[ZawGyi]

ခ်စ္သူေတြအတြက္ ခ်ဳပ္ကြက္ေလးမ်ား

ခ်စ္သူစံုတြဲေတြျမဲျမံေနရင္ တစ္ေယာက္အေျပာကိုတစ္ေယာက္ဘဝင္ေတြက်ျပီး စိတ္ခ်မ္းေျမ႕ေနရင္ “သူကခ်ဳပ္တတ္တာကိုး”လုိ႔ ေျပာတတ္ၾကပါတယ္။ တကယ္ေတာ႔ ခ်ဳပ္တယ္ဆုိတာဟာလည္း အရည္အခ်င္းတစ္ရပ္ပါ။ ကိုယ္႔ရဲ႕ခ်ဳပ္တဲ႔ အေျပာေလးေတြ အျပဳအမူေလးေတြေနာက္မွာ ေမတၱာစစ္သာထည္႔လိုက္မယ္ဆုိရင္ တစ္သက္လံုးစိတ္ခ်မ္းေျမ႕သာယာတဲ႔ မိသားစုေလးကိုပိုင္ဆုိင္ရမွာပါ။ အခုအမ်ားစု ျမင္ေနတာက တကယ္ခ်စ္သူေတြက ခ်စ္သူသေဘာက်ေအာင္ မခ်ဳပ္တတ္ၾကဘူး ခ်ဳပ္တတ္သူေတြက်ျပန္ေတာ႔ မ်က္ႏွာမ်ားတတ္တဲ႔သဘာဝရွိတယ္လို႔ ထင္တတ္ၾကပါတယ္။ တကယ္ေတာ႔ ေကာင္းေကာင္းခ်ဳပ္တတ္သူျဖစ္ဖို႔ ေျပာပံုဆုိပံုေလးေတြနဲ႔ နားလည္မႈေလးေတြကုိ နည္းနည္းေျပာင္းလဲဖုိ႔သာလုိတာပါ။

ခ်ဳပ္ကြက္(၁) အျပစ္မတင္ဘူး

ေရရွည္ျမဲမယ္႔စံုတြဲေတြဟာ တစ္ေယာက္ကိုတစ္ေယာက္ အျပစ္ျမင္ျခင္းေတြေလွ်ာ႔ျပီးကယ္တင္ႏိုင္ဖုိ႔သာ ၾကိဳးစားပါတယ္။ ခ်စ္သူေကာင္မေလးက တစ္ခုခုအဆင္မေျပတာၾကံဳလာခဲ႔ရင္ ေကာင္ေလးက ျဖစ္မွာေပါ႔ ငါေျပာတာမွနားမေထာင္ဘဲ ခုေတာ႔ျဖစ္ျပီေလ လို႔ေအာ္တတ္သူေတြရွိပါတယ္။ ဒီလိုလူမ်ိဳးေတြဟာ သူ႔ခ်စ္သူကိုတကယ္မခ်စ္တာမဟုတ္ ခ်စ္တတ္စိတ္ပူတတ္ပါတယ္။ ဒါေပမဲ႔ အေျပာအဆုိမတတ္တာမို႔ ေကာင္မေလးကပိုဝမ္းနည္းရ စိတ္တုိရပါတယ္။ အမွန္ေတာ႔ ဘယ္လုိကူညီႏိုင္မလဲ ကို ဘာလုပ္ေပးႏိုင္မလဲလုိ႔ ေမးျမန္းရမွာပါ။

ခ်ဳပ္ကြက္(၂) သူ႔ကိုအျမဲဦးစားေပးတယ္

ခ်စ္သူေကာင္မေလးအေပၚကိုယ္က ဘယ္ေလာက္ပဲအႏိုင္ယူလုိ႔ရပါေစ ကိုယ္ကတစ္ကုိယ္ေကာင္းမဆန္ဘဲ သူမကိုအေရးေပးပါတယ္။ “ငါအကုန္အက်ခံထားတာေလ ဒီခရီးပဲသြားမယ” ဆုိတာထက္ “ဘယ္သြားခ်င္လဲ ဘာစားခ်င္လဲ ခ်စ္ေလးအရင္ေရြးပါ” ဆိုတာမ်ိဳးျဖစ္သင္႔ပါတယ္။ ကိုယ္က သူ႔ေရြးခ်ယ္မႈကိုသေဘာမက်ခဲ႔ရင္ေတာင္ “ဒီအခ်က္ေတြေၾကာင္႔မုိ႔ ကိုေတာ႔ ဒါကိုပိုေရြးသင္႔တယ္လို႔ထင္တယ္” ဆုိတဲ႔အေျပာမ်ိဳးေလးေတြ အေရးေပးမႈေလးေတြရွိရပါမယ္။

