[Zawgyi]

Cristiano Ronaldo ၊ Messi တို့ထက် ဆုဖလားအရေအတွက် ပိုများခဲ့တဲ့ ဂန္ထ၀င်ကစားသမားများ

စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ မက်ဆီ Messi တို့က ပြီးခဲ့တဲ့(၁၀)စုနှစ်အတွင်း အကောင်းဆုံးကစားသမားတွေဆိုတာ ပရိသတ်တွေ အားလုံးအသိပါပဲ။ နှစ်ဦးစလုံးရဲ့ ကလပ်အသင်းနဲ့ တစ်ဦးချင်း အောင်မြင်မှုမှတ်တမ်းကို ကြည့်ရင်လည်း သူတို့လိုစွမ်းဆောင်နိုင်မယ့် ကစားသမားတွေ နောက်ထပ် ထွက်ပေါ်လာပါဦးမလားဆိုပြီးတော့တောင် တွေးကြည့်မိတယ်။

C-Ronaldo

C-Ronaldo

ဘောလုံးသမားဘ၀ အဆုံးမသတ်သေးခင်မှာဘဲ ဘောလုံးလောကရဲ့သက်ရှိဂန္ထ၀င်ကစားသမားစာရင်းမှာ ဖော်ပြခံထားရသလို ပီလီ Pele-မာရာဒိုနာ Maradona ၊ ဇီဒန်း Zidane – ရော်နယ်လ်ဒို Ronaldo တို့နောက်ပိုင်း ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ကစားသမားနှစ်ဦးလည်းဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုဟာ ကစားသမားဘ၀တစ်လျှောက်လုံးမှာ ဆုဖလား(၂၆)ခုအထိ ရရှိထားပြီး မက်ဆီကတော့ ဆုဖလားပေါင်း(၃၂)ခုအထိ ဆွတ်ခူးနိုင်ခဲ့တယ်။ ဒါပေမဲ့ အံ့အားသင့်စရာကောင်းတာက စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ဟာ ဘောလုံးလောကမှာ ဆုဖလားအများဆုံးရဖူးခဲ့တဲ့ ကစားသမားတွေတော့ မဟုတ်ကြဘူး။

Messi

Messi

သူ့ထက်သူ လူစွမ်းကောင်းလို့ ဆိုရမလိုပဲ စီရော်နယ်လ်ဒို၊ မက်ဆီတို့ဟာ အောင်မြင်မှုတွေ အများကြီးရခဲ့ဖူးပေမယ့် သူတို့ထက်ပိုပြီး ဖလားအရေအတွက် ပိုမိုရရှိခဲ့ကြသူတွေလည်းရှိကြပါတယ်။ အဲဒီကစားသမားတွေကလည်း တစ်ခေတ်တစ်ခါတုန်းက ဘောလုံးလောကမှာ ထင်ရှားခဲ့ကြသူတွေဖြစ်ပြီး ဘယ်သူတွေဖြစ်မလဲဆိုတာ ပရိသတ်တွေသိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ် . . . .

Vitor-Baia

Vitor-Baia

ဗစ်တာဘိုင်ယာ Vitor Baia (၃၃ လုံး – ပေါ်တို ၂၇ , ဘာစီလိုနာ ၆)
ပေါ်တိုနဲ့ ပေါ်တူဂီ နာမည်ကျော်ဂိုးသမားကြီး ဗစ်တာဘိုင်ယာ Vitor Baia ကို ပရိသတ်တွေ မှတ်မိကြပါဦးမယ်။ ၂၀၀၄ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နည်းပြမော်ရင်ဟို Mourinho ရဲ့ပေါ်တိုအသင်းနဲ့အတူ ချန်ပီယံလိဂ်ဆုဖလား ရရှိခဲ့ပြီး ပေါ်တူဂီဘောလုံးလောကအတွက် Idol ထဲမှာ တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။

Dalglish

Dalglish

ဒဲလ်ဂလစ်ရှ် Dalglish (၃၄ လုံး – ဆဲလ်တစ် ၉၊ လီဗာပူးလ် ၂၅)
လီဗာပူးလ်အသင်းရဲ့ ထာဝရအကောင်းဆုံးကစားသမားလို့ သတ်မှတ်ရမယ့် ဒဲလ်ဂလစ်ရှ်ဟာ လီဗာပူးလ်ကစားသမားဘ၀ (၂၃)နှစ်တာကာလအတွင်း ဥရောပဖလား(ချန်ပီယံလိဂ်)(၃)ကြိမ်၊ အင်္ဂလန်အမှတ်ပေးဖလား (၆)ကြိမ်၊ လိဂ်ဖလား(၄)ကြိမ်အပါအ၀င် ဆုဖလား (၂၅)ခုအထိရယူခဲ့ပြီး လီဗာပူးလ်အသင်းမှာ သူ့လိုမျိုး အောင်ြမင်မှုကို လက်ရှိအချိန်အထိ ဘယ်ကစားသမားမှ မရယူနိုင်သေးပါဘူး။

