[Zawgyi]

အမ်ိဳးသမီးတိုင္းရင္ခုန္တဲ႔ Luxury Brand နာရီမ်ား

လက္ပတ္နာရီဆိုတာ အခ်ိန္ကိုတန္ဖိုးထားတဲ႔ လူတိုင္းအတြက္ မရွိမျဖစ္အသံုးအေဆာင္တစ္ခု တခ်ိဳ႕ေတြအတြက္ေတာ႔ ၾကြယ္ဝမႈကိုျပတဲ႔ အဆင္တန္ဆာတစ္ခုလည္းျဖစ္ပါေသးတယ္။ ဒီေန႔ေခတ္မွာ အမ်ဳိးသားေရာ အမ်ဳိးသမီးပါ ေစ်းႏႈန္းျမင္႔တဲ႔နာရီေတြကို အျမတ္တႏိုးတန္ဖိုးထားၿပီး ဝတ္ဆင္ေနဆဲပါ။ ဒီလိုအျမတ္တႏိုးတန္ဖိုးထားဝတ္ဆင္ရေလာက္ေအာင္ တခ်ိဳ႕ေသာလက္ပတ္နာရီေတြရဲ႕ တန္ဖိုးက အဖိုးတန္လက္ဝတ္ရတနာေတြထက္ေတာင္ ေစ်းေကာင္းလို႔ေနပါေသးတယ္။ ဒီလိုတန္ဖိုးႀကီးလက္ပတ္နာရီေတြထဲကမွ အမ်ိဳးသမီးတိုင္း အျမတ္တႏိုးတန္ဖိုးထားျပီး ဆင္ျမန္းခ်င္ၾကတဲ႔ အမ်ိဳးသမီးၾကိဳက္ ေစ်းအၾကီးဆံုး Luxury Brand ေတြကေတာ႔ ဒါေတြပါ။

(၁) Tissot Watches For Women

Tissot ကေတာ႔ လက္ပတ္နာရီစုေဆာင္းသူေတြၾကားထဲမွာ နာမည္ေျပာလိုက္တာနဲ႔ ခ်က္ခ်င္းမွတ္မိေစမယ္႔ အမွတ္တံဆိပ္မ်ဴိးျဖစ္ပါတယ္။ မၾကာေသးခင္ကမွ အသစ္ျဖန္႔ျဖဴးလိုက္တဲ႔ Tissot T Wave စီးရီးေတြထဲက အမ်ဳိးသမီးဝတ္လက္ပတ္နာရီေတြကလည္း Luxury Watch ေစ်းကြက္ကို ႏွစ္ဆျမင္႔တက္သြားေစတဲ႔အထိေအာင္ ေရာင္းအားေကာင္းခဲ့ပါတယ္။ Tissot T Wave ရဲ႕ အဆင့္ျမင္႔ၿပီး ေကာင္းမြန္ေသသပ္တဲ႔ ဒီဇိုင္းေၾကာင္႔ ဝတ္ဆင္ထားသူက လူအမ်ားၾကားမွာ ထင္ရွားေပၚလြင္ေနမွာေတာ့ အမွန္ပါပဲ။ လက္ပတ္နာရီစုေဆာင္းရတာ ဝါသနာထံုသူေတြအတြက္ေတာ့ ဒီလက္ပတ္နာရီက ထည့္သြင္းစုေဆာင္းဖို႔ အသင့္ေတာ္ဆံုး အမ်ိဳးအစားတစ္ခုပဲျဖစ္ပါတယ္။

Tissot T Wave watch for women

Tissot T Wave watch for women

(၂) Tag Heuer

Tag Heuer ကလည္း နာရီ Crazy သမားေတြ ၾကားထဲမွာ မသိသူမရွိေလာက္ေအာင္ ေအာင္ျမင္ေက်ာ္ၾကားတဲ့ အမွတ္တံဆိပ္ပဲျဖစ္ပါတယ္။Tag Heuer’s Lady Link က ၂၀၁၇ ခုနစ္္ကတည္းက လူႀကိဳက္မ်ားခဲ့တာျဖစ္ၿပီး ၂၀၁၈ မွာလည္း Luxury Watch ေစ်းကြက္ကို သိမ္းပိုက္ဖို႔ အလားအလာရွိေနပါတယ္။ က်စ္လ်စ္သိပ္သည္းမႈနဲ႔ ရိုးရွင္းခန္႔ညားမႈအျပင္ ဒိုင္ခြက္ပန္းေရာင္ေလးမုိ႔ အမ်ဴိးသမီးေတြရဲ႕ အသည္းႏွလံုးကို ေျခြသြားႏုိင္တဲ႔ လက္ပတ္နာရီမ်ဳိးပဲျဖစ္ပါတယ္။ ေန႔စဥ္ပတ္ဖို႔အတြက္ လက္ပတ္နာရီေကာင္းေကာင္းတစ္ခုရွာေဖြေနတယ္ဆိုရင္ေတာ့ Lady Link က ကြက္တိပါပဲ။

