[Zawgyi]

ရုံးပိတ္ရက္မွာ အိပ္စက္မယ္ဆိုရင္ အသက္ရွည္မယ္တဲ့

အလုပ္ခြင္မွာက်င္လည္ရတဲ႔ ဝန္ထမ္းေတြအတြက္ေတာ့ ပိတ္ရက္ေရာက္တယ္ဆိုတာ တကယ္ကို ေရႊရသလုိေပ်ာ္ရႊင္ရတဲ႔ အခ်ိန္အခိုက္အတန္႔ပါပဲ။ ရံုးဖြင္႔ရက္ ငါးရက္လံုးအလုပ္လုပ္ခဲ့ရသမွ် စိတ္ေရာလူေရာပင္ပန္းမႈေတြကို ဒီပိတ္ရက္ႏွစ္ရက္ေရာက္တဲ႔အခါမွာ အတိုးခ်ကာ အနားယူၾကပါတယ္။ အဲဒီလိုအနားယူၾကတဲ႔အခါမွာ ပိတ္ရက္မွာ မနက္ကို ေနာက္က်တဲ႔အထိ အိပ္ေရးဝဝအိပ္ၿပီး အနားယူတတ္တဲ႔ အေလ့အက်င္႔ေတြ ရွိၾကပါတယ္။ အိပ္ေရးဝဝအိပ္တဲ႔အခါမွာ အားအင္ေတြ ျပန္လည္ျပည္႔တင္းလာရုံသာမကဘဲ စိတ္လည္းၾကည္လင္လန္းဆန္းလာကာ အေတြးအေခၚအသစ္ေတြ ပိုမိုကြန္႔ျမဴးလာႏိုင္ပါတယ္။ ဒီလို ပိတ္ရက္မွာ ေနာက္က်တဲ့အထိ အိပ္စက္တဲ႔အက်င္႔ကေန ေကာင္းမြန္တဲ႔အက်ဳိးေက်းဇူးေတြ ရရွိလာႏိုင္ပါတယ္။ ဆီြဒင္နဲ႔ အေမရိကန္က သုေတသနျပဳလုပ္သူေတြရဲ႕ ေလ့လာခ်က္ေတြအရ အသက္ ၆၅ ႏွစ္ေအာက္လူေတြအေနနဲ႔ စေန၊တနဂၤေႏြလိုမ်ဳိး ပိတ္ရက္ေတြမွာ ငါးနာရီေအာက္ပဲအိပ္စက္ရမယ္ဆိုရင္ ေသဆံုးႏိုင္ေျခမ်ားပါတယ္တဲ႔။ ဒီအခ်က္ကိုၾကည္႔ျခင္းအားျဖင္႔ ပိတ္ရက္မွာ ေနာက္က်တဲ႔အထိအိပ္တာက အခ်ိန္မတိုင္မီေသဆံုးျခင္းမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္တယ္လို႔ ယူဆလို႔ရပါတယ္။

Journal of Sleep Research ရဲ႕သုေတသနျပဳ ထုတ္ျပန္ထားခ်က္ေတြကလည္း အလားတူျဖစ္ၿပီး ၁၃ ႏွစ္ၾကာေအာင္ အိပ္စက္ျခင္းနဲ႔ဆိုင္တဲ့ ဘာသာရပ္ေတြကို ေလ့လာထားတဲ႔ အခ်က္အလက္ေတြေပၚမွာ အေျခခံၿပီး ထုတ္ျပန္ထားတာျဖစ္ပါတယ္။ တစ္ပတ္မွာ ငါးနာရီေလာက္္ပဲ ေကာင္းေကာင္းအိပ္ရတဲ႔သူေတြနဲ႔ ပိတ္ရက္မွာ အခ်ိန္ၾကာျမင္႔စြာအိပ္စက္ႏိုင္တဲ့သူေတြမွာ ပိတ္ရက္မွာ အခ်ိန္ၾကာျမင္႔စြာအိပ္စက္ႏိုင္တဲ့သူေတြက က်န္းမာေရးနဲ႔အသက္ရွည္ျခင္းမွာ အေထာက္အပ႔ံေကာင္းေတြ ပိုမိုရရွိေစပါတယ္။

