[Zawgyi]

အဂၤါည ခ်န္ပီယံလိဂ္ပြဲေတြမွာ ပရိသတ္ေတြ သတိမထားမိလုိက္တဲ့ အခ်က္မ်ား

ခ်န္ပီယံလိဂ္ပြဲစဥ္(၂) အဂၤါညပဲြေတြမွာေတာ့ မထင္မွတ္တဲ့ ရလဒ္ေတြနဲ႔အတူ အဆုံးသတ္ခဲ့တယ္။ လက္ရွိခ်န္ပီယံ ရီးယဲလ္အသင္းဟာ အေ၀းကြင္းမွာ CSKA ေမာ္စကုိအသင္းကုိ (၁-၀)ဂုိးနဲ႔ မထင္မွွတ္ဘဲ ႐ႈံးနိမ့္ခဲ့ၿပီး မန္ယူ၊ ဘုိင္ယန္အသင္းေတြလည္း ႏုိင္ပဲြေပ်ာက္ဆုံးခဲ့တယ္။ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo မပါတဲ့ ဂ်ဴဗင္တပ္စ္အသင္းဟာ ယန္းဘြိဳင္းစ္ကုိ ဂုိးျပတ္အႏုိင္ယူခဲ့သလုိ၊ ႐ုိးမားအသင္းကလည္း အိမ္ကြင္းမွာ ဗစ္တိုးရီးယားပါလ္ဇန္အသင္းကုိ (၅)ဂုိးျပတ္ အႏုိင္ရခဲ့တယ္။ အဂၤါည ခ်န္ပီယံလိဂ္ပဲြေတြမွာ မထင္မွတ္တဲ့ ရလဒ္ေတြနဲ႔အတူ ပရိသတ္ေတြ သတိမထားမိလုိက္တဲ့ ထူးျခားခ်က္ေတြလည္း ရွိခဲ့တယ္။ အဲဒါေတြကေတာ့ . .

Beck is Back

Becks-back-at-Old-Trafford

Becks-back-at-Old-Trafford

ဗလင္စီယာနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပဲြမွာ မန္ယူပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ေဒးဗစ္ဘက္ခမ္ David Beckham လာၾကည့္ခဲ့ပါတယ္။ ဘက္ခမ္ရဲ႕ အုိးလ္ထရက္ဖုိ႔ဒ္ အျပန္လမ္းမွာ မန္ယူအသင္း သေရပဲြႀကံဳခဲ့တာကေတာ့ စိတ္ပ်က္စရာပါပဲ။ ပဲြခ်ိန္အတြင္း မန္ယူအသင္းရရွိတဲ့ ဖရီးကစ္အခြင့္အေရးကုိ အလက္ဆစ္ဆန္းခ်က္ဇ္ Alexis Sanchez ဟာ စိတ္ပ်က္စရာေကာင္းေလာက္ေအာင္ လဲြေခ်ာ္ခဲ့လုိ႔ မန္ယူပရိသတ္ေတြ စိတ္ထဲမွာ ဘက္ခမ္ကုိ ကြင္းထဲခဏ၀င္ၿပီး အဲဒီဖရီးကစ္ကုိ ကန္ေစခ်င္ေနေလာက္မွာပါ။

ဂ်ဴဗင္တပ္စ္ႏုိင္ပဲြရေပမယ့္ စိတ္အလုိ မက်ျဖစ္ေနတဲ့ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo

Cristiano-Ronaldo-watched-Juventus-with-girlfriend-Georgina-Rodriguez-at-the-Allianz-Stadium

Cristiano-Ronaldo-watched-Juventus-with-girlfriend-Georgina-Rodriguez-at-the-Allianz-Stadium

