[Zawgyi]

ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ျဖစ္တဲ့ စိတ္အေျပာင္းအလဲျဖစ္ျခင္းအတြက္ ကုသနည္းလမ္း

၅၀ ရာခုိင္ႏႈန္းေသာ အမ်ိဳးသမီးမ်ားက ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ စိတ္မၾကည္ျခင္းနဲ႔ စိတ္အလို မက်တဲ့ ေရာဂါကို မၾကာခဏဆိုသလို ခံစားေနရပါတယ္။ အမ်ိဳးသားမ်ားလည္း ျဖစ္တတ္တယ္ဆိုေပမယ့္ အမ်ိဳးသမီးမ်ားက ပိုၿပီးအျဖစ္မ်ားပါတယ္။ အထူးသျဖင့္ လစဥ္ရာသီစက္ဝန္းကာလမွာ စိတ္အေျပာင္းအလဲအျဖစ္မ်ားပါတယ္။ ဒါကို ကုသဖို႔အတြက္ နည္းလမ္းေကာင္းမ်ားကို ရွာေဖြၿပီး ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ကဖင္းဓာတ္ေလ်ာ့ခ်ပါ

စိတ္မၾကည္မလင္ျဖစ္ေနတဲ့အခါမ်ိဳးမွာ အထူးေရွာင္ရွားရမွာကေတာ့ ကဖင္းဓာတ္ပါဝင္တဲ့ အေဖ်ာ္ယမကာေတြပါပဲ။ ကဖင္းဓာတ္က စိတ္ကိုလန္းဆန္းတက္ၾကြသြားေစတယ္လို႔ ထင္ရေပမယ့္ ကဖင္းဓာတ္က စိတ္မတည္မၿငိမ္ျဖစ္ေစတဲ့ ေဟာ္မုန္းကို ပိုမိုထြက္ေပၚလာေစပါတယ္။ ဒါ့ေၾကာင့္ ဒီလိုကာလအတြင္းမွာ ကဖင္းဓာတ္ကို ေရွာင္ရွားတာ အေကာင္းဆံုးပါပဲ။

(၂) သင့္ေတာ္တဲ့ အစားအစာမ်ားကို ေရြးခ်ယ္စားသံုးပါ

ဒီလိုအခ်ိန္မွာ အစားအေသာက္စားဖို႔ကိုလည္း ေမ့ေလ်ာ့ေနတတ္ပါတယ္။ စိတ္မၾကည္မလင္ျဖစ္ေနတဲ့အခ်ိန္မွာ မစားခ်င္မေသာက္ခ်င္တဲ့ သူေတြလည္းရွိသလို တစ္ခ်ိဳ႕က်ေတာ့လည္း အထိန္းအကြပ္မဲ့ စားေသာက္ေနမိတာမ်ိဳးလည္း ေတြ႔ရပါတယ္။ ဒ့ါေၾကာင့္ အာဟာရရွိတဲ့ အစားအစားကိုသာ စားသံုးဖုိ႔ တိုက္တြန္းခ်င္ပါတယ္။ အာလူး၊ ဆန္၊ ဂ်ံဳ၊ ကာဗိုဟိုက္ဒရိုက္ပါဝင္တဲ့ အစားအစာမ်ားက Serotonin Levels ကို ျမွင့္တက္လာေစတဲ့အတြက္ စိတ္ၾကည္လင္လာေစမွာပါ။

(၃) ပရိုတိန္းဓာတ္ျဖည့္တင္းေပးပါ

ပရိုတိန္းဓာတ္ျပည့္ဝစြာပါဝင္တဲ့ အသား၊ ငါးမ်ားကို စားသံုးေပးတာကလည္း Mood Swings အတြက္ ကုသနည္းတစ္ရပ္ပါပဲ။ ဒါ့အျပင္ ပဲ၊ ႏို႔ စတဲ့ အမိုင္ႏိုအက္ဆစ္ၾကြယ္ဝစြာပါဝင္တဲ့ အစားအေသာက္ မ်ားကလည္း အမ်ိဳးသမီးမ်ား ရာသီစက္ဝန္းမွာခံစားရတဲ့ စိတ္အေျပာင္းအလဲျဖစ္စဥ္မ်ားကို ထိန္းခ်ဳပ္ေပးႏုိင္ပါတယ္။