တစ္ပတ္တာလံုး ငါးနာရီေအာက္အိပ္စက္ရတဲ့သူ၊ ကိုးနာရီေက်ာ္တဲ့အထိအိပ္စက္တဲ႔သူနဲ႔ ေျခာက္နာရီနဲ႔ ခုနစ္နာရီၾကာ အိပ္စက္တဲ႔သူေတြကို ႏႈိင္းယွဥ္္ၾကည္႔တဲ႔အခါမွာ ငါးနာရီေအာက္အိပ္စက္ရတဲ့သူ၊ ကိုးနာရီေက်ာ္တဲ့အထိအိပ္စက္ရတဲ့သူေတြက ေစာစီးစြာေသဆံုးႏုိင္ေျခ ပိုျမင္႔ေနတာကို ေတြ႔ရပါတယ္။ ဒါေၾကာင္႔အိပ္စက္ခ်ိန္နည္းလြန္းတာလည္း မေကာင္းသလို မ်ားလြန္းရင္လည္း မေကာင္းပါဘူး။ သုေတသီေတြက အခ်ိန္မတိုင္မီေသဆံုးႏုိင္ေျခေပၚသက္ေရာက္မႈေတြ စဥ္းစားတဲ႔အခါမွာ က်ား၊မ ၊ပညာေရး၊ BMI ညႊန္းကိန္း ၊ ျပင္းထန္ေသာေရာဂါရွိမရွိ ၊ အိပ္ေဆးေသာက္သံုးမႈရွိမရွိ၊ ေဆးလိပ္ေသာက္သံုးျခင္း၊ အရက္ေသစာေသာက္စားျခင္းရွိမရွွိ၊ ကိုယ္လက္လႈပ္ရွားမႈရွိမရွိ၊ ေကာ္ဖီေသာက္သံုးမႈရွိမရွိနဲ႔ အလုပ္အကိုင္ရာထူး စတာေတြကိုပါ ထည္႔သြင္းစဥ္းစားၾကပါတယ္။

ဆီြဒင္ Karolinska Institute မွ Clinical Neuroscience ပေရာ္ဖက္ဆာ Torbjorn Akerstedt နဲ႔ ဒီေဆာင္းပါးကိုေရးခဲ့တဲ႔ စာေရးဆရာတို႔ရဲ႕ေတြ႔ရွိခ်က္က ေရွးယခင္ကေတြ႕ရွိခဲ႔တဲ႔ အိပ္စက္ခ်ိန္ၾကာျမင္႔မႈနဲ႔ ေသဆံုးျခင္းၾကားမွာ ဆက္ႏြယ္မႈရွိတယ္ဆုိတဲ့အခ်က္နဲ႔ ကိုက္ညီတယ္လို႔ ေျပာခဲ႔ပါတယ္။ ဒါေပမဲ႔ ယခင္ေလ့လာခ်က္က တနလာၤေန႔မွ ေသာၾကာေန႔အထိ ရုံးဖြင္႔ရက္ေတြကို အဓိကထား ေလ့လာခဲ႔တာျဖစ္ၿပီး ဒီေလ႔လာခ်က္ေတြကျပည္႔စံုတယ္လုိ႔ ဆုိလုိ႔မရတဲ႔အျပင္ သံသယျဖစ္စရာအခ်က္ေတြလည္း ရွိတယ္လို႔ Akerstedt က ေျပာၾကားခဲ႔ပါတယ္။ ဒါေၾကာင္႔မို႔ ပိတ္ရက္အိပ္စက္ျခင္းေတြကိုပါ သုေတသနျပဳလုပ္ၾကည္႔တဲ့အခါမွာ ပိတ္ရက္မွာ အိပ္ေရးဝဝအိပ္စက္ျခင္းက ေစာေစာစီးစီး ေသဆံုးတာမ်ဳိးမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္တာကို ေတြ႔ရတာျဖစ္ပါတယ္။ ပိတ္ရက္မွာေကာင္းေကာင္းမအိပ္လုိက္ရလုိ႔ ၾကားရက္မွာျဖည္႔အိပ္မယ္ဆုိတာမ်ိဳးကလည္း အက်ိဳးရလဒ္ေကာင္းမရေစဘူးလို႔ ဆိုထားပါတယ္။