ဂ်ဴဗင္တပ္စ္ နာမည္ေက်ာ္တိုက္စစ္မွွဴး စီေရာ္နယ္လ္ဒုိဟာ ယန္းဘြိဳင္းစ္ကုိ အႏုိင္ရခဲ့တဲ့ပဲြမွာ ပရိသတ္အျဖစ္ လာေရာက္ၾကည့္႐ႈခဲ့ၿပီး သူ႔အသင္းအႏုိင္ရခဲ့ေပမယ့္ မ်က္ႏွာက စိတ္အလုိမက်ျဖစ္ေနတဲ့ ပုံေပါက္ေနပါတယ္။ စီေရာ္နယ္လ္ဒုိဟာ ပဲြပယ္ျပစ္ဒဏ္ေၾကာင့္ ဒီပဲြကုိ လဲြေခ်ာ္ခဲ့တဲ့အတြက္ မေက်မနပ္ျဖစ္ေနတာလည္း ျဖစ္ႏုိင္ပါတယ္။ အခုေလာေလာဆယ္ေတာ့ စီေရာ္နယ္လ္ဒုိဟာ အမ်ိဳးသမီးတစ္ဦးကုိ မုဒိန္းက်င့္ခဲ့တယ္ဆုိတဲ့ စြပ္စဲြခ်က္ေတြနဲ႔ ရင္ဆုိင္ေနၿပီး အဲဒီျပႆနာကုိလည္း ေျဖရွင္းရဦးမွာပါ။

ကမၻာ႔ဖလားၿပီးသြားၿပီဆုိတာ မကၠဆီကုိ ပရိသတ္ေတြကုိ အသိေပးလုိက္ၾကပါဦး

The-World-Cup-is-over-but-no-one-told-Mexico

The-World-Cup-is-over-but-no-one-told-Mexico

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြ ၿပီးဆုံးသြားတာ လအေတာ္ၾကာခဲ့ၿပီျဖစ္ေပမယ့္ မကၠဆီကုိ ပရိသတ္ေတြက ေမ့ေလ်ာ႔ေနပုံပါပဲ။ ကမၻာ႔ဖလားဗုိလ္လုပဲြ က်င္းပခဲ့တဲ့ လုဇ္နီကီကြင္းမွာ CSKA ေမာ္စကုိနဲ႔ ရီးယဲလ္အသင္းတို႔ ကစားခဲ့တဲ့ပဲြကုိ မကၠဆီကုိ ပရိသတ္ေတြ လာေရာက္ၾကည့္႐ႈခဲ့ေပမယ့္ သူတို႔ဟာ ႏွစ္သင္းစလုံးကုိ အားမေပးဘဲ မကၠဆီကုိႏုိင္ငံအလံ ကုိင္ေဆာင္ အားေပးခဲ့ၾကတာပါ။ ကမၻာ႔ဖလားၿပီးသြားၿပီဆုိတာ မကၠဆီကုိ ပရိသတ္ေတြကုိ အသိေပးလုိက္ၾကပါဦး။

အသင္းေဖာ္ေဟာင္းကုိ ဂုဏ္ျပဳခဲ့တဲ့ ဂ်က္စတင္ကလြိဳက္ဗတ္ Justin Kluivert

Kluivert-celebrates-scoring-by-holding-a-Roma-shirt-in-tribute-to-former-Ajax-team-mate-Abdelhak-Nouri

Kluivert-celebrates-scoring-by-holding-a-Roma-shirt-in-tribute-to-former-Ajax-team-mate-Abdelhak-Nouri

႐ုိးမားအသင္းရဲ႕ နယ္သာလန္လူငယ္ကစားသမား ဂ်က္စတင္ကလြိဳက္ဗက္ဟာ ဗစ္တိုးရီးယားပါလ္ဇန္နဲ႔ပဲြမွာ သူ႔ကစားသမားဘ၀ ပထမဆုံး ခ်န္ပီယံလိဂ္ဂုိးသြင္းယူခဲ့ၿပီး သတင္းစာေတြရဲ႕ ေခါင္းႀကီးသတင္းေနရာကုိ အပုိင္သိမ္းယူႏုိင္ခ့ဲတယ္။ ဒါေပမဲ့ ဂုိးသြင္းၿပီတဲ့အခ်ိန္မွာ ကလြိဳက္ဗတ္ရဲ႕ ေအာင္ပဲြခံပုံက ၀မ္းနည္းၾကည္ႏူးစရာပါပဲ။ ကလိြဳက္ဗတ္ဟာ အဂ်က္စ္အသင္းေဖာ္ေဟာင္း Abdelhak Nouri ကုိ ဂုဏ္ျပဳတဲ့အေနနဲ႔ သူ႔နာမည္ပါတဲ့ ဂ်ာစီကို ကုိင္ေျမႇာက္ေအာင္ပဲြခံခဲ့တာပါ။ Abdelhak Nouri ဟာ အသက္(၂၁)ႏွစ္သာရွိေသးေပမ့ယ့္ ျပင္းထန္တဲ့ ဦးေႏွာက္ေ၀ဒနာေၾကာင့္ ေဘာလုံး ဆက္မကစားႏုိင္ေတာ့သလုိ ကုိမားေရာဂါ (၁)ႏွစ္ေက်ာ္ခံစားၿပီးတဲ့ေနာက္မွာ ၿပီးခဲ့တဲ့ ၾသဂုတ္လကမွ သတိျပန္ရလာသူျဖစ္ပါတယ္။