Tag Heuer Lady Link watch for women

Tag Heuer Lady Link watch for women

(၃) Girard Perregaux Women’s Watches

၁၉၇၁ ခုနစ္ကတည္းက နာရီေစ်းကြက္ထဲကို ေရာက္ရွိလာတဲ့ Girard Perregaux ကလည္း Luxury Watch Crazy ေတြအတြက္ လက္လြတ္မခံခ်င္ေလာက္ေအာင္ ဆဲြေဆာင္မႈအားေကာင္းတဲ့ နာရီမ်ဳိးပဲ ျဖစ္ပါတယ္။ ဒီအမွတ္တံဆိပ္က ဗစ္တိုရီးယားဘုရင္မၾကီးေတာင္ ႏွစ္သက္တဲ႔ ေစ်းအႀကီးဆံုးနာရီအျဖစ္ ဂုဏ္သတင္းေမႊးတဲ႔ အမွတ္တံဆိပ္လည္း ျဖစ္ပါေသးတယ္။

Girard Perregaux watches for women

Girard Perregaux watches for women

(၄) Cartier

သိမ္႔ေမြၿပီးလက္ရာေျမာက္တဲ့ တန္ဖိုးႀကီးလက္ဝတ္ရတနာေတြနဲ႔ ေပါင္းစပ္ဖန္တီးထားတဲ့ လက္ပတ္နာရီေတြအေၾကာင္းေျပာမယ္ဆိုရင္ Cartier ကုိ ခ်န္ထားခဲ႔လို႔မရပါဘူး။ အလုပ္လုပ္ေနတဲ႔ အမ်ဳိးသမီးေတြအတြက္ ရည္ရြယ္ၿပီးထုတ္ထားတဲ႔ ေနာက္ဆံုးေပၚ Cartier Tank Solo ကလည္း Business Woman ေတြနဲ႔ လိုက္ဖက္ေအာင္ လယ္သာလက္ပတ္ႀကိဳးနဲ႔ အၾကမ္းခံတဲ့ပံုစံမ်ဳိး ထုတ္လုပ္ထားတာပါ။ ဒါအျပင္ ရုိးရုိးရွင္းရွင္းနဲ႔ လူအမ်ားၾကားမွာထင္ေပၚေနေစဖုိ႔ အသားေပးဖန္တီးထားလို႔ သူ႔ကိုဝတ္ဆင္ထားရရင္ အလုိလုိ Confidence ရွိေနမွာလည္း ေသခ်ာပါတယ္။

Cartier tank solo large rose gold watch

Cartier tank solo large rose gold watch

(၅) Rolex

Rolex တံဆိပ္ကေတာ႔ အမ်ဳိးသားေတြသာမက အမ်ိဳးသမီးေတြပါႏွစ္ျခိဳက္ၾကတဲ႔ Brand တစ္ခုပါ။ အမ်ဳိးသမီးေတြအတြက္ ေရြးခ်ယ္စရာ ဒီဇုုိင္းစံုစံုလင္လင္ရွိတာကလည္း သူ႔ရဲ႕အားသာခ်က္ပါ။ အမ်ဳိးသမီးဝတ္ေတြထဲက ေနာက္ဆံုးအေနနဲဲ႔ ထြက္ရွိထားတဲ႔ Rolex Pearlmaster ဟာဆုိရင္ တန္ဖိုးၾကီး လက္ဝတ္ရတနာေတြ စီျခယ္ထားပါတယ္။ ၁၈ ကာရက္ Pink Gold သတၱဳစပ္နဲ႔ဖန္တီးထားၿပီး နာရီဒိုင္ခြက္ကိုလည္း ကာလာအမ်ဳိးမ်ဳိး၊ ေရႊမႈန္႔ ၊ စိန္မႈန္႔တို႔နဲ႕ ဖဲြ႔စည္းထားပါတယ္။ ဒီအစိတ္အပိုင္းေတြ အားလံုးေပါင္းစပ္ဖဲြ႕စည္းလိုက္တဲ႔အခါမွာ အမ်ဴိးသမီးတုိင္းရင္ခုန္တဲ႔ အဆင္တန္ဆာတစ္ခုျဖစ္သြားပါတယ္။ ဒါအျပင္ အခ်ိန္အလြန္တိက်တဲ့ နာရီအျဖစ္ Swiss ကေန Certificate ရရွိထားတဲ႔ နာရီျဖစ္လို႔ Luxury နာရီခ်စ္သူေတြ တမ္းတမ္းစဲြ လိုခ်င္ေနၾကတာျဖစ္ပါတယ္။ အႏုစိတ္က်တဲ႔ Rose Gold ဒီဇုိင္းကေတာ့ ဒီ ၂၀၁၈ မွာ ေခတ္စားလာဖို႔ အလားအလာရွိေနပါတယ္။

