[ZawGyi]

ႏိႈးစက္ေပးထားျပီး ျပန္ျပန္အိပ္တတ္သူေတြသတိထား

လူေတာ္ေတာ္မ်ားမ်ားဟာ မနက္ခင္းမွာႏိႈးစက္ေပးထားျပီး ႏိႈးစက္အသံျမည္လည္းမထေသးဘဲ Snooze ကိုႏွိပ္ခဏျပန္အိပ္တတ္သူေတြရွိပါတယ္။ႏိႈးစက္ျမည္ခ်ိန္မွာ မထေသးဘဲျပန္အိပ္တာဟာ အိပ္တဲ႔သူေတြအတြက္ ဇိမ္က်တယ္လုိ႔ယူဆထားၾကပါတယ္။

ဒါေပမဲ႔ ဒီလုိလုပ္တာဟာ ဦးေႏွာက္နဲ႔စိတ္ပိုင္းဆိုင္ရာကို အမ်ားၾကီးထိခိုက္မႈရွိေစတယ္လုိ႔ ဆုိထားပါတယ္။

ျပႆနာတစ္ခုရွိတာက ႏိႈးစက္ျမည္ျပီး ၁၀ မိနစ္ဒါမွမဟုတ္ ၁၅ မိနစ္ေလာက္ၾကာေအာင္ ျပန္အိပ္လိုက္တဲ႔အခါ ဦးေနွာက္ကရႈပ္ေထြးသြားပါတယ္။ နယူးေယာ႔ခ္မွာရွိတဲ႔ Presbyterian Hospital မွ ဦးေႏွာက္နဲ႔အာရံုေၾကာပါရဂူတစ္ေယာက္ျဖစ္တဲ႔ ေဒါက္တာဒန္နီရယ္ဘရုန္းေျပာတာက”ႏိႈးစက္မျမည္ခင္သင္ႏိုးလာတယ္ဆုိတာက အရမ္းကိုေကာင္းပါတယ္။ ဒါဟာ အိပ္ေရးဝဝအိပ္လုိက္ရတယ္ဆုိတဲ႔သေဘာပါတဲ႔။ ျပီးေတာ႔ ခႏၶာကိုယ္ကလည္း တစ္ေန႔တာလံုးအတြက္ အဆင္သင္႔ျဖစ္လုိ႔ေနပါတယ္။ ဒါေပမဲ႔ ခဏျပန္အိပ္တဲ႔အက်င္႔ကေတာ႔ အဆိုးဘက္ကိုေရာက္ေစပါတယ္” လို႔ေျပာထားပါတယ္။

ႏိႈးစက္ျမည္ျပီးခ်က္ခ်င္းမထဘဲ နာရီဝက္ ေလးဆယ္႔ငါးမိနစ္ေလာက္ၾကာမွထသူေတြဟာ Depression ျဖစ္လာႏိုင္ပါတယ္။ ငါေတာ႔ျပန္အိပ္ဦးမယ္ဆိုျပီးအိပ္ေပမယ္႔ အိပ္စက္ျခင္းဟာ ခလုတ္အဖြင္႔အပိတ္လုပ္သလို ခုႏိုး ခုအိပ္လုပ္လုိ႔မရပါဘူး။ တကယ္အိပ္ေပ်ာ္ဖုိ႔ဆိုတာဟာတစ္နာရီေလာက္အခ်ိန္ယူရတာမ်ိဳးရွိပါတယ္။ ဦးေႏွာက္ကလည္း အိပ္စက္ဖုိ႔ ႏိုးထဖုိ႔ကို အခ်ိန္ယူျပင္ဆင္တာျဖစ္ပါတယ္။ ဒါေၾကာင္႔ ဒီလုိႏိုးလိုက္အိပ္လိုက္လုပ္ျခင္းဟာ ဦးေႏွာက္ကိုသိသိသာသာပင္ပန္းေစပါတယ္။ သင္ခံစားမိလာႏိုင္တာကစိတ္ေရာကိုယ္ပါပင္ပန္းတယ္ဆုိတာပါပဲ။ ခဏျပန္အိပ္ျပီးထလိုက္ေပမယ္႔ လန္းဆန္းသြားတာမ်ိဳးမရွိႏိုင္ပါဘူး။

ဒါေၾကာင္႔အေကာင္းဆံုးကေတာ႔ ႏိႈးစက္ျမည္ျပီဆုိတာနဲ႔ ရေအာင္ထဖို႔ပါပဲ။ ဒါဟာ ဦးေႏွာက္အတြက္ေရာ ကိုယ္႔စိတ္ခံစားခ်က္အတြက္ပါ အေကာင္းဆံုးနည္းလမ္းျ ဖစ္ပါတယ္။ ဒါေၾကာင္႔ တတ္ႏိုင္သမွ် ႏိႈးစက္မလုိဘဲအိပ္ရာထျပီး အိပ္ခ်ိန္ႏိုးခ်ိန္မွန္ေအာင္ ၾကိဳးစားသင္႔ၾကပါတယ္။

