[ZawGyi]

မိမိကိုယ္ကိုယံုၾကည္မႈမရွိသူေတြရဲ႕ အျပဳအမူမ်ား

လူတိုင္းမွာ မိမိကိုယ္ကုိယံုၾကည္မႈဆိုတဲ့ Self-confidence ရွိေနဖို႔ အေရးႀကီးပါတယ္။ ဒါမွ လူၾကား သူၾကားမွာ အႏွိမ္မခံရေတာ့ဘဲ အထင္ႀကီးေလးစားခံရမွာပါ။ တခ်ိဳ႕ေတြကေတာ့ မိမိကိုယ္ကိုယံုၾကည္မႈရွိခ်င္ေပမယ့္ လုပ္ေနတဲ့အျပဳအမူတခ်ိဳ႕က ကိုယ့္ရဲ႕ image ကိုက်ေစၿပီး Confident မရွိတဲ့သူ တစ္ေယာက္အသြင္ ထင္ျမင္သြားေစပါတယ္။ မိမိကိုယ္ကုိယံုၾကည္မႈ အျပည့္ရွိသူေတြက ဒီလို အျပဳအမူမ်ိဳးကို လံုးဝမလုပ္ၾကပါဘူး။ ဒါ့ေၾကာင့္ ကိုယ္တိုင္ေရွာင္ရွားႏုိင္ဖုိ႔ အတြက္ မိမိကိုယ္ကို ယံုၾကည္မႈ မရွိသူေတြရဲ႕ အျပဳအမူမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ေဝဖန္အႀကံျပဳခ်က္ကိုလက္မခံဘူး

မိမိကိုုယ္ကိုယံုၾကည္မႈ နည္းပါးတဲ့သူေတြက တျခားသူေတြရဲ႕ အျမင္၊ ေဝဖန္သံုးသပ္ခ်က္ေတြကို လက္မခံႏုိင္ၾကပါဘူး။ သူတုိ႔အမွားကို ေထာက္ျပတဲ့အခါမွာလည္း လက္မခံတဲ့အျပင္ မွန္ကန္တဲ့အေျဖကိုလည္း မေပးႏုိင္ၾကပါဘူး။ ဒါဟာ သူတို႔ရဲ႕ လုပ္ရပ္အေပၚ ယံုၾကည္မႈမရွိတဲ့အတြက္ေၾကာင့္ပါ။

(၂) သာမန္ထက္ပိုၿပီးသေဘာေကာင္းျပမယ္

လူတစ္ေယာက္အေပၚကို သာမန္ထက္ပိုၿပီး သေဘာေကာင္းေနတာမ်ိဳး၊ အတင္းတြယ္ကပ္ၿပီး ခ်ီးက်ဳးေနတာမ်ိဳးက မိမိကိုယ္ကိုယံုၾကည္မႈ မရွိသူေတြရဲ႕ လုပ္ရပ္ပါပဲ။ ဒီလိုျပဳလုပ္လိုက္ရင္ လူအမ်ားကလည္း သူ႔ကို သတိထားမိမယ္၊ သူ႔ကို အေရးလုပ္ၾကမယ္လို႔ ထင္ၿပီး Attention ယူတဲ့ သေဘာျဖစ္ေနပါတယ္။

(၃) ေဖ့စ္ဘြတ္မသံုးခ်င္ၾကဘူး

မိမိကုိယ္ကိုယံုၾကည္မႈမရွိတာနဲ႔ ေဖ့စ္ဘြတ္မသံုးတာ ဘာဆိုင္လဲလို႔ ေတြးမိပါလိမ့္မယ္။ စိတ္ပညာရွင္မ်ားရဲ႕ ေလ့လာဆန္းစစ္ခ်က္အရ မိမိကိုယ္ကိုယံုၾကည္မႈမရွိတဲ့သူ၊ သိမ္ငယ္စိတ္ရွိသူေတြက ဆိုရွယ္မီဒီယာကို အသံုးျပဳဖုိ႔ ေၾကာက္ရြံ႕ေနတတ္ၾကတယ္လို႔ ဆိုပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ ေဖ့စ္ဘြတ္ေပၚက လူအမ်ားရဲ႕ Perfect Lives ကိုေတြ႔ျမင္ရတဲ့အခါမွာ သိမ္ငယ္စိတ္ဝင္သြားၾကၿပီး အေကာင့္ Deactivate လုပ္ပစ္တာမ်ိဳးေတြ ျပဳလုပ္တတ္ၾကျပန္ပါတယ္။

