[Zawgyi]

မန္ယူအသင္းမွာ ကစားခ့ဲဖူးတဲ့ ဘရာဇီးလ္ကစားသမားမ်ား

မန္ယူအသင္းဟာ ရွက္တာဒုိးနက္အသင္းက ဘရာဇီးလ္လက္ေရြးစင္ ကြင္းလယ္လူ ဖရက္ဒ္ Fred ကုိ ေခၚယူဖုိ႔ သေဘာတူညီမႈရခဲ့ၿပီလုိ႔ အတည္ျပဳထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အသက္(၂၅)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဖရက္ဒ္အတြက္ မန္ယူအသင္းက ေျပာင္းေရႊ႕ေၾကး ေပါင္(၅၂)သန္း ေပးေခ်မွာျဖစ္ၿပီး (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္သြားမွာပါ။ ဖရက္ဒ္ရဲ႕ ေျခစြမ္းနဲ႔ပတ္သက္ၿပီး သံသယျဖစ္စရာ မလုိေပမယ့္ မန္ယူပရိသတ္ေတြ ရင္ထဲမွာ စုိးရိမ္ေနတဲ့ အခ်က္ တစ္ခုေတာ့ ရွိပါတယ္။ အဲဒါကေတာ့ မန္ယူမွာ လာကစားခဲ့တဲ့ ဘရာဇီးလ္ကစားသမားအမ်ားစုဟာ ေျခစြမ္း ျပႏုိင္ျခငး္မရွိဘဲ ႐ုန္းကန္ခဲ့ရတာေၾကာင့္ အခု ဖရက္ဒ္ေရာ အဲဒီလမ္းစဥ္အတိုင္းျဖစ္သြားမလားဆုိၿပီး မန္ယူ ပရိသတ္ေတြ စုိးရိမ္ေနၾကတာပါ။

မန္ယူအသင္းရဲ႕ ႏွစ္ေပါင္း(၁၄၀)ၾကာ သမုိင္းတစ္ေလွ်ာက္ ဘရာဇီးလ္ကစားသမားေတြကုိ ေခၚယူခဲ့တာက အရမ္းနည္းပါးခဲ့ၿပီး ဖရက္ဒ္မတိုင္ခင္ (၁၅)ႏွစ္အတြင္း မန္ယူမွာ ကစားခဲ့တဲ့ ဘရာဇီးလ္ကစားသမား ဆုိလုိ႔ (၆)ဦးသာရွိခဲ့တယ္။ အဲဒီကစားသမားေတြက ဘယ္သူလဲ၊ အသင္းအတြက္ ဘယ္ေလာက္အထိ စြမ္းေဆာင္ႏုိင္ခဲ့လဲဆုိတာ ပရိသတ္ေတြ သိရွိႏုိင္ဖုိ႔ ေဖာ္ျပလုိက္ပါတယ္ . . . .

ကလီဘာဆင္ Kleberson (၂၀၀၃-၂၀၀၅)

Kleberson-Ferguson-And-C.Ronaldo

Kleberson-Ferguson-And-C.Ronaldo

၂၀၀၂ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ဘရာဇီးလ္အသင္းအတြက္ ေျခစြမ္းျပကစားခဲ့တဲ ကလီဘာဆင္ Kleberson ကုိ (၁)ႏွစ္အၾကာမွာပဲ မန္ယူနည္းျပႀကီး ဖာဂူဆန္ Ferguson က အုိးလ္ထရက္ဖုိ႔ဒ္ေျမကုိ ေခၚယူခဲ့တယ္။ ဗာရြန္ Veron ရဲ႕ေနရာကုိ အစားထုိးဖုိ႔ ရည္ရြယ္ခ်က္နဲ႔ ေခၚယူခဲ့တာျဖစ္ေပမယ့္ ကလီဘာဆင္ရဲ႕ မန္ယူ ကစားသမားဘ၀က အိပ္မက္ဆုိးတစ္ခုလုိျဖစ္ခဲ့ရတယ္။ ဒဏ္ရာျပႆနာေတြေၾကာင့္ (၂)ရာသီအတြင္း ပဲြ(၃၀)သာ ကစားခဲ့ရၿပီး (၂)ဂုိးသာ သြင္းယူခဲ့တဲ့ ကလီဘာဆင္ဟာ ၂၀၀၅ ေႏြရာသီမွာေတာ့ မန္ယူကစား သမားဘ၀ အဆုံးသတ္ခဲ့တယ္။