လူငယ္ေတြျဖစ္ရင္ေတာ့ ပိတ္ရက္မွာ တတ္ႏိုင္သမွ် အိပ္ေရးဝဝ အိပ္ေပးတာက အေကာင္းဆံုးျဖစ္တယ္လုိ႔ Akerstedt က ေျပာၾကားခဲ႔ပါတယ္။ ပိတ္ရက္ေတြမွာ ေကာင္းေကာင္းမြန္မြန္အနားယူၿပီး အားသစ္ေမြးတာက အလုပ္မွာ ပိုမိုအာရုံစူးစိုက္ႏိုင္ၿပီး စြမ္းေဆာင္ရည္ေတြ တိုးျမွင္႔လာႏိုင္ေစမွာ အေသအခ်ာပါပဲ။

H.H(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ရုံးပိတ်ရက်မှာ အိပ်စက်မယ်ဆိုရင် အသက်ရှည်မယ်တဲ့

အလုပ်ခွင်မှာကျင်လည်ရတဲ့ ဝန်ထမ်းတွေအတွက်တော့ ပိတ်ရက်ရောက်တယ်ဆိုတာ တကယ်ကို ရွှေရသလိုပျော်ရွှင်ရတဲ့ အချိန်အခိုက်အတန့်ပါပဲ။ ရုံးဖွင့်ရက် ငါးရက်လုံးအလုပ်လုပ်ခဲ့ရသမျှ စိတ်ရောလူရောပင်ပန်းမှုတွေကို ဒီပိတ်ရက်နှစ်ရက်ရောက်တဲ့အခါမှာ အတိုးချကာ အနားယူကြပါတယ်။ အဲဒီလိုအနားယူကြတဲ့အခါမှာ ပိတ်ရက်မှာ မနက်ကို နောက်ကျတဲ့အထိ အိပ်ရေးဝဝအိပ်ပြီး အနားယူတတ်တဲ့ အလေ့အကျင့်တွေ ရှိကြပါတယ်။ အိပ်ရေးဝဝအိပ်တဲ့အခါမှာ အားအင်တွေ ပြန်လည်ပြည့်တင်းလာရုံသာမကဘဲ စိတ်လည်းကြည်လင်လန်းဆန်းလာကာ အတွေးအခေါ်အသစ်တွေ ပိုမိုကွန့်မြူးလာနိုင်ပါတယ်။ ဒီလို ပိတ်ရက်မှာ နောက်ကျတဲ့အထိ အိပ်စက်တဲ့အကျင့်ကနေ ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေ ရရှိလာနိုင်ပါတယ်။ ဆွီဒင်နဲ့ အမေရိကန်က သုတေသနပြုလုပ်သူတွေရဲ့ လေ့လာချက်တွေအရ အသက် ၆၅ နှစ်အောက်လူတွေအနေနဲ့ စနေ၊တနင်္ဂနွေလိုမျိုး ပိတ်ရက်တွေမှာ ငါးနာရီအောက်ပဲအိပ်စက်ရမယ်ဆိုရင် သေဆုံးနိုင်ခြေများပါတယ်တဲ့။ ဒီအချက်ကိုကြည့်ခြင်းအားဖြင့် ပိတ်ရက်မှာ နောက်ကျတဲ့အထိအိပ်တာက အချိန်မတိုင်မီသေဆုံးခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ ယူဆလို့ရပါတယ်။

Journal of Sleep Research ရဲ့သုတေသနပြု ထုတ်ပြန်ထားချက်တွေကလည်း အလားတူဖြစ်ပြီး ၁၃ နှစ်ကြာအောင် အိပ်စက်ခြင်းနဲ့ဆိုင်တဲ့ ဘာသာရပ်တွေကို လေ့လာထားတဲ့ အချက်အလက်တွေပေါ်မှာ အခြေခံပြီး ထုတ်ပြန်ထားတာဖြစ်ပါတယ်။ တစ်ပတ်မှာ ငါးနာရီလောက်ပဲ ကောင်းကောင်းအိပ်ရတဲ့သူတွေနဲ့ ပိတ်ရက်မှာ အချိန်ကြာမြင့်စွာအိပ်စက်နိုင်တဲ့သူတွေမှာ ပိတ်ရက်မှာ အချိန်ကြာမြင့်စွာအိပ်စက်နိုင်တဲ့သူတွေက ကျန်းမာရေးနဲ့အသက်ရှည်ခြင်းမှာ အထောက်အပံ့ကောင်းတွေ ပိုမိုရရှိစေပါတယ်။