(၄) တျခားသူေတြရဲ႕အမွားကိုဟာသလုပ္တယ္

သူတပါးရဲ႕ အမွားေတြကိုဟာသလုပ္ၿပီး ေနာက္ကြယ္မွာ ရယ္ေမာတာကလည္း မိမိကိုယ္ကို ယံုၾကည္မႈမရွိသူေတြရဲ႕ လုပ္ရပ္ပါပဲ။ သူတို႔ေတာင္မွားေသးတာပဲဆိုၿပီး မိမိကိုယ္ကို စိတ္ႀကီးဝင္ၿပီး အျခားသူရဲ႕အမွားမ်ားကို ဟာသလုပ္တတ္ၾကပါတယ္။

(၅) အတိတ္ကရုန္းမထြက္ႏုိင္ဘူး

မိမိကိုယ္ကိုယံုၾကည္မႈ မရွိတဲ့သူေတြက အတိတ္ကမွားခဲ့တဲ့ အမွားမ်ားကို မၾကာခဏ ေတြးေတာၿပီး ေနာင္တရေနတတ္ပါတယ္။ ကိုယ္မွားခဲ့တဲ့ အမွားေတြကေနၿပီး သင္ခန္းစာမယူ၊ ေကာင္းေအာင္ ဘယ္လို ေျပာင္းလဲျပင္ဆင္ရမယ္ဆိုတာကို မေတြးဘဲ အတိတ္ကေန ရုန္းမထြက္ႏုိင္ဘဲ ျဖစ္ေနတတ္ပါတယ္။

(၆) ကိုယ္ေနဟန္ထားစမတ္မက်

လူတစ္ေယာက္ရဲ႕ ကိုယ္ေနဟန္ထား ေနပံုထိုင္ပံုေတြကို ၾကည့္ၿပီးေတာ့လည္း သူဟာ မိမိကုိယ္ကုိ ယံုၾကည္မႈရွိသူတစ္ေယာက္ ဟုတ္လား၊ မဟုတ္ဘူးလားဆိုတာကို ခန္႔မွန္းႏုိင္ပါတယ္။ လူေရွ႕သူေရွ႕မွာ ထိုင္တဲ့အခါမွာ ခါးကုန္းေနတယ္၊ ေခါင္းငံု႔ထားတယ္၊ လက္ပိုက္ၿပီး ေနေနတယ္ဆိုရင္ ကိုယ့္ကိုယ္ကုိယံုၾကည္မႈ ေလ်ာ့နည္းေနလို႔ပါ။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မိမိကိုယ်ကိုယုံကြည်မှုမရှိသူတွေရဲ့ အပြုအမူများ

လူတိုင်းမှာ မိမိကိုယ်ကိုယုံကြည်မှုဆိုတဲ့ Self-confidence ရှိနေဖို့ အရေးကြီးပါတယ်။ ဒါမှ လူကြား သူကြားမှာ အနှိမ်မခံရတော့ဘဲ အထင်ကြီးလေးစားခံရမှာပါ။ တချို့တွေကတော့ မိမိကိုယ်ကိုယုံကြည်မှုရှိချင်ပေမယ့် လုပ်နေတဲ့အပြုအမူတချို့က ကိုယ့်ရဲ့ image ကိုကျစေပြီး Confident မရှိတဲ့သူ တစ်ယောက်အသွင် ထင်မြင်သွားစေပါတယ်။ မိမိကိုယ်ကိုယုံကြည်မှု အပြည့်ရှိသူတွေက ဒီလို အပြုအမူမျိုးကို လုံးဝမလုပ်ကြပါဘူး။ ဒါ့ကြောင့် ကိုယ်တိုင်ရှောင်ရှားနိုင်ဖို့ အတွက် မိမိကိုယ်ကို ယုံကြည်မှု မရှိသူတွေရဲ့ အပြုအမူများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဝေဖန်အကြံပြုချက်ကိုလက်မခံဘူး

မိမိကိုုယ်ကိုယုံကြည်မှု နည်းပါးတဲ့သူတွေက တခြားသူတွေရဲ့ အမြင်၊ ဝေဖန်သုံးသပ်ချက်တွေကို လက်မခံနိုင်ကြပါဘူး။ သူတို့အမှားကို ထောက်ပြတဲ့အခါမှာလည်း လက်မခံတဲ့အပြင် မှန်ကန်တဲ့အဖြေကိုလည်း မပေးနိုင်ကြပါဘူး။ ဒါဟာ သူတို့ရဲ့ လုပ်ရပ်အပေါ် ယုံကြည်မှုမရှိတဲ့အတွက်ကြောင့်ပါ။