အန္ဒါဆင္ Anderson (၂၀၀၇-၂၀၁၅)

Anderson

Anderson

မန္ယူအသငး္ရဲ႕ ဘရာဇီးလ္ကစားသမားေတြထဲမွာ မွတ္မွတ္ထင္ထင္ရွိခဲ့တဲ့ ကစားသမားတစ္ဦးျဖစ္ပါတယ္။ ၂၀၀၇ ခုႏွစ္မွာ ေပၚတိုအသင္းကေန ေျပာင္းေရႊ႕ခဲ့တဲ့ အန္ဒါဆင္ Anderson ဟာ မန္ယူကစားသ မားဘ၀ (၈)ႏွစ္တာကာလအတြင္း (၁၈၁)ပဲြကစား (၉)ဂုိးသြင္းယူခဲ့ၿပီး အသင္းနဲ႔အတူ ပရီးမီးယားလိဂ္(၄) ႀကိမ္၊ ကြန္ျမဴနတီဒုိင္း (၂)ႀကိမ္၊ ခ်န္ပီယံလိဂ္၊ ဖီဖာကလပ္ကမၻာ႔ဖလား၊ လိဂ္ဖလားေတြ ရယူႏုိင္ခဲ့တယ္။ ဖာဂူဆန္ေခတ္လြန္ေနာက္ပုိင္း အန္ဒါဆင္ရဲ႕ ကစားသမားဘ၀က မတည္မၿငိမ္ျဖစ္ခဲ့ၿပီး ၂၀၁၅ ခုႏွစ္မွာ အသင္းနဲ႔ လမ္းခဲြခဲ့သလုိ အခုအခ်ိန္မွာလည္း အသငး္လက္မဲ့ျဖစ္ေနသူပါ။

ပုိဆီဘြန္ Possebon (၂၀၀၈-၂၀၁၀)

RODRIGO-POSSEBON-

RODRIGO-POSSEBON-

ပုိဆီဘြန္ Possebon ဆုိတဲ့အမည္ကုိ မန္ယူပရိသတ္အေတာ္မ်ားမ်ား သတိထားမိမွာ မဟုတ္ေလာက္ပါဘူး။ အင္တာေနစီယြန္နယ္အသင္းနဲ႔အတူ ေတာက္ပလာတဲ့ ပုိဆီဘြန္ကုိ ၂၀၀၈ ခုႏွစ္မွာ မန္ယူအသင္းက ေမွ်ာ္လင့္ခ်က္မ်ားစြာနဲ႔ ေခၚယူခဲ့တယ္။ ပုိဆီဘြန္ရဲ႕ မန္ယူကစားသမားဘ၀ အစပိုင္းက ပန္းခင္းတဲ့လမ္း ျဖစ္ခဲ့ေပမယ့္ ဒဏ္ရာျပႆနာက သူ႔ရဲ႕ အိပ္မက္ေတြကုိ ႐ုိက္ခ်ိဳးဖ်က္ဆီးခဲ့ပါတယ္။ မန္ယူအသင္းအတြက္ စုစုေပါင္း(၈)ပဲြသာ ကစားခြင့္ရခဲ့ၿပီး ပုိဆီဘြန္ရဲ႕ မန္ယူကစားသမားဘ၀က (၂)ရာသီအၾကာမွာပဲ အဆုံးသတ္သြားခဲ့တယ္။

ဒါေဆးလ္ဗား ညီေနာင္ (၂၀၀၈-၂၀၁၅)