ခ်ဳပ္ကြက္ (၃) လွလွပပေရွာင္တတ္တယ္

ခ်ဳပ္တတ္သူေတြက ေကာင္မေလးကို ခ်ဳပ္ခ်ယ္တယ္လုိ႔ မသိသာေအာင္ခ်ဳပ္တတ္ပါတယ္။ “ဒီပြဲက ကိုမပါႏိုင္တာမုိ႔ စိတ္ပူတယ္။ ၉ နာရီျပန္ေနာ္” ဆုိတာမ်ိဳး “အိမ္ကိုကိုလိုက္မလည္ႏိုင္ေသးေပမယ္႔ ခ်စ္ေလးေဖေဖေမေမအတြက္ မုန္႔ေလးေတြေတာ႔ လာပို႔ထားခ်င္တယ္” ဆုိတာမ်ိဳးေတြေပါ႔။ ျပီးမွ သူ႔ဘာသာ ဂိမ္းတစ္ဝေဆာ႔ခ်င္ေဆာ႔ေနတာမ်ိဳးေလ။

ခ်ဳပ္ကြက္ (၄) Personal Space ေပးတယ္

တကယ္အထာညက္ျပီး ခ်စ္တတ္သူေတြက ေကာင္မေလးအနားတပူးပူးကပ္မေနတတ္ပါဘူး။ သူ႔မွာ တစ္ေယာက္တည္းေတြးခ်ိန္ ေငးခ်ိန္ တစ္ကိုယ္တည္းအခ်ိန္ေတြ လိုအပ္တယ္ဆုိတာကို နားလည္ေပးတတ္ပါတယ္။ တစ္ပတ္မွာ တစ္ရက္ ကိုယ္နဲ႔မေတြ႔ဘဲ သူဝါသနာပါရာကို ေလ႔လာမယ္ သင္ယူမယ္ဆုိရင္ ၾကည္ၾကည္ျဖဴျဖဴပံ႔ပိုးေပးလိုက္တာမ်ိဳးေပါ႔။

ခ်ဳပ္ကြက္(၅) ငါဆုိတာထက္ ငါတုိ႔ဆုိတာကိုပိုသံုးတယ္

ေအာင္ျမင္မႈတစ္ခုခုရသြားတယ္ အခက္အခဲတစ္ခုကိုေက်ာ္လႊားႏိုင္သြားတယ္ဆုိရင္ ကိုယ္႔ခ်စ္သူေကာင္မေလးရဲ႕ပ႔ံပိုးမႈက ေသးေသးေလးပဲျဖစ္ပါေစ သူမကိုခ်န္မထားတတ္ပါဘူး။ “ငါေတာ္ေတာ္ၾကိဳးစားလိုက္ရတယ္” ဆုိတာထက္ “ငါတုိ႕အတူေက်ာ္လႊားႏိုင္ခဲ႔ျပီေနာ္ ေတာ္ေသးတာေပါ႔ အားေပးမယ္႔ခ်စ္ေလးရွိလုိ႔” ဆုိတာမ်ိဳး “သူလည္းကူညီတာပါတယ္ကြ” လို႔ သူငယ္ခ်င္းေရွ႕မွာေျပာတာမ်ိဳးေပါ႔။ အဲလုိသာဆုိ သူမမ်က္ႏွာက တျပံဳးျပံဳးနဲ႔ လမင္းၾကီးေဘးနားလာသာသလိုျဖစ္ေနမွာပါ။

ခ်ဳပ္ကြက္ (၆) ဘယ္သူမွားမွားအရင္စေခၚတယ္

ခ်ဳပ္တတ္သူေတြဟာ ဘယ္လိုပဲရန္ျဖစ္ျဖစ္ စေခၚတတ္တဲ႔အက်င္႔ရွိပါတယ္။ ျပႆနာျဖစ္တိုင္းစေခၚတတ္တယ္ဆုိရင္ သူေတာ႔ငါ႔ကိုအရမ္းခ်စ္တာပဲ ရယ္လို႔ေကာင္မေလးေတြက တသိမ္႔သိမ္႔ၾကည္ႏူးေနတတ္ၾကသူေတြပါ။ ဒီေတာ႔ ကိုယ္က “ဟိုင္း” ဆိုတာမ်ိဳးသာစလုိက္ပါ သူ႔ဘက္ကခရားေရလႊတ္ တတြတ္တြတ္ ျဖစ္လာပါလိမ္႔မယ္။

