[Zawgyi]

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေရွာင္ၾကဥ္သင့္တဲ့ Skincare ပစၥည္းေတြ…

ကိုယ္ဝန္ေဆာင္မိခင္ေတြအတြက္ ေဆာင္ရန္ ေရွာင္ရန္ သတိထားစရာအခ်က္ေတြ လိုက္နာစရာအခ်က္ေလးေတြ မ်ားတယ္ဆိုတာ အားလံုးသိၾကမွာပါ။ အဲဒီလိုေရွာင္ၾကဥ္သင့္တဲ့အထဲမွာ Skincare ပစၥည္းေတြလည္း ပါဝင္ပါတယ္။ ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္မိခင္ေတြအေနနဲ႔ ဘယ္လို Skincare ပစၥည္းေတြ ေရွာင္ၾကဥ္သင့္သလဲဆိုတာနဲ႔ပတ္သက္ၿပီး ဗဟုသုတေလးေတြကို ေဝမွ်ေပးလိုက္ပါတယ္။

ပဲပိစပ္နဲ႔ထုတ္ထားတဲ့ပစၥည္းမ်ား

ပဲပိစပ္ကိုအေျခခံထုတ္ထားတဲ့ လိုးရွင္းနဲ႔မ်က္ႏွာလိမ္းခရင္မ္ေတြက ေယဘုယ်အားျဖင့္ အသားအေရအတြက္ အက်ိဳးအာနိသင္ရွိေစပါတယ္။ ဒါေပမဲ့ ေဟာ္မုန္းအေျပာင္းအလဲရွိႏိုင္တဲ့ ကိုယ္ဝန္ေဆာင္ခ်ိန္မွာေတာ့ တစ္ခ်ိဳ႕ ပဲပိစပ္ကို အေျခခံထုတ္လုပ္ထားတဲ့ပစၥည္းေတြက မေဟာ္မုန္းဓာတ္ကို ထိခိုက္ေစတာေၾကာင့္ အသားအေရထိခိုက္ေစပါတယ္။ အဓိကအေၾကာင္းအရင္းကေတာ့ သဘာဝေအာ္ဂဲနစ္ဓာတ္ပါဝင္မႈျပင္းထန္တဲ့အတြက္ ျဖစ္ပါတယ္။ တစ္ခ်ိဳ႕သဘာဝပစၥည္းေတြဟာ သန္႔စင္မႈေတြလုပ္ၿပီးမွ အက်ိဳးအာနိသင္ရွိေစတာျဖစ္ပါတယ္။

HP Pavilion

HP Pavilion

HP Pavilion အေၾကာင္း အေသးစိတ္သိရွိရန္ 

အေမြးခၽြတ္ခရင္မ္

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အေမြးခၽြတ္ခရင္မ္ေတြ မသံုးတာအေကာင္းဆံုးပါပဲ။ ဒီအခ်ိန္မွာ အသားအေရဟာ သာမန္အခ်ိန္ေတြထက္ပိုၿပီး ဓာတ္မတည့္မႈေတြ ျဖစ္ေလ့ရွိပါတယ္။ တကယ္လို႔ မျဖစ္မေနအသံုးလိုတယ္ဆိုရင္ေတာ့ Calcium Thioglycolate နဲ႔ Potassium Thioglycolate တို႔လို ဓာတ္ေတြပါဝင္တဲ့ ခရင္မ္ေတြကို ေရြးခ်ယ္သင့္ပါတယ္။