ဒီေတာ႔ Alarm ေပးျပီး ျပန္အိပ္တတ္သူေလးေတြရွိရင္ သတိေပးလိုက္ပါဦးေနာ္။

www.akhayar.com

[Unicode]

နှိုးစက်ပေးထားပြီး ပြန်ပြန်အိပ်တတ်သူတွေသတိထား

လူတော်တော်များများဟာ မနက်ခင်းမှာနှိုးစက်ပေးထားပြီး နှိုးစက်အသံမြည်လည်းမထသေးဘဲ Snooze ကိုနှိပ်ခဏပြန်အိပ်တတ်သူတွေရှိပါတယ်။နှိုးစက်မြည်ချိန်မှာ မထသေးဘဲပြန်အိပ်တာဟာ အိပ်တဲ့သူတွေအတွက် ဇိမ်ကျတယ်လို့ယူဆထားကြပါတယ်။

ဒါပေမဲ့ ဒီလိုလုပ်တာဟာ ဦးနှောက်နဲ့စိတ်ပိုင်းဆိုင်ရာကို အများကြီးထိခိုက်မှုရှိစေတယ်လို့ ဆိုထားပါတယ်။

ပြဿနာတစ်ခုရှိတာက နှိုးစက်မြည်ပြီး ၁၀ မိနစ်ဒါမှမဟုတ် ၁၅ မိနစ်လောက်ကြာအောင် ပြန်အိပ်လိုက်တဲ့အခါ ဦးနှောက်ကရှုပ်ထွေးသွားပါတယ်။ နယူးယော့ခ်မှာရှိတဲ့ Presbyterian Hospital မှ ဦးနှောက်နဲ့အာရုံကြောပါရဂူတစ်ယောက်ဖြစ်တဲ့ ဒေါက်တာဒန်နီရယ်ဘရုန်းပြောတာက”နှိုးစက်မမြည်ခင်သင်နိုးလာတယ်ဆိုတာက အရမ်းကိုကောင်းပါတယ်။ ဒါဟာ အိပ်ရေးဝဝအိပ်လိုက်ရတယ်ဆိုတဲ့သဘောပါတဲ့။ ပြီးတော့ ခန္ဓာကိုယ်ကလည်း တစ်နေ့တာလုံးအတွက် အဆင်သင့်ဖြစ်လို့နေပါတယ်။ ဒါပေမဲ့ ခဏပြန်အိပ်တဲ့အကျင့်ကတော့ အဆိုးဘက်ကိုရောက်စေပါတယ်” လို့ပြောထားပါတယ်။

နှိုးစက်မြည်ပြီးချက်ချင်းမထဘဲ နာရီဝက် လေးဆယ့်ငါးမိနစ်လောက်ကြာမှထသူတွေဟာ Depression ဖြစ်လာနိုင်ပါတယ်။ ငါတော့ပြန်အိပ်ဦးမယ်ဆိုပြီးအိပ်ပေမယ့် အိပ်စက်ခြင်းဟာ ခလုတ်အဖွင့်အပိတ်လုပ်သလို ခုနိုး ခုအိပ်လုပ်လို့မရပါဘူး။ တကယ်အိပ်ပျော်ဖို့ဆိုတာဟာတစ်နာရီလောက်အချိန်ယူရတာမျိုးရှိပါတယ်။ ဦးနှောက်ကလည်း အိပ်စက်ဖို့ နိုးထဖို့ကို အချိန်ယူပြင်ဆင်တာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုနိုးလိုက်အိပ်လိုက်လုပ်ခြင်းဟာ ဦးနှောက်ကိုသိသိသာသာပင်ပန်းစေပါတယ်။ သင်ခံစားမိလာနိုင်တာကစိတ်ရောကိုယ်ပါပင်ပန်းတယ်ဆိုတာပါပဲ။ ခဏပြန်အိပ်ပြီးထလိုက်ပေမယ့် လန်းဆန်းသွားတာမျိုးမရှိနိုင်ပါဘူး။

ဒါကြောင့်အကောင်းဆုံးကတော့ နှိုးစက်မြည်ပြီဆိုတာနဲ့ ရအောင်ထဖို့ပါပဲ။ ဒါဟာ ဦးနှောက်အတွက်ရော ကိုယ့်စိတ်ခံစားချက်အတွက်ပါ အကောင်းဆုံးနည်းလမ်းြ ဖစ်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ နှိုးစက်မလိုဘဲအိပ်ရာထပြီး အိပ်ချိန်နိုးချိန်မှန်အောင် ကြိုးစားသင့်ကြပါတယ်။

ဒီတော့ Alarm ပေးပြီး ပြန်အိပ်တတ်သူလေးတွေရှိရင် သတိပေးလိုက်ပါဦးနော်။

www.akhayar.com