(၄) ခ်စ္ရသူနဲ႔ အခ်ိန္ကုန္ဆံုးပါ

ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ Mood Swings ျဖစ္ေနတဲ့အခ်ိန္မွာ တစ္ေယာက္တည္းခန္းေအာင္း ေနတာမ်ိဳး မလုပ္ပါနဲ႔။ ကိုယ္ခ်စ္ရတဲ့မိသားစု၊ သူငယ္ခ်င္းေတြနဲ႔ အတူရွိေနခ်ိန္မွာဆိုရင္ ခႏၶာကိုယ္တြင္းက Oxytocin ဆိုတဲ့ ေပ်ာ္ရႊင္ျခင္းေဟာ္မုန္းဓာတ္မ်ား ထြက္ေပၚလာဖို႔ တြန္းအားေပးပါတယ္။

(၅) ေလ့က်င့္ခန္းျပဳလုပ္ပါ

ေလ့က်င့္ခန္းပံုမွန္ျပဳလုပ္တာကလည္း ခႏၶာကိုယ္တြင္းက ေျပာင္းလဲျဖစ္စဥ္မ်ားကို ထိန္းခ်ဳပ္ေပးႏုိင္စြမ္း ရွိပါတယ္။ ဒါ့ေၾကာင့္ ေလ့က်င့္ခန္းလုပ္တာ၊ ေယာဂက်င့္တာမ်ိဳး ျပဳလုပ္ၿပီး စိတ္တည္ၿငိမ္ေအာင္ ျပဳလုပ္ႏိုင္ပါတယ္။

(၆) စိတ္ဖိစီးမႈ ေလ်ာ့ခ်ပါ

ဓမၼတာစက္ဝန္းကာလအတြင္းမွာပဲမဟုတ္ဘဲ မၾကာခဏဆိုသလို စိတ္အေျပာင္းအလဲျဖစ္ၿပီး ဝမ္းနည္းအားငယ္တာမ်ိဳး ႀကံဳေတြ႔ေနရတယ္ဆိုရင္ေတာ့ စိတ္ဖိစီးမႈေၾကာင့္လည္း ျဖစ္ႏုိင္ပါတယ္။ စိတ္ဖိစီးမႈေတြမ်ားလာတဲ့အခါ ပင္ပန္းလာၿပီးေတာ့ Mood swings ျဖစ္လာရတာပါ။ ဒါ့ေၾကာင့္ စိတ္ဖိစီးမႈကို အတတ္ႏုိင္ဆံုး ေလ်ာ့ခ်ပါ။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တဲ့ စိတ်အပြောင်းအလဲဖြစ်ခြင်းအတွက် ကုသနည်းလမ်း

၅၀ ရာခိုင်နှုန်းသော အမျိုးသမီးများက ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်မကြည်ခြင်းနဲ့ စိတ်အလို မကျတဲ့ ရောဂါကို မကြာခဏဆိုသလို ခံစားနေရပါတယ်။ အမျိုးသားများလည်း ဖြစ်တတ်တယ်ဆိုပေမယ့် အမျိုးသမီးများက ပိုပြီးအဖြစ်များပါတယ်။ အထူးသဖြင့် လစဉ်ရာသီစက်ဝန်းကာလမှာ စိတ်အပြောင်းအလဲအဖြစ်များပါတယ်။ ဒါကို ကုသဖို့အတွက် နည်းလမ်းကောင်းများကို ရှာဖွေပြီး ဖော်ပြပေးလိုက်ပါတယ်။

(၁) ကဖင်းဓာတ်လျော့ချပါ

စိတ်မကြည်မလင်ဖြစ်နေတဲ့အခါမျိုးမှာ အထူးရှောင်ရှားရမှာကတော့ ကဖင်းဓာတ်ပါဝင်တဲ့ အဖျော်ယမကာတွေပါပဲ။ ကဖင်းဓာတ်က စိတ်ကိုလန်းဆန်းတက်ကြွသွားစေတယ်လို့ ထင်ရပေမယ့် ကဖင်းဓာတ်က စိတ်မတည်မငြိမ်ဖြစ်စေတဲ့ ဟော်မုန်းကို ပိုမိုထွက်ပေါ်လာစေပါတယ်။ ဒါ့ကြောင့် ဒီလိုကာလအတွင်းမှာ ကဖင်းဓာတ်ကို ရှောင်ရှားတာ အကောင်းဆုံးပါပဲ။

