အခုဆိုရင် လှချင်ပချင်တဲ့ကိုကို မမတို့ Gym အတော်လေးသွားကြပါတယ်။ Gym သွားတယ်ဆိုတည်းက ကိုယ့်ကျန်းမာရေးနဲ့ အလှအပကို ဂရုစိုက်သူတွေပဲမဟုတ်ပါလား။ ဒါကြောင့် Gym မှာကိုယ်ပေးဆပ်လိုက်ရတဲ့ ငွေကြေး အချိန်တွေနဲ့တန်အောင် ကိုယ့်အသားအရေအလှအပအတွက်ပါ ဒီအချက်တွေကို လုပ်ဆောင်သွားပါနော်။

ရေချိုးပါ

Gym မသွားခင်ရေချိုးသွားပါ။ ဆော့ကစားလို့ချွေးတွေထွက်လာတဲ့အခါ သင့်ခန္ဓာကိုယ်မှာရှိနေတဲ့ အညစ်အကြေးတွေနဲ့ ချွေးတွေရောပြီး အရေပြားအတွက်ဆိုးကျိုးပေးနိုင်ပါတယ်။ ဒါကြောင့် Gym မသွားခင် တစ်ခါရေချိုး Gym ဆော့ပြီးတစ်ခါရေချိုးတာက ပိုကျန်းမာလှပစေပါတယ်။

အဆီလိမ်းပါ

Gym တွေတိုင်းမှာ Sauna ၊ Steam Room တွေရှိကြပါတယ်။ ဒီလိုပေါင်းခန်းထဲဝင်တာက ချွေးပုပ်တွေထုတ်ပေးပြီး အညောင်းအညာပြေစေပါတယ်။ အဲဒီအချိန်မှာ ပိုပြီးအကျိုးများအောင် အဆီ Oils တစ်မျိုးမျိုး လိမ်းတာက အသားအရေစိုပြည်လှပမှုအတွက်အများကြီးအထောက်အကူပေးပါတယ်။

Skincare သုံးပါ

ပြေးစက်ပေါ်မတက်ခင် တစ်ခုခုမဆော့ခင် Skincare လိမ်းပေးထားသင့်ပါတယ်။ ဆော့ကစားရင် ခန္ဓာကိုယ်အပူချိန်မြင့်လာချိန်မှာ Skincare တွေ Oils တွေကိုအရေပြားကပိုမို စုပ်ယူနိုင်ပြီး အကျိုးထူးစေပါလိမ့်မယ်။ ရေချိုးပြီးချိန်မှာ တစ်ခေါက်ထပ်လိမ်းပါ။

တတ်နိုင်သမျှဖုံးကွယ်ပါ

Gym မှာရှိတဲ့ ပစ္စည်းတွေ Yoga ဖျာတွေက ကိုယ့်အိမ်ကအိပ်ရာလိုတော့ သန့်ပြန့်နေမှာ မဟုတ်ဘူးလေ။ ဒါကြောင့် တတ်နိုင်သမျှကိုယ့်အသားအရေနဲ့ မထိတွေ့ဖြစ်အောင် အားကစား ဘောင်းဘီတို၊ အင်းကျီခါးရှည်တွေဝတ်ထားသင့်ပါတယ်နော်။

PhotoCredit# i Stock

ဂျူဂျူး (အခရာ)

www.akhayar.com