[Zawgyi]

Gym ကစားၿပီးတဲ့အခါ နာက်င္ေနတဲ့ၾကြက္သားမ်ားကို ျပန္လည္ကုသနည္း

ခႏၶာကိုယ္အခ်ိဳးအစားလွပခ်င္လို႔ Gym ကစားတာပဲျဖစ္ျဖစ္၊ က်န္းမာေရးလိုက္စားလို႔ Work Out လုပ္တဲ့အခါ အနည္းနဲ႔အမ်ားေတာ့ ၾကြက္သားေတြနာက်င္ရပါတယ္။ ခႏၶာကိုယ္က ၾကြက္သား၊ အေၾကာမ်ားကို ဆဲြဆန္႔ရတဲ့အတြက္ နာက်င္မႈဒဏ္ကို ခံစားရတတ္ပါတယ္။ အထူးသျဖင့္ Gym ကစားေလ့မရွိတဲ့သူေတြ၊ Work Out စစခ်င္းလုပ္တဲ့သူေတြက ဒီလိုေဝဒနာကို ပိုလုိ႔ခံစားရပါတယ္။ ဒီေတာ့… Work Out လုပ္ၿပီးတဲ့အခါ နာက်င္ေနတဲ့ၾကြက္သားမ်ားကို သက္သာေအာင္ ကုသႏုိင္တဲ့နည္းလမ္းမ်ားကို ေဖာ္ျပေပးလုိက္ပါတယ္။

(၁) ေရေႏြးစိမ္ပါ

Gym ကစားၿပီးတဲ့အခါမွာ ေရေႏြးေႏြးေလးနဲ႔ ေရစိမ္ခ်ိဳးေပးမယ္ဆိုရင္ ၾကြက္သားမ်ား နာက်င္ကိုက္ခဲ တာကို အလ်င္ျမန္ဆံုး သက္သာေစပါတယ္။ ေရခ်ိဳးကန္ထဲကို ေရေႏြးေႏြးေလးျဖည့္ၿပီး ၁၅ မိနစ္ ေလာက္ စိမ္ေပးပါ။ ဒီလိုေရေႏြးနဲ႔ေရစိမ္တာက ခႏၶာကိုယ္တြင္း ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစၿပီး ၾကြက္သားနာက်င္မႈကို သက္သာေစတာ ေတြ႔ရမွာပါ။

(၂) အေၾကာေျဖေလ်ာ့ပါ

Work out မလုပ္ခင္နဲ႔ လုပ္ၿပီးတဲ့အခါမွာ အေၾကာမ်ားကို ေျဖေလ်ာ့ေပးတာက အေကာင္းဆံုးကုသမႈ တစ္ရပ္ပါပဲ။ ၾကြက္သားေတြတင္းရင္းၿပီး နာက်င္ေနတာကို သက္သာေစဖုိ႔အတြက္ အေၾကာေလ်ာ့ ေလ့က်င့္ခန္းကို Work Out မလုပ္ခင္ ဦးစြာျပဳလုပ္ထားသင့္ပါတယ္။ Gym ကစားၿပီးတဲ့အခါမွာလည္း အေၾကာေျဖေလ်ာ့ေလ့က်င့္ခန္းျပဳလုပ္ၿပီး ေရခ်ိဳးမယ္ဆိုရင္ ၾကြက္သားနာက်င္မႈဒဏ္မွ ကင္းေဝးႏုိင္မွာပါ။

(၃) Omega 3 Fatty Acids မွီဝဲပါ

ၾကြက္သားမ်ားတင္းရင္းနာက်င္မႈဒဏ္ကို အေကာင္းဆံုးကုသေပးႏုိင္တာကေတာ့ Omega 3 Fatty Acids ပါဝင္တဲ့ အစားအစာေတြပဲ ျဖစ္ပါတယ္။ Omega 3 Fatty Acids ၾကြယ္ဝစြာပါဝင္တဲ့ ဟင္းႏုႏြယ္ရြက္၊ ဆယ္လ္မြန္ငါးနဲ႔ အေစ့အဆန္ေတြက ၾကြက္သားမ်ားကို က်န္းမာႀကံ႕ခိုင္ေစတဲ့အျပင္ ေသြးလည္ပတ္မႈ ေကာင္းမြန္ေစတဲ့အတြက္ နာက်င္မႈဒဏ္မွ ကာကြယ္ေပးႏုိင္ပါတယ္။