ဝက္ၿခံေပ်ာက္ေဆးမ်ား

အမ်ိဳးသမီးေတြအေနနဲ႔ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ ဝက္ၿခံေတြ သာမန္ထက္ ပိုထြက္ေလ့ရွိပါတယ္။ ဒါေပမဲ့ ဝက္ၿခံေတြအတြက္ သီးသန္႔ထုတ္ထားတဲ့ ဝက္ၿခံေပ်ာက္ေဆးေတြ ဒီအခ်ိန္မွာ မသံုးသင့္ပါဘူး။ အေရျပားဆရာဝန္နဲ႔ ေသခ်ာတိုင္ပင္ထားတာမ်ိဳးမဟုတ္ရင္ ဝက္ၿခံေပ်ာက္ေဆးမသံုးဘဲ Salicylic Acid ဓာတ္ ၂ ရာခုိင္ႏႈန္းထက္မပိုတဲ့ မ်က္ႏွာသစ္ေဆးတို႔ သံုးေပးႏိုင္ပါတယ္။ အထူးသျဖင့္ Avita, Retinoic Acid နဲ႔ Targretin Gel တို႔ ပါဝင္တဲ့ အလွကုန္ပစၥည္းေတြကို ေရွာင္ၾကဥ္သင့္ပါတယ္။

မိတ္ကပ္(ေအာက္ခံေဖာင္ေဒးရွင္း)

ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြအတြက္ မိတ္ကပ္ေရြးခ်ယ္နည္းကလည္း အဓိကအေရးႀကီးပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ အသားအေရဟာ တုန္႔ျပန္မႈျမန္ဆန္တဲ့အတြက္ အလွကုန္ပစၥည္းေတြ ေရြးခ်ယ္အသုံးျပဳရာမွာ အထူးသတိျပဳသင့္ပါတယ္။ မိတ္ကပ္(ေအာက္ခံေဖာင္ေဒးရွင္း)အမ်ားစုက ဓာတုပစၥည္းပါဝင္မႈ မ်ားျပားတဲ့အတြက္ သာမန္အခ်ိန္ေတြမွာ မသိသာေပမယ့္ ကိုယ္ဝန္ေဆာင္ခ်ိန္ အေရျပားမွာ သက္ေရာက္မႈ ပိုမိုျဖစ္လြယ္ပါတယ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

စတီးရြိဳက္

စတီးရြိဳက္ပါဝင္တဲ့ ခရင္မ္ေတြဟာ အေရျပားယားယံျခင္း၊ ေရာင္ရမ္းျခင္းတို႔ ျဖစ္ေစပါတယ္။ စတီးရြိဳက္ကို ဆပ္ျပာ၊ အစြန္းခၽြတ္ေဆး၊ ယားနာေပ်ာက္ေဆး၊ အလွကုန္ပစၥည္းနဲ႔ ဖန္စီလက္ဝတ္ရတနာေတြမွာ အမ်ားဆံုးေတြ႕ရေလ့ရွိတာေၾကာင့္ ကိုယ္ဝန္ေဆာင္မိခင္ေတြအေနနဲ႔ ဒီပစၥည္းေတြကို သတိထားကိုင္တြယ္ဖို႔ အေရးႀကီးပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ကြဉ်သင့်တဲ့ Skincare ပစ္စည်းတွေ…

ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ဆောင်ရန် ရှောင်ရန် သတိထားစရာအချက်တွေ လိုက်နာစရာအချက်လေးတွေ များတယ်ဆိုတာ အားလုံးသိကြမှာပါ။ အဲဒီလိုရှောင်ကြဉ်သင့်တဲ့အထဲမှာ Skincare ပစ္စည်းတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဘယ်လို Skincare ပစ္စည်းတွေ ရှောင်ကြဉ်သင့်သလဲဆိုတာနဲ့ပတ်သက်ပြီး ဗဟုသုတလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

ပဲပိစပ်နဲ့ထုတ်ထားတဲ့ပစ္စည်းများ

ပဲပိစပ်ကိုအခြေခံထုတ်ထားတဲ့ လိုးရှင်းနဲ့မျက်နှာလိမ်းခရင်မ်တွေက ယေဘုယျအားဖြင့် အသားအရေအတွက် အကျိုးအာနိသင်ရှိစေပါတယ်။ ဒါပေမဲ့ ဟော်မုန်းအပြောင်းအလဲရှိနိုင်တဲ့ ကိုယ်ဝန်ဆောင်ချိန်မှာတော့ တစ်ချို့ ပဲပိစပ်ကို အခြေခံထုတ်လုပ်ထားတဲ့ပစ္စည်းတွေက မဟော်မုန်းဓာတ်ကို ထိခိုက်စေတာကြောင့် အသားအရေထိခိုက်စေပါတယ်။ အဓိကအကြောင်းအရင်းကတော့ သဘာဝအော်ဂဲနစ်ဓာတ်ပါဝင်မှုပြင်းထန်တဲ့အတွက် ဖြစ်ပါတယ်။ တစ်ချို့သဘာဝပစ္စည်းတွေဟာ သန့်စင်မှုတွေလုပ်ပြီးမှ အကျိုးအာနိသင်ရှိစေတာဖြစ်ပါတယ်။

