အမျိုးသမီးတွေအနေနဲ့ ဝတ်စားပြင်ဆင်ရတဲ့အထဲမှာ ဝတ်စုံအမျိုးမျိုးကိုလိုက်ပြီး အတွင်းကဝတ်ရတဲ့အခုအခံပစ္စည်းတွေ ဘရာတွေ အတွင်းခံတွေက အမျိုးမျိုးပြောင်းလဲပါတယ်။ တခါတလေမိန်းကလေးတွေကိုယ်တိုင်တောင် ဘယ်လို Dress ဆိုဘာဝတ်ရမယ် ဘယ် အဝတ်အစားဆိုရင် ဘယ်လိုအတွင်းခံဝတ်ရမလဲဆိုတာကို ထွေပြားတတ်ကြပါတယ်။ ဒါကြောင့် ဘယ်လိုမှန်မှန်ကန်ကန်ဝတ်ဆင်မလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

စကတ်ကျပ်ကျပ်လေးဝတ်တဲ့အခါ

ဆွဲသားစကတ်ရှည်၊ စကတ်တို၊ ဘောင်းဘီအကျပ်တွေဝတ်တဲ့အခါမှာ ဒီလိုမျိုးအရာမထင်စေတဲ့ အတွင်းခံကိုရွေးချယ်ရမှာဖြစ်ပါတယ်။ အနောက်မှာဖော့ပါတာမို့ စကတ်ကျပ်ကျပ်လေးတွေဝတ်ရင် ကိုယ်လုံးအလှ ကောက်ကြောင်းအလှကိုလည်း ပံ့ပိုးပြီးသားဖြစ်စေပါတယ်။

ညနေခင်းဝတ်စုံ

ကိုယ့်ရဲ့ Evening Dress၊ Dinner Dress တွေက ကျောပြောင်လေးတွေ လက်ပြတ်လေးတွေဆိုရင် ဒီလို Shaping Slip တစ်စုံတော့ရှိထားရပါမယ်။ ကြိုးတွေ၊ ဖော့တွေ၊ အတွင်းခံဘောင်းဘီတွေ စသဖြင့်ဖွေရှာနေစရာမလိုဘဲ သပ်သပ်ရပ်ရပ်လှနေနိုင်တာ Shaping Slip ကြောင့်ဖြစ်ပါတယ်။ ညနေခင်းပွဲတက်ဝတ်စုံလေးတွေဝတ်ဖို့ရှိတယ်ဆိုရင်တော့ ဒါမျိုးတစ်ထည်ပါရှာထားပါနော်။

ဘောင်းဘီတိုလေးတွေ

ဘောင်းဘီတိုပွပွလေးတွေဝတ်မယ်၊ တင်သားတပိုင်းတစပါမြင်ရတဲ့ ဘောင်းဘီတိုလေးတွေဝတ်မယ်ဆိုရင်တော့ ဒီလိုအတွင်းခံဘောင်းဘီမျိုးရှိဖို့လိုပါတယ်။ သူကခါးကိုသေးစေပြီး တင်ပါးပြည့်မဟုတ်တဲ့အတွက်ဘောင်းဘီပွပွထဲကနေ အတွင်းခံကို မြင်နေရတာမျိုး မရှိနိုင်တော့ပါဘူး။ မိန်းကလေးတိုင်းဒါမျိုးတစ်ထည်တော့ရှိသင့်ပါတယ်နော်။

ဗီပုံစံလည်ပင်း အကျီ င်္များ

အခုနောက်ပိုင်းအဝတ်များကြတဲ့ပုံစံပါ။ ပွပွဖားဖားလေးဝတ်ရတယ်ဆိုပေမယ့် သာမန်ဘော်လီနဲ့ကလည်း ကြည့်လို့အဆင်မပြေပြန်ပါဘူး။ ရှေ့ခြမ်းမှာလည်း ဘော်လီစပေါ်နေတာမျိုးမဖြစ်ချင်တာကြောင့် U ပုံစံနက်နက်လေးလုပ်ထားတာဖြစ်ပါတယ်။ သူကကျောပြောင်ဖြစ်ပြီး ကြိုးနဲ့လည်းလာသလို ကြိုးဖြုတ်ဝတ်လို့လည်း ရတာမျိုးပါ။ ခန္ဓာကိုယ်ကောက်ကြောင်းလှပြီး သပ်ရပ်နေစေဖို့ ကူညီပေးနိုင်ပါတယ်။

နေ့စဉ်ဝတ်ရမယ့်အဝတ်အစားတွေ

Shaping Shorts လို့ပြောတဲ့ ဒီလိုအတွင်းခံမျိုးကတော့ မဖြစ်မနေတစ်ထည်ရှိသင့်ပါတယ်။ စတိုင်လ်ဘောင်းဘီတွေ၊ ရုံးဝတ်စုံတွေဝတ်တဲ့အခါ ဗိုက်ရော ခါးရောချပ်ရပ်စေပြီး ပေါင်တံကိုပါသွယ်စေပါသေးတယ်။ ဒါကြောင့် ဒီလိုအရှည်တစ်ထည်လောက်တော့ ဆောင်ထားသင့်ပါတယ်။

Dress အကျပ်လေးတွေအတွက်

ဗိုက်ချပ်စေပြီး တင်သားကိုပင့်တင်ပေးနိုင်တဲ့ ဒီလိုအတွင်းခံမျိုးကလည်း အမျိုးသမီးတွေတိုင်းမှာရှိသင့်ပါတယ်။ အစားအသောက်တွေစားပြီး တော်တန်ရုံဗိုက်ဖောင်းလာတာမျိုးလောက်ကတော့ ဒီလိုအတွင်းခံမျိုးက အေးအေးဆေးဆေးထိန်းနိုင်ပါတယ်။ ဒါကြောင့် ဗိုက်လည်းချပ်ချင်တယ်၊ ကိုယ်လုံးShape လည်းလှချင်တယ်ဆိုရင်တော့ ဒီလိုအတွင်းခံမျိုးကိုဆောင်ထားပါနော်။

ဂျူဂျူး(အခရာ)

www.akhayar.com