(၄) ေရဓာတ္ျဖည့္တင္းေပးပါ

ေသြးလည္ပတ္မႈေႏွာင့္ေႏွးေနျခင္းကလည္း ၾကြက္သားမ်ားနာက်င္မႈဒဏ္ကို ခံစားရေစႏုိင္ပါတယ္။ဒါ့ေၾကာင့္ ေရဓာတ္လံုေလာက္ေအာင္ ျဖည့္တင္းေပးဖို႔လိုပါတယ္။ ေရဓာတ္ခမ္းေျခာက္ျခင္းကလည္း ခႏၶာကိုယ္္ကို နာက်င္မႈခံစားရေစႏိုင္ၿပီး ေရဓာတ္ျပည့္ဝမယ္ဆိုရင္ ေသြးလည္ပတ္မႈကို မ်ားစြာအေထာက္အကူျပဳတဲ့အတြက္ ၾကြက္သားနာက်င္ျခင္းမွ ကင္းေဝးေစမွာပါ။

(၅) ေရခဲအိတ္ကပ္ပါ

ေရခဲတံုးေတြကို အဝတ္စတစ္ခုထဲ ထုပ္ပိုးထည့္ၿပီးေတာ့ နာက်င္ေနတဲ့ေနရာေပၚကို ေရခဲအိတ္ကပ္ေပးႏုိင္ပါတယ္။ ေရခဲအိတ္ကပ္ေပးတာက နာက်င္မႈဒဏ္ကို သက္သာေစတဲ့အျပင္ ေရာင္ရမ္းမႈကိုလည္း ေလ်ာ့ပါးေစပါတယ္။ ေရခဲရဲ႕အေအးဓာတ္က ေသြးေၾကာမ်ားကိုႏိႈးၾကားေစတဲ့အတြက္ ေသြးလည္ပတ္မႈလည္း ေကာင္းမြန္ေစမွာပါ။

(၆) ဂ်င္းျပဳတ္ရည္ေသာက္သံုးပါ

ဂ်င္းမွာပါဝင္တဲ့ သဘာဝဓာတ္ပစၥည္းမ်ားက ၾကြက္သားနာက်င္မႈဒဏ္ကို အလ်င္ျမန္ဆံုးသက္သာေစႏုိင္တဲ့အတြက္ ေဆးေကာင္းတစ္လက္ပါပဲ။ ဂ်င္းလက္ဖက္ရည္ကိုလည္း ေသာက္သံုးႏုိင္သလို၊ ဂ်င္းျပဳတ္ရည္ကိုလည္း ေဆးျဖစ္ဝါးျဖစ္ မွီဝဲေပးႏုိင္ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Gym ကစားပြီးတဲ့အခါ နာကျင်နေတဲ့ကြွက်သားများကို ပြန်လည်ကုသနည်း

ခန္ဓာကိုယ်အချိုးအစားလှပချင်လို့ Gym ကစားတာပဲဖြစ်ဖြစ်၊ ကျန်းမာရေးလိုက်စားလို့ Work Out လုပ်တဲ့အခါ အနည်းနဲ့အများတော့ ကြွက်သားတွေနာကျင်ရပါတယ်။ ခန္ဓာကိုယ်က ကြွက်သား၊ အကြောများကို ဆွဲဆန့်ရတဲ့အတွက် နာကျင်မှုဒဏ်ကို ခံစားရတတ်ပါတယ်။ အထူးသဖြင့် Gym ကစားလေ့မရှိတဲ့သူတွေ၊ Work Out စစချင်းလုပ်တဲ့သူတွေက ဒီလိုဝေဒနာကို ပိုလို့ခံစားရပါတယ်။ ဒီတော့… Work Out လုပ်ပြီးတဲ့အခါ နာကျင်နေတဲ့ကြွက်သားများကို သက်သာအောင် ကုသနိုင်တဲ့နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ရေနွေးစိမ်ပါ

Gym ကစားပြီးတဲ့အခါမှာ ရေနွေးနွေးလေးနဲ့ ရေစိမ်ချိုးပေးမယ်ဆိုရင် ကြွက်သားများ နာကျင်ကိုက်ခဲ တာကို အလျင်မြန်ဆုံး သက်သာစေပါတယ်။ ရေချိုးကန်ထဲကို ရေနွေးနွေးလေးဖြည့်ပြီး ၁၅ မိနစ် လောက် စိမ်ပေးပါ။ ဒီလိုရေနွေးနဲ့ရေစိမ်တာက ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ကြွက်သားနာကျင်မှုကို သက်သာစေတာ တွေ့ရမှာပါ။

