[Zawgyi]








စစ်လွန်းဝတီထက်

စစ်လွန်းဝတီထက်





ကြည်သာ (Akhayar)

www.akhayar.com

[Unicode]

မေမေ့ ကို သတိရတယ် ဆိုတဲ့ သမီးလေး စစ်လွန်းဝတီထက်

ထက်ထက်မိုးဦးရဲ့သမီးလေး စစ်လွန်းဝတီထက်ဟာသူမရဲ့ မိခင်ကိုသတိရလို့ အိပ်မပျော် တဲ့ညတွေတောင် ရှိတယ် ဆိုပြီး သူမရဲ့ လူမှုကွန်ရက်မှာတင်ထားတာတွေ့ရပါတယ်။ သမီးလေးစစ်လွန်းဟာ သတိရတယ် ဆိုတဲ့ စာတွေအကုန်လုံးကို အင်္ဂလိပ်လို ရေးသားထားတာလည်းဖြစ်ပါတယ်။ သူပြောထားသမျှကို အတိုချုံးပြီး ဘာသာပြန်ရမယ်ဆိုရင်တော့

သမီးလေး စစ်လွန်းရေးထားတဲ့ စာ

သမီးလေး စစ်လွန်းရဲ့ စာ

“မေမေ့ကိုသတိရလို့အိပ်လိုတောင်မပျော်ဘူး ဒါပေမယ့်လည်း သတိရတယ် မေမေ၊ မေမေသမီးတို့ကိုထားသွားတာ ၁ နှစ်နဲ့၂လ ပြည့်ပြီနော် ။ တကယ်လို့မေမေအားမယ့် အချိန်သမီးဖုန်းကိုခေါ်ပါလားမေမေရယ်၊ ဒါမှမဟုတ်ရင်လည်း သမီးဖုန်းခေါ်ရင် ကိုင်ပါဆိုပြီးတော့ ပြောထားပါသေးတယ်။ သမီးလေ အိမ်ကလည်း သန့်ရှင်းရေးလုပ်ထားပြီး မေမေပြန်လာမယ့် ရက်ကို မျှော်နေပါမယ်။

အရင်က ထက်ထက်နဲ့သမီးလေးစစ်လွန်းရဲ့ပုံ

အရင်က ထက်ထက်နဲ့သမီးလေးစစ်လွန်းရဲ့ပုံ

စစ်လွန်းဝတီထက်

စစ်လွန်းဝတီထက်

အရင်က မိသားစုသုံးယောက်

အရင်က မိသားစုသုံးယောက်

မေလ ၈ ရက်နေ့က မေမေ့မွေးနေ့ဆိုတာကို သိပါတယ်။ ဖေဖေနဲ့ဘုရားသွားကြတယ် ၊ မေမေအတွက် ဆုတောင်းခဲ့ကြတယ်။ သမီးလေ အခု ကြက်ဥကြော်တတ်နေပြီ ထမင်းလည်း ချက်တတ်နေပြီ ဖေဖေသင်ထားပေးတာလေ မေမေကို သတိရတယ် မေမေက သမီးရဲ့မေမေ ပါပဲ ဆိုပြီးတော့” စစ်လွန်းဝတီထက် ရဲ့ လူမှုကွန်ရက်မှာတွေ့ရတာဖြစ်ပါတယ်။

Photo Credit: Sisloon Wati Htet Facebook and Htet Htet Moe Oo page

ကြည်သာ (Akhayar)

www.akhayar.com