါနီးမှာ အရက်သေစာသောက်စားတာကလည်း သန်းခေါင်ယံညမှာ လန့်နိုးလာရတဲ့ အကြောင်းအရင်းတစ်ရပ်ပါပဲ။ ခန္ဓာကိုယ်တွင်းမှာ အယ်လ်ကိုဟောဓာတ်စီးဆင်းနေတဲ့အခါ သာမာန်အချိန်ထက် ပူနေတတ်ပြီးတော့ စိတ်ကယောင်ခြောက်ခြားဖြစ်ရတဲ့အတွက် လန့်နိုးလာရခြင်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ညသန်းခေါင်ယံချိန်မှာ လန့်နိုးတတ်တယ်ဆိုရင်တော့ အိပ်ခါနီး အရက်သေစာသောက်စားတာကို ရှောင်ကြဉ်ဖို့လိုပါတယ်။

(၄) အိပ်စက်မှုမူမမှန်ခြင်းကြောင့်

အိပ်စက်တဲ့အခါမှာ ခန္ဓာကိုယ်အနေအထားကလည်း အရေးကြီးပါတယ်။ ဒါမှလည်း အိပ်တဲ့အခါမှာ အသက်ရှူရလွယ်ကူစေမှာပါ။ ခန္ဓာကိုယ်အနေအထားမမှန်တဲ့အခါမှာ လေကောင်းစွာမရရှိတော့တဲ့အတွက် ဟောက်တာ၊ အသက်ရှူကြပ်တာမျိုး ဖြစ်လာပြီးတော့ ညဘက်အချိန်မတော် လန့်နိုးလာရခြင်းပဲ ဖြစ်ပါတယ်။

(၅) အခန်းတွင်းအပူချိန်မမျှခြင်းကြောင့်

အိပ်ခန်းတွင်းက အပူချိန်မျှတမှုမရှိတဲ့အခါမျိုးမှာလည်း လူက ရုတ်တရက်လန့်နိုးလာတတ်ပါတယ်။ အခန်းတွင်းအပူချိန် 15 နဲ့ 19 Degrees Celsius ဆိုရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်တယ်လို့ ဆေးပညာရှင်များက ဆိုထားပါတယ်။ ညဘက်စောင်မခြုံထားလို့ အေးလာရင်လည်း လန့်နိုးလာတတ်သလို၊ ပူလွန်းလို့ ချွေးတွေနဲ့ စိုရွှဲနေတဲ့အခါမှာလည်း လန့်နိုးလာတတ်တာကြောင့် အိပ်ခါနီးမှာ အခန်းတွင်းအပူချိန်ကို သေချာဂရုတစိုက်ချင့်ချိန်ထားဖို့ လိုပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။