[Zawgyi]

တားျမစ္ေဆးက်ခဲ့တဲ့ ကစားသမားေတြရွိတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့တဲ့ FA

ၿပီးခဲ့တဲ့ေဘာလံုးရာသီက တားျမစ္ေဆးက်ခဲ့တဲ့ ကစားသမားေတြရွိတယ္လို႔ အဂၤလန္ေဘာလံုးအဖြဲ႔ခ်ဳပ္ (FA)က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ နာမည္ထုတ္ေဖာ္ေျပာၾကားျခင္းမရွိေသးေပမယ့္ ပေရာ္ဖက္ရွင္နယ္ ကစားသမား (၆)ဦးအထိ ေဆးက်ခဲ့ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေဘာလံုးရာသီက ပရီးမီးယားလိဂ္ အပါအဝင္ အဂၤလန္ျပည္တြင္းမွာရွိတဲ့ လိဂ္ၿပိဳင္ပြဲေတြ၊ သက္တမ္းအလိုက္ၿပိဳင္ပြဲေတြနဲ႔ အမ်ိဳးသမီးအမွတ္ေပးၿပိဳင္ပြဲေတြမွာ ပါဝင္ကစားခဲ့တဲ့ ကစားသမားေတြကုိ စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ၿပီး ေဆးက်ခဲ့တဲ့ ကစားသမားေတြ ရွိခဲ့တာျဖစ္ပါတယ္။ FA ဟာ အဂၤလန္ႏိုင္ငံရဲ႕ တားျမစ္ေဆး စစ္ေဆးေရးအဖြဲ႔နဲ႔ ခ်ိတ္ဆက္ၿပီး ကစားသမားေတြကို စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့တာပါ။

The-Premier-League-was-one-of-the-leagues-in-which-its-players-were-tested

The-Premier-League-was-one-of-the-leagues-in-which-its-players-were-tested

တားျမစ္ေဆးစစ္ေဆးရာမွာ ကိုကင္း၊ ဟီရိုးအင္း၊ ေဆးေျခာက္၊ LSD နဲ႔ အက္စ္တာစီ အသံုးျပဳခဲ့ျခင္းရွိ၊ မရွိ အဓိကထား စစ္ေဆးခဲ့တာျဖစ္ၿပီး စစ္ေဆးမႈျပဳလုပ္မယ့္ ကစားသမားကို ႀကိဳတင္အသိေပးခဲ့ျခင္းမရွိဘဲ ပြဲကစားၿပီးတဲ့အခ်ိန္မွာ ေရွာင္တခင္ဝင္ေရာက္ စစ္ေဆးခဲ့တာျဖစ္ပါတယ္။ FA အေနနဲ႔ ကမၻာ႔မူးယစ္ေဆးတိုက္ဖ်က္ေရးအဖြဲ႔ (WADA) ရဲ႕ သတ္မွတ္ထားတဲ့ စံညႊႊန္းေတြအတိုင္း စစ္ေဆးမႈေတြ ျပဳခဲ့တာျဖစ္တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။ တားျမစ္ေဆးက်ခဲ့တဲ့ ကစားသမားေတြဟာ ပြဲပယ္ျပစ္ဒဏ္က်ခံရမွာျဖစ္ၿပီး ပထမအႀကိမ္အျဖစ္ (၁)လကေန (၁)ႏွစ္အတြင္း၊ ဒုတိယအႀကိမ္ ထပ္မံသံုးစြဲထားေၾကာင္း စစ္ေဆးေတြ႔ရွိပါက (၁၈)လကေန (၁)ႏွစ္အတြင္းနဲ႔ တတိယအႀကိမ္ ေဆးက်ခဲ့ရင္ ကစားသမားဘဝကေန ရာသက္ပန္ပြဲပယ္ခံရမွာျဖစ္ပါတယ္။

REF:The Sun
Photo:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

တားမြစ်ဆေးကျခဲ့တဲ့ ကစားသမားတွေရှိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့တဲ့ FA

ပြီးခဲ့တဲ့ဘောလုံးရာသီက တားမြစ်ဆေးကျခဲ့တဲ့ ကစားသမားတွေရှိတယ်လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ နာမည်ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေမယ့် ပရော်ဖက်ရှင်နယ် ကစားသမား (၆)ဦးအထိ ဆေးကျခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပရီးမီးယားလိဂ် အပါအဝင် အင်္ဂလန်ပြည်တွင်းမှာရှိတဲ့ လိဂ်ပြိုင်ပွဲတွေ၊ သက်တမ်းအလိုက်ပြိုင်ပွဲတွေနဲ့ အမျိုးသမီးအမှတ်ပေးပြိုင်ပွဲတွေမှာ ပါဝင်ကစားခဲ့တဲ့ ကစားသမားတွေကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ဆေးကျခဲ့တဲ့ ကစားသမားတွေ ရှိခဲ့တာဖြစ်ပါတယ်။ FA ဟာ အင်္ဂလန်နိုင်ငံရဲ့ တားမြစ်ဆေး စစ်ဆေးရေးအဖွဲ့နဲ့ ချိတ်ဆက်ပြီး ကစားသမားတွေကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပါ။

The-Premier-League-was-one-of-the-leagues-in-which-its-players-were-tested

The-Premier-League-was-one-of-the-leagues-in-which-its-players-were-tested

တားမြစ်ဆေးစစ်ဆေးရာမှာ ကိုကင်း၊ ဟီရိုးအင်း၊ ဆေးခြောက်၊ LSD နဲ့ အက်စ်တာစီ အသုံးပြုခဲ့ခြင်းရှိ၊ မရှိ အဓိကထား စစ်ဆေးခဲ့တာဖြစ်ပြီး စစ်ဆေးမှုပြုလုပ်မယ့် ကစားသမားကို ကြိုတင်အသိပေးခဲ့ခြင်းမရှိဘဲ ပွဲကစားပြီးတဲ့အချိန်မှာ ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့တာဖြစ်ပါတယ်။ FA အနေနဲ့ ကမ္ဘာ့မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ (WADA) ရဲ့ သတ်မှတ်ထားတဲ့ စံညွှွှန်းတွေအတိုင်း စစ်ဆေးမှုတွေ ပြုခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ တားမြစ်ဆေးကျခဲ့တဲ့ ကစားသမားတွေဟာ ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်ပြီး ပထမအကြိမ်အဖြစ် (၁)လကနေ (၁)နှစ်အတွင်း၊ ဒုတိယအကြိမ် ထပ်မံသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိပါက (၁၈)လကနေ (၁)နှစ်အတွင်းနဲ့ တတိယအကြိမ် ဆေးကျခဲ့ရင် ကစားသမားဘဝကနေ ရာသက်ပန်ပွဲပယ်ခံရမှာဖြစ်ပါတယ်။

REF:The Sun
Photo:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com