[Zawgyi]

တစ္ေန႔မွာ (၈) နာရီထက္ ပုိအိပ္ရင္ အရြယ္မတုိင္ခင္ ေသဆုံးဖြယ္ရွိတယ္တဲ့

လူတစ္ေယာက္ရဲ႕ ပ်မ္းမ်ွအိပ္ခ်ိန္ကုိေတာ့ ၇နာရီနဲ႔ ၈နာရီၾကားမွာပဲရွိသင့္တယ္လုိ႔ ေဆးပညာရွင္ေတြက လက္ခံထားၾကပါတယ္။ ဒါေပမယ့္ အိပ္ခ်ိန္ဆုိတာ တန္ေဆးလြန္ေဘးပါပဲ။ အိပ္ခ်ိန္နည္းသြားမယ္ဆုိရင္ (ဥပမာ – တစ္ေန႔ကုိ ၆နာရီပဲ အိပ္တယ္) ကုိယ္အေလးခ်ိန္ တက္လာမယ္၊ ဆီးခ်ိဳေသြးခ်ိဳျဖစ္လာမယ္၊ အဝလြန္လာႏုိင္သလုိ ႏွလုံးနဲ႔ပတ္သက္တဲ့ေရာဂါေတြ ျဖစ္လာႏုိင္ပါတယ္။ အိပ္ခ်ိန္မ်ားသြားရင္ ဒါမွမဟုတ္ တစ္ေန႔ကုိ (၁ဝ)နာရီေလာက္ အိပ္လုိက္မယ္ဆုိရင္ ဘာျဖစ္သြားႏုိင္လဲ။

လူတစ္ေယာက္ဟာ တစ္ေန႔မွာ (၈)နာရီထက္ ပုိအိပ္မယ္ဆုိရင္ အရြယ္မတုိင္ခင္ ေသဆုံးဖြယ္ရွိတယ္လုိ႔ University of Keele ၊ University of Manchester ၊ University of Leeds နဲ႔ University of East Anglia က သုေတသနပညာရွင္ေတြက အေျဖထုတ္ခဲ့တာပါ။ ကမၻာတစ္လႊားက လူ (၃.၃) သန္းကုိ စစ္တမ္းေကာက္ယူၿပီး အိပ္ခ်ိန္မ်ားတဲ့သူေတြဟာ ႏွလုံးေရာဂါနဲ႔ ေလျဖတ္ႏုိင္တယ္လုိ႔ သုံးသပ္ခဲ့တာျဖစ္ပါတယ္။

အိပ္ခ်ိန္မ်ားတဲ့သူေတြဟာ ကုိယ္လက္လႈပ္ရွားမႈ နည္းလာၿပီး ႏွလုံးနဲ႔ပတ္သက္တဲ့ ျပႆနာေတြ ျဖစ္ပြားလာႏုိင္တယ္လုိ႔ ေဖာ္ျပခဲ့ပါတယ္။ အိပ္ခ်ိန္မ်ားလြန္းတာဟာ စိတ္က်ေဝဒနာရဲ႕ ဝိေသသတစ္ခုျဖစ္ၿပီး ေနာက္ဆက္တြဲေရာဂါေတြ ျဖစ္ပြားလာႏုိင္ပါတယ္။ “အိပ္ခ်ိန္မ်ားလာရင္ ႏွလုံးနဲ႔ ပတ္သက္တဲ့ေရာဂါေတြ ပုိျဖစ္လာႏုိင္တယ္။ ၿပီးေတာ့ နာတာရွည္ေရာဂါ၊ ေမာပန္းလြယ္တာနဲ႔ ေသြးအားနည္းေရာဂါေတြ ျဖစ္လာႏုိင္ပါတယ္” လုိ႔  အဆုိပါသုေတသနကုိ ဦးေဆာင္သူ ေဒါက္တာ Chun Shing Kwok က ဆုိထားပါတယ္။

တစ္ေန႔ကုိ (၉) နာရီအထိ အိပ္တဲ့သူေတြက အရြယ္မတုိင္ခင္ ေသဆုံးႏုိင္ဖုိ႔ (၁၄) ရာခုိင္ႏႈန္းအထိရွိၿပီး (၁ဝ) နာရီအထိ အိပ္မယ္ဆုိရင္ (၃ဝ) ရာခုိင္ႏႈန္းအထိ ျမင့္တက္သြားပါတယ္။ ဒါ့အျပင္ (၁၁) နာရီအထိ အိပ္စက္မယ္ဆုိရင္ အရြယ္မတိုင္ခင္ ေသဆုံးႏုိင္ဖုိ႔ (၄၇) ရာခုိင္ႏႈန္းျဖစ္တယ္လုိ႔ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ တစ္ေန႔မွာ (၁ဝ) နာရီအထိ အိပ္မယ္ဆုိရင္ ေလျဖတ္ၿပီး အရြယ္မတုိင္ခင္ ေသဆုံးဖုိ႔ (၅၆) ရာခုိင္ႏႈန္းအထိရွိၿပီး ႏွလုံးေရာဂါနဲ႔ ေသဆုံးဖုိ႔ (၄၉) ရာခုိင္ႏႈန္းအထိရွိတယ္လုိ႔ သိရပါတယ္။ ကဲ . . . လူသားအားလုံး အသက္ရွည္ရွည္ေနႏုိင္ဖုိ႔ အအိပ္ႀကီးတဲ့ သူငယ္ခ်င္းကို လက္တုိ႔ေျပာလုိက္ပါဦး။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