Rafael-and-Fabio-Da-Silva

Rafael-and-Fabio-Da-Silva

ရာေဖးလ္ဒါေဆးလ္ဗား Rafael Da Silva နဲ႔ ေဖဘီယုိဒါေဆးလ္ Fabio Da Silva ညီအစ္ကို ႏွစ္ဦးကုိ ပရိသတ္ေတြ မွတ္မိဦးမွာပါ။ ၂၀၁၁ ခုႏွစ္မွာ ဂယ္ရီနဗီးလ္ Gary Neville အနားယူသြားတဲ့ေနာက္ပုိင္း ညာ ေနာက္ခံလူေနရာမွာ အေကာင္းဆုံးအသုံးေတာ္ခံခဲ့တဲ့ ရာေဖးလ္ဟာ ပရီးမီးယားလိဂ္ဖလား(၃)ႀကိမ္၊ ကြန္ျမဴနတီဒုိင္း (၃)ႀကိမ္၊ လိဂ္ဖလားနဲ႔ ဖီဖာကလပ္ကမၻာ႔ဖလားေတြ ဆြတ္ခူးႏုိင္ခဲ့တယ္။ ဖာဂူဆန္ မရွိေတာ့တဲ့ ေနာက္ပုိင္း မန္ယူအသင္းကေန လြင့္စင္ခ့ဲသူေတြထဲမွာ ရာေဖးလ္လည္း ပါ၀င္ခဲ့ပါတယ္။ သူ႔ရဲ႕ညီျဖစ္တဲ့ ေဖဘီယုိကေတာ့ အဲဒီအခ်ိန္တုန္းက ဘယ္ေနာက္ခံလူေနရာမွာ အီဗရာ Evra ေျခစြမ္းျပေနတာေၾကာင့္ ပုံမွန္ပဲြထြက္ခြင့္ မရခဲ့ပါဘူး။ ေဖဘီယုိရဲ႕ မန္ယူနဲ႔လမ္းခြဲက သူ႔အစ္ကုိထက္ ပုိေစာခဲ့ၿပီး ၂၀၁၄ ခုႏွစ္မွာ ကာဒစ္ဖ္အသင္းကုိ ေျပာင္းေရႊ႕ခဲ့ပါတယ္။

အန္ဒေရပါရဲရား Andreas Pereira (၂၀၁၂-လက္ရွိ)

ANDREAS-PEREIRA

ANDREAS-PEREIRA

ဘရာဇီးလ္အသင္းရဲ႕အနာဂတ္ၾကယ္ပြင့္လုိ႔ တင္စားခံထားရတဲ့ အန္ဒေရပါရဲရား Andreas Pereira ဟာ မန္ယူအသင္းမွာ ပုံမွန္ကစားခြင့္ရဖုိ႔ အခြင့္အေရးနည္းတာေၾကာင့္ ဂရန္နာဒါ၊ ဗလင္စီယာအသင္းေတြမွာ အငွားသြားကစားခဲ့ရတယ္။ ၿပီးခဲ့တဲ့ရာသီက ဗလင္စီယာအသင္းအတြက္ ေျခစြမ္းျပကစားခဲ့ၿပီး သူ႔ကုိ အၿပီးသတ္ေခၚယူဖုိ႔ ႀကိဳးပမ္းခဲ့ေပမယ့္ မန္ယူအသင္းက သူတို႔ရဲ႕ မ်ိဳးဆက္သစ္ကစားသမားကုိ လက္မလႊတ္ခဲ့ပါဘူး။

REF:beta.manutd.com
Photo:Mirror,Manchester United, Four Four Two,Youtube
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မန်ယူအသင်းမှာ ကစားခဲ့ဖူးတဲ့ ဘရာဇီးလ်ကစားသမားများ

မန်ယူအသင်းဟာ ရှက်တာဒိုးနက်အသင်းက ဘရာဇီးလ်လက်ရွေးစင် ကွင်းလယ်လူ ဖရက်ဒ် Fred ကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီလို့ အတည်ပြုထုတ်ပြန်ကြေညာခဲ့ပါတယ်။ အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖရက်ဒ်အတွက် မန်ယူအသင်းက ပြောင်းရွှေ့ကြေး ပေါင်(၅၂)သန်း ပေးချေမှာဖြစ်ပြီး (၅)နှစ်စာချုပ်ချုပ်သွားမှာပါ။ ဖရက်ဒ်ရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး သံသယဖြစ်စရာ မလိုပေမယ့် မန်ယူပရိသတ်တွေ ရင်ထဲမှာ စိုးရိမ်နေတဲ့ အချက် တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ မန်ယူမှာ လာကစားခဲ့တဲ့ ဘရာဇီးလ်ကစားသမားအများစုဟာ ခြေစွမ်း ပြနိုင်ခြင်းမရှိဘဲ ရုန်းကန်ခဲ့ရတာကြောင့် အခု ဖရက်ဒ်ရော အဲဒီလမ်းစဉ်အတိုင်းဖြစ်သွားမလားဆိုပြီး မန်ယူ ပရိသတ်တွေ စိုးရိမ်နေကြတာပါ။