(၂) သင့်တော်တဲ့ အစားအစာများကို ရွေးချယ်စားသုံးပါ

ဒီလိုအချိန်မှာ အစားအသောက်စားဖို့ကိုလည်း မေ့လျော့နေတတ်ပါတယ်။ စိတ်မကြည်မလင်ဖြစ်နေတဲ့အချိန်မှာ မစားချင်မသောက်ချင်တဲ့ သူတွေလည်းရှိသလို တစ်ချို့ကျတော့လည်း အထိန်းအကွပ်မဲ့ စားသောက်နေမိတာမျိုးလည်း တွေ့ရပါတယ်။ ဒ့ါကြောင့် အာဟာရရှိတဲ့ အစားအစားကိုသာ စားသုံးဖို့ တိုက်တွန်းချင်ပါတယ်။ အာလူး၊ ဆန်၊ ဂျုံ၊ ကာဗိုဟိုက်ဒရိုက်ပါဝင်တဲ့ အစားအစာများက Serotonin Levels ကို မြှင့်တက်လာစေတဲ့အတွက် စိတ်ကြည်လင်လာစေမှာပါ။

(၃) ပရိုတိန်းဓာတ်ဖြည့်တင်းပေးပါ

ပရိုတိန်းဓာတ်ပြည့်ဝစွာပါဝင်တဲ့ အသား၊ ငါးများကို စားသုံးပေးတာကလည်း Mood Swings အတွက် ကုသနည်းတစ်ရပ်ပါပဲ။ ဒါ့အပြင် ပဲ၊ နို့ စတဲ့ အမိုင်နိုအက်ဆစ်ကြွယ်ဝစွာပါဝင်တဲ့ အစားအသောက် များကလည်း အမျိုးသမီးများ ရာသီစက်ဝန်းမှာခံစားရတဲ့ စိတ်အပြောင်းအလဲဖြစ်စဉ်များကို ထိန်းချုပ်ပေးနိုင်ပါတယ်။

(၄) ချစ်ရသူနဲ့ အချိန်ကုန်ဆုံးပါ

ဟော်မုန်းအပြောင်းအလဲကြောင့် Mood Swings ဖြစ်နေတဲ့အချိန်မှာ တစ်ယောက်တည်းခန်းအောင်း နေတာမျိုး မလုပ်ပါနဲ့။ ကိုယ်ချစ်ရတဲ့မိသားစု၊ သူငယ်ချင်းတွေနဲ့ အတူရှိနေချိန်မှာဆိုရင် ခန္ဓာကိုယ်တွင်းက Oxytocin ဆိုတဲ့ ပျော်ရွှင်ခြင်းဟော်မုန်းဓာတ်များ ထွက်ပေါ်လာဖို့ တွန်းအားပေးပါတယ်။

(၅) လေ့ကျင့်ခန်းပြုလုပ်ပါ

လေ့ကျင့်ခန်းပုံမှန်ပြုလုပ်တာကလည်း ခန္ဓာကိုယ်တွင်းက ပြောင်းလဲဖြစ်စဉ်များကို ထိန်းချုပ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာမျိုး ပြုလုပ်ပြီး စိတ်တည်ငြိမ်အောင် ပြုလုပ်နိုင်ပါတယ်။

(၆) စိတ်ဖိစီးမှု လျော့ချပါ

ဓမ္မတာစက်ဝန်းကာလအတွင်းမှာပဲမဟုတ်ဘဲ မကြာခဏဆိုသလို စိတ်အပြောင်းအလဲဖြစ်ပြီး ဝမ်းနည်းအားငယ်တာမျိုး ကြုံတွေ့နေရတယ်ဆိုရင်တော့ စိတ်ဖိစီးမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုတွေများလာတဲ့အခါ ပင်ပန်းလာပြီးတော့ Mood swings ဖြစ်လာရတာပါ။ ဒါ့ကြောင့် စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံး လျော့ချပါ။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။