REF:Daily Mail
Photo:Twitter,OtoFun,Sports bible,
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အင်္ဂါည ချန်ပီယံလိဂ်ပွဲတွေမှာ ပရိသတ်တွေ သတိမထားမိလိုက်တဲ့ အချက်များ

ချန်ပီယံလိဂ်ပွဲစဉ်(၂) အင်္ဂါညပွဲတွေမှာတော့ မထင်မှတ်တဲ့ ရလဒ်တွေနဲ့အတူ အဆုံးသတ်ခဲ့တယ်။ လက်ရှိချန်ပီယံ ရီးယဲလ်အသင်းဟာ အဝေးကွင်းမှာ CSKA မော်စကိုအသင်းကို (၁-ဝ)ဂိုးနဲ့ မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ပြီး မန်ယူ၊ ဘိုင်ယန်အသင်းတွေလည်း နိုင်ပွဲပျောက်ဆုံးခဲ့တယ်။ စီရော်နယ်လ်ဒို Cristiano Ronaldo မပါတဲ့ ဂျူဗင်တပ်စ်အသင်းဟာ ယန်းဘွိုင်းစ်ကို ဂိုးပြတ်အနိုင်ယူခဲ့သလို၊ ရိုးမားအသင်းကလည်း အိမ်ကွင်းမှာ ဗစ်တိုးရီးယားပါလ်ဇန်အသင်းကို (၅)ဂိုးပြတ် အနိုင်ရခဲ့တယ်။ အင်္ဂါည ချန်ပီယံလိဂ်ပွဲတွေမှာ မထင်မှတ်တဲ့ ရလဒ်တွေနဲ့အတူ ပရိသတ်တွေ သတိမထားမိလိုက်တဲ့ ထူးခြားချက်တွေလည်း ရှိခဲ့တယ်။ အဲဒါတွေကတော့ . .

Beck is Back

Becks-back-at-Old-Trafford

Becks-back-at-Old-Trafford

ဗလင်စီယာနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ မန်ယူပရိသတ်တွေရဲ့ အချစ်တော် ဒေးဗစ်ဘက်ခမ် David Beckham လာကြည့်ခဲ့ပါတယ်။ ဘက်ခမ်ရဲ့ အိုးလ်ထရက်ဖို့ဒ် အပြန်လမ်းမှာ မန်ယူအသင်း သရေပွဲကြုံခဲ့တာကတော့ စိတ်ပျက်စရာပါပဲ။ ပွဲချိန်အတွင်း မန်ယူအသင်းရရှိတဲ့ ဖရီးကစ်အခွင့်အရေးကို အလက်ဆစ်ဆန်းချက်ဇ် Alexis Sanchez ဟာ စိတ်ပျက်စရာကောင်းလောက်အောင် လွဲချော်ခဲ့လို့ မန်ယူပရိသတ်တွေ စိတ်ထဲမှာ ဘက်ခမ်ကို ကွင်းထဲခဏဝင်ပြီး အဲဒီဖရီးကစ်ကို ကန်စေချင်နေလောက်မှာပါ။

ဂျူဗင်တပ်စ်နိုင်ပွဲရပေမယ့် စိတ်အလို မကျဖြစ်နေတဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo

Cristiano-Ronaldo-watched-Juventus-with-girlfriend-Georgina-Rodriguez-at-the-Allianz-Stadium

Cristiano-Ronaldo-watched-Juventus-with-girlfriend-Georgina-Rodriguez-at-the-Allianz-Stadium