ဒီအခ်က္ေတြအျပင္ တျခားခ်ဳပ္ကြက္ေတြလည္းရွိဦးမွာပါ။ အရမ္းမိုက္တဲ႔ခ်ဳပ္ကြက္ေတြရွိရင္လည္း မွ်ေဝခဲ႔ပါဦးလို႔။

www.akhayar.com

[Unicode]

ချစ်သူတွေအတွက် ချုပ်ကွက်လေးများ

ချစ်သူစုံတွဲတွေမြဲမြံနေရင် တစ်ယောက်အပြောကိုတစ်ယောက်ဘဝင်တွေကျပြီး စိတ်ချမ်းမြေ့နေရင် “သူကချုပ်တတ်တာကိုး”လို့ ပြောတတ်ကြပါတယ်။ တကယ်တော့ ချုပ်တယ်ဆိုတာဟာလည်း အရည်အချင်းတစ်ရပ်ပါ။ ကိုယ့်ရဲ့ချုပ်တဲ့ အပြောလေးတွေ အပြုအမူလေးတွေနောက်မှာ မေတ္တာစစ်သာထည့်လိုက်မယ်ဆိုရင် တစ်သက်လုံးစိတ်ချမ်းမြေ့သာယာတဲ့ မိသားစုလေးကိုပိုင်ဆိုင်ရမှာပါ။ အခုအများစု မြင်နေတာက တကယ်ချစ်သူတွေက ချစ်သူသဘောကျအောင် မချုပ်တတ်ကြဘူး ချုပ်တတ်သူတွေကျပြန်တော့ မျက်နှာများတတ်တဲ့သဘာဝရှိတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ကောင်းကောင်းချုပ်တတ်သူဖြစ်ဖို့ ပြောပုံဆိုပုံလေးတွေနဲ့ နားလည်မှုလေးတွေကို နည်းနည်းပြောင်းလဲဖို့သာလိုတာပါ။

ချုပ်ကွက်(၁) အပြစ်မတင်ဘူး

ရေရှည်မြဲမယ့်စုံတွဲတွေဟာ တစ်ယောက်ကိုတစ်ယောက် အပြစ်မြင်ခြင်းတွေလျှော့ပြီးကယ်တင်နိုင်ဖို့သာ ကြိုးစားပါတယ်။ ချစ်သူကောင်မလေးက တစ်ခုခုအဆင်မပြေတာကြုံလာခဲ့ရင် ကောင်လေးက ဖြစ်မှာပေါ့ ငါပြောတာမှနားမထောင်ဘဲ ခုတော့ဖြစ်ပြီလေ လို့အော်တတ်သူတွေရှိပါတယ်။ ဒီလိုလူမျိုးတွေဟာ သူ့ချစ်သူကိုတကယ်မချစ်တာမဟုတ် ချစ်တတ်စိတ်ပူတတ်ပါတယ်။ ဒါပေမဲ့ အပြောအဆိုမတတ်တာမို့ ကောင်မလေးကပိုဝမ်းနည်းရ စိတ်တိုရပါတယ်။ အမှန်တော့ ဘယ်လိုကူညီနိုင်မလဲ ကို ဘာလုပ်ပေးနိုင်မလဲလို့ မေးမြန်းရမှာပါ။

ချုပ်ကွက်(၂) သူ့ကိုအမြဲဦးစားပေးတယ်

ချစ်သူကောင်မလေးအပေါ်ကိုယ်က ဘယ်လောက်ပဲအနိုင်ယူလို့ရပါစေ ကိုယ်ကတစ်ကိုယ်ကောင်းမဆန်ဘဲ သူမကိုအရေးပေးပါတယ်။ “ငါအကုန်အကျခံထားတာလေ ဒီခရီးပဲသွားမယ” ဆိုတာထက် “ဘယ်သွားချင်လဲ ဘာစားချင်လဲ ချစ်လေးအရင်ရွေးပါ” ဆိုတာမျိုးဖြစ်သင့်ပါတယ်။ ကိုယ်က သူ့ရွေးချယ်မှုကိုသဘောမကျခဲ့ရင်တောင် “ဒီအချက်တွေကြောင့်မို့ ကိုတော့ ဒါကိုပိုရွေးသင့်တယ်လို့ထင်တယ်” ဆိုတဲ့အပြောမျိုးလေးတွေ အရေးပေးမှုလေးတွေရှိရပါမယ်။