HP Pavilion

HP Pavilion

HP Pavilion အကြောင်း အသေးစိတ်သိရှိရန် 

အမွေးချွတ်ခရင်မ်

ကိုယ်ဝန်ဆောင်ချိန်မှာ အမွေးချွတ်ခရင်မ်တွေ မသုံးတာအကောင်းဆုံးပါပဲ။ ဒီအချိန်မှာ အသားအရေဟာ သာမန်အချိန်တွေထက်ပိုပြီး ဓာတ်မတည့်မှုတွေ ဖြစ်လေ့ရှိပါတယ်။ တကယ်လို့ မဖြစ်မနေအသုံးလိုတယ်ဆိုရင်တော့ Calcium Thioglycolate နဲ့ Potassium Thioglycolate တို့လို ဓာတ်တွေပါဝင်တဲ့ ခရင်မ်တွေကို ရွေးချယ်သင့်ပါတယ်။

ဝက်ခြံပျောက်ဆေးများ

အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံတွေ သာမန်ထက် ပိုထွက်လေ့ရှိပါတယ်။ ဒါပေမဲ့ ဝက်ခြံတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဝက်ခြံပျောက်ဆေးတွေ ဒီအချိန်မှာ မသုံးသင့်ပါဘူး။ အရေပြားဆရာဝန်နဲ့ သေချာတိုင်ပင်ထားတာမျိုးမဟုတ်ရင် ဝက်ခြံပျောက်ဆေးမသုံးဘဲ Salicylic Acid ဓာတ် ၂ ရာခိုင်နှုန်းထက်မပိုတဲ့ မျက်နှာသစ်ဆေးတို့ သုံးပေးနိုင်ပါတယ်။ အထူးသဖြင့် Avita, Retinoic Acid နဲ့ Targretin Gel တို့ ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို ရှောင်ကြဉ်သင့်ပါတယ်။

မိတ်ကပ်(အောက်ခံဖောင်ဒေးရှင်း)

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် မိတ်ကပ်ရွေးချယ်နည်းကလည်း အဓိကအရေးကြီးပါတယ်။ ဒီလိုအချိန်မျိုးမှာ အသားအရေဟာ တုန့်ပြန်မှုမြန်ဆန်တဲ့အတွက် အလှကုန်ပစ္စည်းတွေ ရွေးချယ်အသုံးပြုရာမှာ အထူးသတိပြုသင့်ပါတယ်။ မိတ်ကပ်(အောက်ခံဖောင်ဒေးရှင်း)အများစုက ဓာတုပစ္စည်းပါဝင်မှု များပြားတဲ့အတွက် သာမန်အချိန်တွေမှာ မသိသာပေမယ့် ကိုယ်ဝန်ဆောင်ချိန် အရေပြားမှာ သက်ရောက်မှု ပိုမိုဖြစ်လွယ်ပါတယ်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

စတီးရွိုက်

စတီးရွိုက်ပါဝင်တဲ့ ခရင်မ်တွေဟာ အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်းတို့ ဖြစ်စေပါတယ်။ စတီးရွိုက်ကို ဆပ်ပြာ၊ အစွန်းချွတ်ဆေး၊ ယားနာပျောက်ဆေး၊ အလှကုန်ပစ္စည်းနဲ့ ဖန်စီလက်ဝတ်ရတနာတွေမှာ အများဆုံးတွေ့ရလေ့ရှိတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဒီပစ္စည်းတွေကို သတိထားကိုင်တွယ်ဖို့ အရေးကြီးပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။