(၂) သာမန်ထက်ပိုပြီးသဘောကောင်းပြမယ်

လူတစ်ယောက်အပေါ်ကို သာမန်ထက်ပိုပြီး သဘောကောင်းနေတာမျိုး၊ အတင်းတွယ်ကပ်ပြီး ချီးကျုးနေတာမျိုးက မိမိကိုယ်ကိုယုံကြည်မှု မရှိသူတွေရဲ့ လုပ်ရပ်ပါပဲ။ ဒီလိုပြုလုပ်လိုက်ရင် လူအများကလည်း သူ့ကို သတိထားမိမယ်၊ သူ့ကို အရေးလုပ်ကြမယ်လို့ ထင်ပြီး Attention ယူတဲ့ သဘောဖြစ်နေပါတယ်။

(၃) ဖေ့စ်ဘွတ်မသုံးချင်ကြဘူး

မိမိကိုယ်ကိုယုံကြည်မှုမရှိတာနဲ့ ဖေ့စ်ဘွတ်မသုံးတာ ဘာဆိုင်လဲလို့ တွေးမိပါလိမ့်မယ်။ စိတ်ပညာရှင်များရဲ့ လေ့လာဆန်းစစ်ချက်အရ မိမိကိုယ်ကိုယုံကြည်မှုမရှိတဲ့သူ၊ သိမ်ငယ်စိတ်ရှိသူတွေက ဆိုရှယ်မီဒီယာကို အသုံးပြုဖို့ ကြောက်ရွံ့နေတတ်ကြတယ်လို့ ဆိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဖေ့စ်ဘွတ်ပေါ်က လူအများရဲ့ Perfect Lives ကိုတွေ့မြင်ရတဲ့အခါမှာ သိမ်ငယ်စိတ်ဝင်သွားကြပြီး အကောင့် Deactivate လုပ်ပစ်တာမျိုးတွေ ပြုလုပ်တတ်ကြပြန်ပါတယ်။

(၄) တခြားသူတွေရဲ့အမှားကိုဟာသလုပ်တယ်

သူတပါးရဲ့ အမှားတွေကိုဟာသလုပ်ပြီး နောက်ကွယ်မှာ ရယ်မောတာကလည်း မိမိကိုယ်ကို ယုံကြည်မှုမရှိသူတွေရဲ့ လုပ်ရပ်ပါပဲ။ သူတို့တောင်မှားသေးတာပဲဆိုပြီး မိမိကိုယ်ကို စိတ်ကြီးဝင်ပြီး အခြားသူရဲ့အမှားများကို ဟာသလုပ်တတ်ကြပါတယ်။

(၅) အတိတ်ကရုန်းမထွက်နိုင်ဘူး

မိမိကိုယ်ကိုယုံကြည်မှု မရှိတဲ့သူတွေက အတိတ်ကမှားခဲ့တဲ့ အမှားများကို မကြာခဏ တွေးတောပြီး နောင်တရနေတတ်ပါတယ်။ ကိုယ်မှားခဲ့တဲ့ အမှားတွေကနေပြီး သင်ခန်းစာမယူ၊ ကောင်းအောင် ဘယ်လို ပြောင်းလဲပြင်ဆင်ရမယ်ဆိုတာကို မတွေးဘဲ အတိတ်ကနေ ရုန်းမထွက်နိုင်ဘဲ ဖြစ်နေတတ်ပါတယ်။

(၆) ကိုယ်နေဟန်ထားစမတ်မကျ

လူတစ်ယောက်ရဲ့ ကိုယ်နေဟန်ထား နေပုံထိုင်ပုံတွေကို ကြည့်ပြီးတော့လည်း သူဟာ မိမိကိုယ်ကို ယုံကြည်မှုရှိသူတစ်ယောက် ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ လူရှေ့သူရှေ့မှာ ထိုင်တဲ့အခါမှာ ခါးကုန်းနေတယ်၊ ခေါင်းငုံ့ထားတယ်၊ လက်ပိုက်ပြီး နေနေတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယုံကြည်မှု လျော့နည်းနေလို့ပါ။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။