တစ်ပတ်တာလုံး ငါးနာရီအောက်အိပ်စက်ရတဲ့သူ၊ ကိုးနာရီကျော်တဲ့အထိအိပ်စက်တဲ့သူနဲ့ ခြောက်နာရီနဲ့ ခုနစ်နာရီကြာ အိပ်စက်တဲ့သူတွေကို နှိုင်းယှဉ်ကြည့်တဲ့အခါမှာ ငါးနာရီအောက်အိပ်စက်ရတဲ့သူ၊ ကိုးနာရီကျော်တဲ့အထိအိပ်စက်ရတဲ့သူတွေက စောစီးစွာသေဆုံးနိုင်ခြေ ပိုမြင့်နေတာကို တွေ့ရပါတယ်။ ဒါကြောင့်အိပ်စက်ချိန်နည်းလွန်းတာလည်း မကောင်းသလို များလွန်းရင်လည်း မကောင်းပါဘူး။ သုတေသီတွေက အချိန်မတိုင်မီသေဆုံးနိုင်ခြေပေါ်သက်ရောက်မှုတွေ စဉ်းစားတဲ့အခါမှာ ကျား၊မ ၊ပညာရေး၊ BMI ညွှန်းကိန်း ၊ ပြင်းထန်သောရောဂါရှိမရှိ ၊ အိပ်ဆေးသောက်သုံးမှုရှိမရှိ၊ ဆေးလိပ်သောက်သုံးခြင်း၊ အရက်သေစာသောက်စားခြင်းရှိမရှှိ၊ ကိုယ်လက်လှုပ်ရှားမှုရှိမရှိ၊ ကော်ဖီသောက်သုံးမှုရှိမရှိနဲ့ အလုပ်အကိုင်ရာထူး စတာတွေကိုပါ ထည့်သွင်းစဉ်းစားကြပါတယ်။

ဆွီဒင် Karolinska Institute မှ Clinical Neuroscience ပရော်ဖက်ဆာ Torbjorn Akerstedt နဲ့ ဒီဆောင်းပါးကိုရေးခဲ့တဲ့ စာရေးဆရာတို့ရဲ့တွေ့ရှိချက်က ရှေးယခင်ကတွေ့ရှိခဲ့တဲ့ အိပ်စက်ချိန်ကြာမြင့်မှုနဲ့ သေဆုံးခြင်းကြားမှာ ဆက်နွယ်မှုရှိတယ်ဆိုတဲ့အချက်နဲ့ ကိုက်ညီတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ယခင်လေ့လာချက်က တနလာၤနေ့မှ သောကြာနေ့အထိ ရုံးဖွင့်ရက်တွေကို အဓိကထား လေ့လာခဲ့တာဖြစ်ပြီး ဒီလေ့လာချက်တွေကပြည့်စုံတယ်လို့ ဆိုလို့မရတဲ့အပြင် သံသယဖြစ်စရာအချက်တွေလည်း ရှိတယ်လို့ Akerstedt က ပြောကြားခဲ့ပါတယ်။ ဒါကြောင့်မို့ ပိတ်ရက်အိပ်စက်ခြင်းတွေကိုပါ သုတေသနပြုလုပ်ကြည့်တဲ့အခါမှာ ပိတ်ရက်မှာ အိပ်ရေးဝဝအိပ်စက်ခြင်းက စောစောစီးစီး သေဆုံးတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်တာကို တွေ့ရတာဖြစ်ပါတယ်။ ပိတ်ရက်မှာကောင်းကောင်းမအိပ်လိုက်ရလို့ ကြားရက်မှာဖြည့်အိပ်မယ်ဆိုတာမျိုးကလည်း အကျိုးရလဒ်ကောင်းမရစေဘူးလို့ ဆိုထားပါတယ်။

လူငယ်တွေဖြစ်ရင်တော့ ပိတ်ရက်မှာ တတ်နိုင်သမျှ အိပ်ရေးဝဝ အိပ်ပေးတာက အကောင်းဆုံးဖြစ်တယ်လို့ Akerstedt က ပြောကြားခဲ့ပါတယ်။ ပိတ်ရက်တွေမှာ ကောင်းကောင်းမွန်မွန်အနားယူပြီး အားသစ်မွေးတာက အလုပ်မှာ ပိုမိုအာရုံစူးစိုက်နိုင်ပြီး စွမ်းဆောင်ရည်တွေ တိုးမြှင့်လာနိုင်စေမှာ အသေအချာပါပဲ။

H.H(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။