တစ်နေ့မှာ (၈) နာရီထက် ပိုအိပ်ရင် အရွယ်မတိုင်ခင် သေဆုံးဖွယ်ရှိတယ်တဲ့

လူတစ်ယောက်ရဲ့ ပျမ်းမျှအိပ်ချိန်ကိုတော့ ၇နာရီနဲ့ ၈နာရီကြားမှာပဲရှိသင့်တယ်လို့ ဆေးပညာရှင်တွေက လက်ခံထားကြပါတယ်။ ဒါပေမယ့် အိပ်ချိန်ဆိုတာ တန်ဆေးလွန်ဘေးပါပဲ။ အိပ်ချိန်နည်းသွားမယ်ဆိုရင် (ဥပမာ – တစ်နေ့ကို ၆နာရီပဲ အိပ်တယ်) ကိုယ်အလေးချိန် တက်လာမယ်၊ ဆီးချိုသွေးချိုဖြစ်လာမယ်၊ အဝလွန်လာနိုင်သလို နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ အိပ်ချိန်များသွားရင် ဒါမှမဟုတ် တစ်နေ့ကို (၁ဝ)နာရီလောက် အိပ်လိုက်မယ်ဆိုရင် ဘာဖြစ်သွားနိုင်လဲ။

လူတစ်ယောက်ဟာ တစ်နေ့မှာ (၈)နာရီထက် ပိုအိပ်မယ်ဆိုရင် အရွယ်မတိုင်ခင် သေဆုံးဖွယ်ရှိတယ်လို့ University of Keele ၊ University of Manchester ၊ University of Leeds နဲ့ University of East Anglia က သုတေသနပညာရှင်တွေက အဖြေထုတ်ခဲ့တာပါ။ ကမ္ဘာတစ်လွှားက လူ (၃.၃) သန်းကို စစ်တမ်းကောက်ယူပြီး အိပ်ချိန်များတဲ့သူတွေဟာ နှလုံးရောဂါနဲ့ လေဖြတ်နိုင်တယ်လို့ သုံးသပ်ခဲ့တာဖြစ်ပါတယ်။

အိပ်ချိန်များတဲ့သူတွေဟာ ကိုယ်လက်လှုပ်ရှားမှု နည်းလာပြီး နှလုံးနဲ့ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်ပွားလာနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အိပ်ချိန်များလွန်းတာဟာ စိတ်ကျဝေဒနာရဲ့ ဝိသေသတစ်ခုဖြစ်ပြီး နောက်ဆက်တွဲရောဂါတွေ ဖြစ်ပွားလာနိုင်ပါတယ်။ “အိပ်ချိန်များလာရင် နှလုံးနဲ့ ပတ်သက်တဲ့ရောဂါတွေ ပိုဖြစ်လာနိုင်တယ်။ ပြီးတော့ နာတာရှည်ရောဂါ၊ မောပန်းလွယ်တာနဲ့ သွေးအားနည်းရောဂါတွေ ဖြစ်လာနိုင်ပါတယ်” လို့  အဆိုပါသုတေသနကို ဦးဆောင်သူ ဒေါက်တာ Chun Shing Kwok က ဆိုထားပါတယ်။

တစ်နေ့ကို (၉) နာရီအထိ အိပ်တဲ့သူတွေက အရွယ်မတိုင်ခင် သေဆုံးနိုင်ဖို့ (၁၄) ရာခိုင်နှုန်းအထိရှိပြီး (၁ဝ) နာရီအထိ အိပ်မယ်ဆိုရင် (၃ဝ) ရာခိုင်နှုန်းအထိ မြင့်တက်သွားပါတယ်။ ဒါ့အပြင် (၁၁) နာရီအထိ အိပ်စက်မယ်ဆိုရင် အရွယ်မတိုင်ခင် သေဆုံးနိုင်ဖို့ (၄၇) ရာခိုင်နှုန်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် တစ်နေ့မှာ (၁ဝ) နာရီအထိ အိပ်မယ်ဆိုရင် လေဖြတ်ပြီး အရွယ်မတိုင်ခင် သေဆုံးဖို့ (၅၆) ရာခိုင်နှုန်းအထိရှိပြီး နှလုံးရောဂါနဲ့ သေဆုံးဖို့ (၄၉) ရာခိုင်နှုန်းအထိရှိတယ်လို့ သိရပါတယ်။ ကဲ . . . လူသားအားလုံး အသက်ရှည်ရှည်နေနိုင်ဖို့ အအိပ်ကြီးတဲ့ သူငယ်ချင်းကို လက်တို့ပြောလိုက်ပါဦး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com