Rolex Pearlmaster watch for women

Rolex Pearlmaster watch for women

(၆) Chanel’s Boy.Friend Watch

Chanel’s Boy.Friend Watch က နာမည္ကို ၾကားလိုက္တာနဲ႔တင္ ဘယ္ေသာအခါမွ ေမ႔ႏိုင္မွာ မဟုတ္တာေတာ့ ေသခ်ာပါတယ္။ Luxury Watch ေတြ ေတာ္ေတာ္မ်ားမ်ားရဲ႕ ဒိုင္ခြက္က အ႒ဂံပုစံ ရွိေပမယ္႔ သူူရဲ႕ အ႒ဂံပုစံ ဒိုင္ခြက္ကေတာ့ ဝတ္ဆင္ထားသူကို ရည္မြန္ေၾကာ့ရွင္းတဲ႔အသြင္ကို အျပည္႔အဝေဖာ္ေဆာင္ေပးပါတယ္။ ဒါအျပင္ Chanel Boy.Friend Watch ကို 18K Beige Gold Case နဲ႔ 18K Whit Gold Case ဆုိၿပီးလာသလို Diamond ပါတဲ႔ Frame နဲ႔ Diamond မပါတဲ႔ Frame ဆိုၿပီး ေရြးခ်ယ္လို႔ ရပါတယ္။ Frame ေတြကို ခိုင္ခံ့ေအာင္  မိေက်ာင္းသားေရလက္ပတ္ႀကိဳးနဲ႔ တဲြစပ္ကာ ပံုေဖာ္ဖန္တီးထားပါတယ္။ ဒါအျပင္ ၃၀ မီတာအနက္ထိ ေရစိုခံတဲ႔အတြက္ ေရစိုသြားလို႔ အလြယ္တကူပ်က္စီးသြားမွာမ်ဴိးကို စိတ္ပူစရာမလိုပါဘူး။ ဒီီဇိုင္းက ရုိးရွင္းေသသပ္လွပလို႔ ဘယ္လို Outfit မ်ဴိးနဲ႔မဆို တဲြဖက္ဝတ္ဆင္ႏုိုင္ပါတယ္။

Chanel Boy.Friend Watch

Chanel Boy.Friend Watch

ကဲ…ဘယ္တစ္ခုကို အၾကိဳက္ဆံုးလဲ ေရြးခဲ႔ၾကပါဦးေနာ္။

H.H(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အမျိုးသမီးတိုင်းရင်ခုန်တဲ့ Luxury Brand နာရီများ

လက်ပတ်နာရီဆိုတာ အချိန်ကိုတန်ဖိုးထားတဲ့ လူတိုင်းအတွက် မရှိမဖြစ်အသုံးအဆောင်တစ်ခု တချို့တွေအတွက်တော့ ကြွယ်ဝမှုကိုပြတဲ့ အဆင်တန်ဆာတစ်ခုလည်းဖြစ်ပါသေးတယ်။ ဒီနေ့ခေတ်မှာ အမျိုးသားရော အမျိုးသမီးပါ ဈေးနှုန်းမြင့်တဲ့နာရီတွေကို အမြတ်တနိုးတန်ဖိုးထားပြီး ဝတ်ဆင်နေဆဲပါ။ ဒီလိုအမြတ်တနိုးတန်ဖိုးထားဝတ်ဆင်ရလောက်အောင် တချို့သောလက်ပတ်နာရီတွေရဲ့ တန်ဖိုးက အဖိုးတန်လက်ဝတ်ရတနာတွေထက်တောင် ဈေးကောင်းလို့နေပါသေးတယ်။ ဒီလိုတန်ဖိုးကြီးလက်ပတ်နာရီတွေထဲကမှ အမျိုးသမီးတိုင်း အမြတ်တနိုးတန်ဖိုးထားပြီး ဆင်မြန်းချင်ကြတဲ့ အမျိုးသမီးကြိုက် ဈေးအကြီးဆုံး Luxury Brand တွေကတော့ ဒါတွေပါ။