ဂျူဗင်တပ်စ် နာမည်ကျော်တိုက်စစ်မှူး စီရော်နယ်လ်ဒိုဟာ ယန်းဘွိုင်းစ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ပရိသတ်အဖြစ် လာရောက်ကြည့်ရှုခဲ့ပြီး သူ့အသင်းအနိုင်ရခဲ့ပေမယ့် မျက်နှာက စိတ်အလိုမကျဖြစ်နေတဲ့ ပုံပေါက်နေပါတယ်။ စီရော်နယ်လ်ဒိုဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဒီပွဲကို လွဲချော်ခဲ့တဲ့အတွက် မကျေမနပ်ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ အခုလောလောဆယ်တော့ စီရော်နယ်လ်ဒိုဟာ အမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေပြီး အဲဒီပြဿနာကိုလည်း ဖြေရှင်းရဦးမှာပါ။

ကမ္ဘာ့ဖလားပြီးသွားပြီဆိုတာ မက္ကဆီကို ပရိသတ်တွေကို အသိပေးလိုက်ကြပါဦး

The-World-Cup-is-over-but-no-one-told-Mexico

The-World-Cup-is-over-but-no-one-told-Mexico

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးသွားတာ လအတော်ကြာခဲ့ပြီဖြစ်ပေမယ့် မက္ကဆီကို ပရိသတ်တွေက မေ့လျော့နေပုံပါပဲ။ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ကျင်းပခဲ့တဲ့ လုဇ်နီကီကွင်းမှာ CSKA မော်စကိုနဲ့ ရီးယဲလ်အသင်းတို့ ကစားခဲ့တဲ့ပွဲကို မက္ကဆီကို ပရိသတ်တွေ လာရောက်ကြည့်ရှုခဲ့ပေမယ့် သူတို့ဟာ နှစ်သင်းစလုံးကို အားမပေးဘဲ မက္ကဆီကိုနိုင်ငံအလံ ကိုင်ဆောင် အားပေးခဲ့ကြတာပါ။ ကမ္ဘာ့ဖလားပြီးသွားပြီဆိုတာ မက္ကဆီကို ပရိသတ်တွေကို အသိပေးလိုက်ကြပါဦး။

အသင်းဖော်ဟောင်းကို ဂုဏ်ပြုခဲ့တဲ့ ဂျက်စတင်ကလွိုက်ဗတ် Justin Kluivert

Kluivert-celebrates-scoring-by-holding-a-Roma-shirt-in-tribute-to-former-Ajax-team-mate-Abdelhak-Nouri

Kluivert-celebrates-scoring-by-holding-a-Roma-shirt-in-tribute-to-former-Ajax-team-mate-Abdelhak-Nouri

ရိုးမားအသင်းရဲ့ နယ်သာလန်လူငယ်ကစားသမား ဂျက်စတင်ကလွိုက်ဗက်ဟာ ဗစ်တိုးရီးယားပါလ်ဇန်နဲ့ပွဲမှာ သူ့ကစားသမားဘ၀ ပထမဆုံး ချန်ပီယံလိဂ်ဂိုးသွင်းယူခဲ့ပြီး သတင်းစာတွေရဲ့ ခေါင်းကြီးသတင်းနေရာကို အပိုင်သိမ်းယူနိုင်ခဲ့တယ်။ ဒါပေမဲ့ ဂိုးသွင်းပြီတဲ့အချိန်မှာ ကလွိုက်ဗတ်ရဲ့ အောင်ပွဲခံပုံက ဝမ်းနည်းကြည်နူးစရာပါပဲ။ ကလွိုက်ဗတ်ဟာ အဂျက်စ်အသင်းဖော်ဟောင်း Abdelhak Nouri ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့နာမည်ပါတဲ့ ဂျာစီကို ကိုင်မြှောက်အောင်ပွဲခံခဲ့တာပါ။ Abdelhak Nouri ဟာ အသက်(၂၁)နှစ်သာရှိသေးပေမ့ယ့် ပြင်းထန်တဲ့ ဦးနှောက်ဝေဒနာကြောင့် ဘောလုံး ဆက်မကစားနိုင်တော့သလို ကိုမားရောဂါ (၁)နှစ်ကျော်ခံစားပြီးတဲ့နောက်မှာ ပြီးခဲ့တဲ့ သြဂုတ်လကမှ သတိပြန်ရလာသူဖြစ်ပါတယ်။

REF:Daily Mail
Photo:Twitter,OtoFun,Sports bible,
Naing Linn(Akhayar)
www.akhayar.com