Ryan-Giggs

Ryan-Giggs

ရိုင်ယန်ဂစ် Ryan Giggs (၃၄ လုံး – မန်ယူ)
ဘောလုံးလောကမှာ ရိုင်ယန်ဂစ်လိုမျိုး ဘောလုံးသမားဘ၀တစ်လျှောက် ကလပ်တစ်သင်းထဲအတွက်ကစားခဲ့သူ One Club Players တွေက သိပ်များများစားစားမရှိပါဘူး။ ၁၉၉၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ကစားခဲ့တဲ့ ရိုင်ယန်ဂစ်ဟာ ချန်ပီယံလိဂ်(၂)ကြိမ်၊ ပရီးမီးယားလိဂ်(၁၃)ကြိမ်အပါအ၀င် ဆုဖလား (၃၄)ခုအထိ ရရှိခဲ့ပါတယ်။

Iniesta

Iniesta

အင်နီယေစတာ Iniesta (၃၅ လုံး – ဘာစီလိုနာ ၃၂ ၊ စပိန် ၃ )
အင်နီယေစတာလိုမျိုး ကလပ်အသင်းမှာရော နိုင်ငံအသင်းအတွက်ပါ အဓိက ဆုဖလားတွေရယူခဲ့တဲ့ ကစားသမားဆိုတာက လက်ချိုးရေလို့ရပါလိမ့်မယ်။ နောက်ပြီး ကမ္ဘာ့ဖလား၊ ယူရို၊ ချန်ပီယံလိဂ်ဖလား (၃)ခုစလုံးရခဲ့တဲ့မှတ်တမ်းကလည်း တကယ့်ကိုရှားပါးတဲ့ မှတ်တမ်းပါ။

Dani-Alves

Dani-Alves

ဒန်နီအဲလ်ဗတ်စ် Dani Alves (၃၆ လုံး – ဆီဗီလာ ၅၊ ဘာစီလိုနာ ၂၃၊ ဂျူဗင်တပ်စ် ၂၊ PSG ၃၊ ဘရာဇီးလ် ၃)
ဘရာဇီးလ်ဝါရင့်နောက်ခံလူ ဒန်နီအဲလ်ဗတ်စ်ကတော့ သူကစားတဲ့အသင်းတိုင်းမှာ ဖလားရခဲ့တဲ့ကစားသမားတစ်ဦးလို့ ပြောရမှာပါ။ အသက်(၃၅)နှစ်အရွယ်ဖြစ်နေပေမယ့်လည်း အဲလ်ဗတ်စ်ဟာ အောင်မြင်မှုတွေ နောက်ထပ်ရယူဖို့အတွက် အမြဲတမ်းအသင့်ရှိနေဆဲပါပဲ။

maxwell-

maxwell-

မက်ဇ်ဝဲလ် Maxwell (၃၆ လုံး – ခရူဇီယို ၁၊ အေဂျက်စ် ၅၊ အင်တာမီလန် ၅၊ ဘာစီလိုနာ ၁၀၊ PSG ၁၅)
မက်ဇ်ဝဲလ်လို သိပ်ပြီး နာမည်မကျော်တဲ့ကစားသမားတစ်ဦးက စီရော်နယ်လ်ဒို၊ မက်ဆီတို့ထက် ဖလားအရေအတွက် ပိုရခဲ့တယ်ဆိုရင် ပရိသတ်တွေ အံ့အားသင့်သွားမလား။ အရင်ကဆိုရင် မက်ဇ်ဝဲလ်က ဖလားအများဆုံးရရှိခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ခဲ့ပြီး အခု အဲလ်ဗတ်စ်က သူ့ရဲ့မှတ်တမ်းကို လိုက်မီခဲ့တာဖြစ်ပါတယ်။

ပရိသတ်ကြီးရေ . .ဒါကတော့ ဘောလုံးသမိုင်းမှာ ဆုဖလားအများဆုံးရခဲ့ဖူးတဲ့ ကစားသမားတွေပါပဲ။ ဒီထဲမှာ ပရိသတ်တွေ အကြိုက်ကစားသမားတွေရော ပါရဲ့လားဆိုတာ ပြောခဲ့ပေးပါဦး . .

REF:sportskeeda
Photo: These Football Times,Twitter,Reuters UK,Eurosport,LFChistory,FC Porto
Naing Linn(Akhayar)
www.akhayar.com