(၁) Tissot Watches For Women

Tissot ကတော့ လက်ပတ်နာရီစုဆောင်းသူတွေကြားထဲမှာ နာမည်ပြောလိုက်တာနဲ့ ချက်ချင်းမှတ်မိစေမယ့် အမှတ်တံဆိပ်မျိူးဖြစ်ပါတယ်။ မကြာသေးခင်ကမှ အသစ်ဖြန့်ဖြူးလိုက်တဲ့ Tissot T Wave စီးရီးတွေထဲက အမျိုးသမီးဝတ်လက်ပတ်နာရီတွေကလည်း Luxury Watch ဈေးကွက်ကို နှစ်ဆမြင့်တက်သွားစေတဲ့အထိအောင် ရောင်းအားကောင်းခဲ့ပါတယ်။ Tissot T Wave ရဲ့ အဆင့်မြင့်ပြီး ကောင်းမွန်သေသပ်တဲ့ ဒီဇိုင်းကြောင့် ဝတ်ဆင်ထားသူက လူအများကြားမှာ ထင်ရှားပေါ်လွင်နေမှာတော့ အမှန်ပါပဲ။ လက်ပတ်နာရီစုဆောင်းရတာ ဝါသနာထုံသူတွေအတွက်တော့ ဒီလက်ပတ်နာရီက ထည့်သွင်းစုဆောင်းဖို့ အသင့်တော်ဆုံး အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။

Tissot T Wave watch for women

Tissot T Wave watch for women

(၂) Tag Heuer

Tag Heuer ကလည်း နာရီ Crazy သမားတွေ ကြားထဲမှာ မသိသူမရှိလောက်အောင် အောင်မြင်ကျော်ကြားတဲ့ အမှတ်တံဆိပ်ပဲဖြစ်ပါတယ်။Tag Heuer’s Lady Link က ၂၀၁၇ ခုနစ်ကတည်းက လူကြိုက်များခဲ့တာဖြစ်ပြီး ၂၀၁၈ မှာလည်း Luxury Watch ဈေးကွက်ကို သိမ်းပိုက်ဖို့ အလားအလာရှိနေပါတယ်။ ကျစ်လျစ်သိပ်သည်းမှုနဲ့ ရိုးရှင်းခန့်ညားမှုအပြင် ဒိုင်ခွက်ပန်းရောင်လေးမို့ အမျိူးသမီးတွေရဲ့ အသည်းနှလုံးကို ခြွေသွားနိုင်တဲ့ လက်ပတ်နာရီမျိုးပဲဖြစ်ပါတယ်။ နေ့စဉ်ပတ်ဖို့အတွက် လက်ပတ်နာရီကောင်းကောင်းတစ်ခုရှာဖွေနေတယ်ဆိုရင်တော့ Lady Link က ကွက်တိပါပဲ။

Tag Heuer Lady Link watch for women

Tag Heuer Lady Link watch for women

(၃) Girard Perregaux Women’s Watches

၁၉၇၁ ခုနစ်ကတည်းက နာရီဈေးကွက်ထဲကို ရောက်ရှိလာတဲ့ Girard Perregaux ကလည်း Luxury Watch Crazy တွေအတွက် လက်လွတ်မခံချင်လောက်အောင် ဆွဲဆောင်မှုအားကောင်းတဲ့ နာရီမျိုးပဲ ဖြစ်ပါတယ်။ ဒီအမှတ်တံဆိပ်က ဗစ်တိုရီးယားဘုရင်မကြီးတောင် နှစ်သက်တဲ့ ဈေးအကြီးဆုံးနာရီအဖြစ် ဂုဏ်သတင်းမွှေးတဲ့ အမှတ်တံဆိပ်လည်း ဖြစ်ပါသေးတယ်။

Girard Perregaux watches for women

Girard Perregaux watches for women

(၄) Cartier

သိမ့်မွေပြီးလက်ရာမြောက်တဲ့ တန်ဖိုးကြီးလက်ဝတ်ရတနာတွေနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ လက်ပတ်နာရီတွေအကြောင်းပြောမယ်ဆိုရင် Cartier ကို ချန်ထားခဲ့လို့မရပါဘူး။ အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေအတွက် ရည်ရွယ်ပြီးထုတ်ထားတဲ့ နောက်ဆုံးပေါ် Cartier Tank Solo ကလည်း Business Woman တွေနဲ့ လိုက်ဖက်အောင် လယ်သာလက်ပတ်ကြိုးနဲ့ အကြမ်းခံတဲ့ပုံစံမျိုး ထုတ်လုပ်ထားတာပါ။ ဒါအပြင် ရိုးရိုးရှင်းရှင်းနဲ့ လူအများကြားမှာထင်ပေါ်နေစေဖို့ အသားပေးဖန်တီးထားလို့ သူ့ကိုဝတ်ဆင်ထားရရင် အလိုလို Confidence ရှိနေမှာလည်း သေချာပါတယ်။