(၂) အကြောဖြေလျော့ပါ

Work out မလုပ်ခင်နဲ့ လုပ်ပြီးတဲ့အခါမှာ အကြောများကို ဖြေလျော့ပေးတာက အကောင်းဆုံးကုသမှု တစ်ရပ်ပါပဲ။ ကြွက်သားတွေတင်းရင်းပြီး နာကျင်နေတာကို သက်သာစေဖို့အတွက် အကြောလျော့ လေ့ကျင့်ခန်းကို Work Out မလုပ်ခင် ဦးစွာပြုလုပ်ထားသင့်ပါတယ်။ Gym ကစားပြီးတဲ့အခါမှာလည်း အကြောဖြေလျော့လေ့ကျင့်ခန်းပြုလုပ်ပြီး ရေချိုးမယ်ဆိုရင် ကြွက်သားနာကျင်မှုဒဏ်မှ ကင်းဝေးနိုင်မှာပါ။

(၃) Omega 3 Fatty Acids မှီဝဲပါ

ကြွက်သားများတင်းရင်းနာကျင်မှုဒဏ်ကို အကောင်းဆုံးကုသပေးနိုင်တာကတော့ Omega 3 Fatty Acids ပါဝင်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ Omega 3 Fatty Acids ကြွယ်ဝစွာပါဝင်တဲ့ ဟင်းနုနွယ်ရွက်၊ ဆယ်လ်မွန်ငါးနဲ့ အစေ့အဆန်တွေက ကြွက်သားများကို ကျန်းမာကြံ့ခိုင်စေတဲ့အပြင် သွေးလည်ပတ်မှု ကောင်းမွန်စေတဲ့အတွက် နာကျင်မှုဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။

(၄) ရေဓာတ်ဖြည့်တင်းပေးပါ

သွေးလည်ပတ်မှုနှောင့်နှေးနေခြင်းကလည်း ကြွက်သားများနာကျင်မှုဒဏ်ကို ခံစားရစေနိုင်ပါတယ်။ဒါ့ကြောင့် ရေဓာတ်လုံလောက်အောင် ဖြည့်တင်းပေးဖို့လိုပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကလည်း ခန္ဓာကိုယ်ကို နာကျင်မှုခံစားရစေနိုင်ပြီး ရေဓာတ်ပြည့်ဝမယ်ဆိုရင် သွေးလည်ပတ်မှုကို များစွာအထောက်အကူပြုတဲ့အတွက် ကြွက်သားနာကျင်ခြင်းမှ ကင်းဝေးစေမှာပါ။

(၅) ရေခဲအိတ်ကပ်ပါ

ရေခဲတုံးတွေကို အဝတ်စတစ်ခုထဲ ထုပ်ပိုးထည့်ပြီးတော့ နာကျင်နေတဲ့နေရာပေါ်ကို ရေခဲအိတ်ကပ်ပေးနိုင်ပါတယ်။ ရေခဲအိတ်ကပ်ပေးတာက နာကျင်မှုဒဏ်ကို သက်သာစေတဲ့အပြင် ရောင်ရမ်းမှုကိုလည်း လျော့ပါးစေပါတယ်။ ရေခဲရဲ့အအေးဓာတ်က သွေးကြောများကိုနှိုးကြားစေတဲ့အတွက် သွေးလည်ပတ်မှုလည်း ကောင်းမွန်စေမှာပါ။

(၆) ဂျင်းပြုတ်ရည်သောက်သုံးပါ

ဂျင်းမှာပါဝင်တဲ့ သဘာဝဓာတ်ပစ္စည်းများက ကြွက်သားနာကျင်မှုဒဏ်ကို အလျင်မြန်ဆုံးသက်သာစေနိုင်တဲ့အတွက် ဆေးကောင်းတစ်လက်ပါပဲ။ ဂျင်းလက်ဖက်ရည်ကိုလည်း သောက်သုံးနိုင်သလို၊ ဂျင်းပြုတ်ရည်ကိုလည်း ဆေးဖြစ်ဝါးဖြစ် မှီဝဲပေးနိုင်ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။