ချုပ်ကွက် (၃) လှလှပပရှောင်တတ်တယ်

ချုပ်တတ်သူတွေက ကောင်မလေးကို ချုပ်ချယ်တယ်လို့ မသိသာအောင်ချုပ်တတ်ပါတယ်။ “ဒီပွဲက ကိုမပါနိုင်တာမို့ စိတ်ပူတယ်။ ၉ နာရီပြန်နော်” ဆိုတာမျိုး “အိမ်ကိုကိုလိုက်မလည်နိုင်သေးပေမယ့် ချစ်လေးဖေဖေမေမေအတွက် မုန့်လေးတွေတော့ လာပို့ထားချင်တယ်” ဆိုတာမျိုးတွေပေါ့။ ပြီးမှ သူ့ဘာသာ ဂိမ်းတစ်ဝဆော့ချင်ဆော့နေတာမျိုးလေ။

ချုပ်ကွက် (၄) Personal Space ပေးတယ်

တကယ်အထာညက်ပြီး ချစ်တတ်သူတွေက ကောင်မလေးအနားတပူးပူးကပ်မနေတတ်ပါဘူး။ သူ့မှာ တစ်ယောက်တည်းတွေးချိန် ငေးချိန် တစ်ကိုယ်တည်းအချိန်တွေ လိုအပ်တယ်ဆိုတာကို နားလည်ပေးတတ်ပါတယ်။ တစ်ပတ်မှာ တစ်ရက် ကိုယ်နဲ့မတွေ့ဘဲ သူဝါသနာပါရာကို လေ့လာမယ် သင်ယူမယ်ဆိုရင် ကြည်ကြည်ဖြူဖြူပံ့ပိုးပေးလိုက်တာမျိုးပေါ့။

ချုပ်ကွက်(၅) ငါဆိုတာထက် ငါတို့ဆိုတာကိုပိုသုံးတယ်

အောင်မြင်မှုတစ်ခုခုရသွားတယ် အခက်အခဲတစ်ခုကိုကျော်လွှားနိုင်သွားတယ်ဆိုရင် ကိုယ့်ချစ်သူကောင်မလေးရဲ့ပံ့ပိုးမှုက သေးသေးလေးပဲဖြစ်ပါစေ သူမကိုချန်မထားတတ်ပါဘူး။ “ငါတော်တော်ကြိုးစားလိုက်ရတယ်” ဆိုတာထက် “ငါတို့အတူကျော်လွှားနိုင်ခဲ့ပြီနော် တော်သေးတာပေါ့ အားပေးမယ့်ချစ်လေးရှိလို့” ဆိုတာမျိုး “သူလည်းကူညီတာပါတယ်ကွ” လို့ သူငယ်ချင်းရှေ့မှာပြောတာမျိုးပေါ့။ အဲလိုသာဆို သူမမျက်နှာက တပြုံးပြုံးနဲ့ လမင်းကြီးဘေးနားလာသာသလိုဖြစ်နေမှာပါ။

ချုပ်ကွက် (၆) ဘယ်သူမှားမှားအရင်စခေါ်တယ်

ချုပ်တတ်သူတွေဟာ ဘယ်လိုပဲရန်ဖြစ်ဖြစ် စခေါ်တတ်တဲ့အကျင့်ရှိပါတယ်။ ပြဿနာဖြစ်တိုင်းစခေါ်တတ်တယ်ဆိုရင် သူတော့ငါ့ကိုအရမ်းချစ်တာပဲ ရယ်လို့ကောင်မလေးတွေက တသိမ့်သိမ့်ကြည်နူးနေတတ်ကြသူတွေပါ။ ဒီတော့ ကိုယ်က “ဟိုင်း” ဆိုတာမျိုးသာစလိုက်ပါ သူ့ဘက်ကခရားရေလွှတ် တတွတ်တွတ် ဖြစ်လာပါလိမ့်မယ်။

ဒီအချက်တွေအပြင် တခြားချုပ်ကွက်တွေလည်းရှိဦးမှာပါ။ အရမ်းမိုက်တဲ့ချုပ်ကွက်တွေရှိရင်လည်း မျှဝေခဲ့ပါဦးလို့။

www.akhayar.com