Cartier tank solo large rose gold watch

Cartier tank solo large rose gold watch

(၅) Rolex

Rolex တံဆိပ်ကတော့ အမျိုးသားတွေသာမက အမျိုးသမီးတွေပါနှစ်ခြိုက်ကြတဲ့ Brand တစ်ခုပါ။ အမျိုးသမီးတွေအတွက် ရွေးချယ်စရာ ဒီဇိုုင်းစုံစုံလင်လင်ရှိတာကလည်း သူ့ရဲ့အားသာချက်ပါ။ အမျိုးသမီးဝတ်တွေထဲက နောက်ဆုံးအနေနဲ့ ထွက်ရှိထားတဲ့ Rolex Pearlmaster ဟာဆိုရင် တန်ဖိုးကြီး လက်ဝတ်ရတနာတွေ စီခြယ်ထားပါတယ်။ ၁၈ ကာရက် Pink Gold သတ္တုစပ်နဲ့ဖန်တီးထားပြီး နာရီဒိုင်ခွက်ကိုလည်း ကာလာအမျိုးမျိုး၊ ရွှေမှုန့် ၊ စိန်မှုန့်တို့နဲ့ ဖွဲ့စည်းထားပါတယ်။ ဒီအစိတ်အပိုင်းတွေ အားလုံးပေါင်းစပ်ဖွဲ့စည်းလိုက်တဲ့အခါမှာ အမျိူးသမီးတိုင်းရင်ခုန်တဲ့ အဆင်တန်ဆာတစ်ခုဖြစ်သွားပါတယ်။ ဒါအပြင် အချိန်အလွန်တိကျတဲ့ နာရီအဖြစ် Swiss ကနေ Certificate ရရှိထားတဲ့ နာရီဖြစ်လို့ Luxury နာရီချစ်သူတွေ တမ်းတမ်းစွဲ လိုချင်နေကြတာဖြစ်ပါတယ်။ အနုစိတ်ကျတဲ့ Rose Gold ဒီဇိုင်းကတော့ ဒီ ၂၀၁၈ မှာ ခေတ်စားလာဖို့ အလားအလာရှိနေပါတယ်။

Rolex Pearlmaster watch for women

Rolex Pearlmaster watch for women

(၆) Chanel’s Boy.Friend Watch

Chanel’s Boy.Friend Watch က နာမည်ကို ကြားလိုက်တာနဲ့တင် ဘယ်သောအခါမှ မေ့နိုင်မှာ မဟုတ်တာတော့ သေချာပါတယ်။ Luxury Watch တွေ တော်တော်များများရဲ့ ဒိုင်ခွက်က အဋ္ဌဂံပုစံ ရှိပေမယ့် သူူရဲ့ အဋ္ဌဂံပုစံ ဒိုင်ခွက်ကတော့ ဝတ်ဆင်ထားသူကို ရည်မွန်ကြော့ရှင်းတဲ့အသွင်ကို အပြည့်အဝဖော်ဆောင်ပေးပါတယ်။ ဒါအပြင် Chanel Boy.Friend Watch ကို 18K Beige Gold Case နဲ့ 18K Whit Gold Case ဆိုပြီးလာသလို Diamond ပါတဲ့ Frame နဲ့ Diamond မပါတဲ့ Frame ဆိုပြီး ရွေးချယ်လို့ ရပါတယ်။ Frame တွေကို ခိုင်ခံ့အောင်  မိကျောင်းသားရေလက်ပတ်ကြိုးနဲ့ တွဲစပ်ကာ ပုံဖော်ဖန်တီးထားပါတယ်။ ဒါအပြင် ၃၀ မီတာအနက်ထိ ရေစိုခံတဲ့အတွက် ရေစိုသွားလို့ အလွယ်တကူပျက်စီးသွားမှာမျိူးကို စိတ်ပူစရာမလိုပါဘူး။ ဒီဇိုင်းက ရိုးရှင်းသေသပ်လှပလို့ ဘယ်လို Outfit မျိူးနဲ့မဆို တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

Chanel Boy.Friend Watch

Chanel Boy.Friend Watch

ကဲ…ဘယ်တစ်ခုကို အကြိုက်ဆုံးလဲ ရွေးခဲ့ကြပါဦးနော်။

H.H(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။