မန်ယူအသင်းရဲ့ နှစ်ပေါင်း(၁၄၀)ကြာ သမိုင်းတစ်လျှောက် ဘရာဇီးလ်ကစားသမားတွေကို ခေါ်ယူခဲ့တာက အရမ်းနည်းပါးခဲ့ပြီး ဖရက်ဒ်မတိုင်ခင် (၁၅)နှစ်အတွင်း မန်ယူမှာ ကစားခဲ့တဲ့ ဘရာဇီးလ်ကစားသမား ဆိုလို့ (၆)ဦးသာရှိခဲ့တယ်။ အဲဒီကစားသမားတွေက ဘယ်သူလဲ၊ အသင်းအတွက် ဘယ်လောက်အထိ စွမ်းဆောင်နိုင်ခဲ့လဲဆိုတာ ပရိသတ်တွေ သိရှိနိုင်ဖို့ ဖော်ပြလိုက်ပါတယ် . . . .

ကလီဘာဆင် Kleberson (၂၀၀၃-၂၀၀၅)

Kleberson-Ferguson-And-C.Ronaldo

Kleberson-Ferguson-And-C.Ronaldo

၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းအတွက် ခြေစွမ်းပြကစားခဲ့တဲ ကလီဘာဆင် Kleberson ကို (၁)နှစ်အကြာမှာပဲ မန်ယူနည်းပြကြီး ဖာဂူဆန် Ferguson က အိုးလ်ထရက်ဖို့ဒ်မြေကို ခေါ်ယူခဲ့တယ်။ ဗာရွန် Veron ရဲ့နေရာကို အစားထိုးဖို့ ရည်ရွယ်ချက်နဲ့ ခေါ်ယူခဲ့တာဖြစ်ပေမယ့် ကလီဘာဆင်ရဲ့ မန်ယူ ကစားသမားဘဝက အိပ်မက်ဆိုးတစ်ခုလိုဖြစ်ခဲ့ရတယ်။ ဒဏ်ရာပြဿနာတွေကြောင့် (၂)ရာသီအတွင်း ပွဲ(၃၀)သာ ကစားခဲ့ရပြီး (၂)ဂိုးသာ သွင်းယူခဲ့တဲ့ ကလီဘာဆင်ဟာ ၂၀၀၅ နွေရာသီမှာတော့ မန်ယူကစား သမားဘ၀ အဆုံးသတ်ခဲ့တယ်။

အန်ဒါဆင် Anderson (၂၀၀၇-၂၀၁၅)

Anderson

Anderson

မန်ယူအသင်းရဲ့ ဘရာဇီးလ်ကစားသမားတွေထဲမှာ မှတ်မှတ်ထင်ထင်ရှိခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ ပေါ်တိုအသင်းကနေ ပြောင်းရွှေ့ခဲ့တဲ့ အန်ဒါဆင် Anderson ဟာ မန်ယူကစားသ မားဘ၀ (၈)နှစ်တာကာလအတွင်း (၁၈၁)ပွဲကစား (၉)ဂိုးသွင်းယူခဲ့ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်(၄) ကြိမ်၊ ကွန်မြူနတီဒိုင်း (၂)ကြိမ်၊ ချန်ပီယံလိဂ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလား၊ လိဂ်ဖလားတွေ ရယူနိုင်ခဲ့တယ်။ ဖာဂူဆန်ခေတ်လွန်နောက်ပိုင်း အန်ဒါဆင်ရဲ့ ကစားသမားဘဝက မတည်မငြိမ်ဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ အသင်းနဲ့ လမ်းခွဲခဲ့သလို အခုအချိန်မှာလည်း အသင်းလက်မဲ့ဖြစ်နေသူပါ။

ပိုဆီဘွန် Possebon (၂၀၀၈-၂၀၁၀)

RODRIGO-POSSEBON-

RODRIGO-POSSEBON-

ပိုဆီဘွန် Possebon ဆိုတဲ့အမည်ကို မန်ယူပရိသတ်အတော်များများ သတိထားမိမှာ မဟုတ်လောက်ပါဘူး။ အင်တာနေစီယွန်နယ်အသင်းနဲ့အတူ တောက်ပလာတဲ့ ပိုဆီဘွန်ကို ၂၀၀၈ ခုနှစ်မှာ မန်ယူအသင်းက မျှော်လင့်ချက်များစွာနဲ့ ခေါ်ယူခဲ့တယ်။ ပိုဆီဘွန်ရဲ့ မန်ယူကစားသမားဘ၀ အစပိုင်းက ပန်းခင်းတဲ့လမ်း ဖြစ်ခဲ့ပေမယ့် ဒဏ်ရာပြဿနာက သူ့ရဲ့ အိပ်မက်တွေကို ရိုက်ချိုးဖျက်ဆီးခဲ့ပါတယ်။ မန်ယူအသင်းအတွက် စုစုပေါင်း(၈)ပွဲသာ ကစားခွင့်ရခဲ့ပြီး ပိုဆီဘွန်ရဲ့ မန်ယူကစားသမားဘဝက (၂)ရာသီအကြာမှာပဲ အဆုံးသတ်သွားခဲ့တယ်။

ဒါဆေးလ်ဗား ညီနောင် (၂၀၀၈-၂၀၁၅)

Rafael-and-Fabio-Da-Silva

Rafael-and-Fabio-Da-Silva

ရာဖေးလ်ဒါဆေးလ်ဗား Rafael Da Silva နဲ့ ဖေဘီယိုဒါဆေးလ် Fabio Da Silva ညီအစ်ကို နှစ်ဦးကို ပရိသတ်တွေ မှတ်မိဦးမှာပါ။ ၂၀၁၁ ခုနှစ်မှာ ဂယ်ရီနဗီးလ် Gary Neville အနားယူသွားတဲ့နောက်ပိုင်း ညာ နောက်ခံလူနေရာမှာ အကောင်းဆုံးအသုံးတော်ခံခဲ့တဲ့ ရာဖေးလ်ဟာ ပရီးမီးယားလိဂ်ဖလား(၃)ကြိမ်၊ ကွန်မြူနတီဒိုင်း (၃)ကြိမ်၊ လိဂ်ဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတွေ ဆွတ်ခူးနိုင်ခဲ့တယ်။ ဖာဂူဆန် မရှိတော့တဲ့ နောက်ပိုင်း မန်ယူအသင်းကနေ လွင့်စင်ခဲ့သူတွေထဲမှာ ရာဖေးလ်လည်း ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့ညီဖြစ်တဲ့ ဖေဘီယိုကတော့ အဲဒီအချိန်တုန်းက ဘယ်နောက်ခံလူနေရာမှာ အီဗရာ Evra ခြေစွမ်းပြနေတာကြောင့် ပုံမှန်ပွဲထွက်ခွင့် မရခဲ့ပါဘူး။ ဖေဘီယိုရဲ့ မန်ယူနဲ့လမ်းခွဲက သူ့အစ်ကိုထက် ပိုစောခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ကာဒစ်ဖ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။

အန်ဒရေပါရဲရား Andreas Pereira (၂၀၁၂-လက်ရှိ)

ANDREAS-PEREIRA

ANDREAS-PEREIRA

ဘရာဇီးလ်အသင်းရဲ့အနာဂတ်ကြယ်ပွင့်လို့ တင်စားခံထားရတဲ့ အန်ဒရေပါရဲရား Andreas Pereira ဟာ မန်ယူအသင်းမှာ ပုံမှန်ကစားခွင့်ရဖို့ အခွင့်အရေးနည်းတာကြောင့် ဂရန်နာဒါ၊ ဗလင်စီယာအသင်းတွေမှာ အငှားသွားကစားခဲ့ရတယ်။ ပြီးခဲ့တဲ့ရာသီက ဗလင်စီယာအသင်းအတွက် ခြေစွမ်းပြကစားခဲ့ပြီး သူ့ကို အပြီးသတ်ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မန်ယူအသင်းက သူတို့ရဲ့ မျိုးဆက်သစ်ကစားသမားကို လက်မလွှတ်ခဲ့ပါဘူး။

REF:beta.manutd.com
Photo:Mirror,Manchester United, Four Four Two,Youtube
Naing Linn(Akhayar)
www.akhayar.com