[Zawgyi]







ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

ဆင်တူဝတ်စုံလေးတွေနဲ့ လှချင်တိုင်းလှနေကြတဲ့ အနုပညာညီအစ်မတစ်စု

ဒီဇိုင်နာမပုံ့ ရဲ့ဖက်ရှင်တွေ ကို ဆင်တူလေးတွေဝတ်ဆင်လို့ လန်းနေကြတဲ့ အနုပညာညီအစ်မ တွေရှိကြပါတယ်။ သူတို့တွေကတော့ မေကဗျာ ၊ ယုသန္တာတင် နဲ့ ခင်လေးနွယ်တို့ ဖြစ်ပြီး နောက်ထပ် မော်ဒယ်မင်းသမီးလေးနှစ်ယောက်ကတော့ နန်းသူဇာ နဲ့ နန်းမြတ်ဖြိုးသင်းတို့ပဲ ဖြစ်ကြပါတယ်။

နန်းသူဇာ နဲ့ နန်းမြတ်ဖြိုးသင်းတို့ ဟာ နာမည်အစ စာလုံးနန်းဆိုတာလေးတူသလို တော်တော်ကို ချစ်ခင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပါ။ အခုဆိုရင်လည်း မပုံ့ရဲ့ဝတ်စုံလေးတွေနဲ့ နှစ်ယောက်လုံးချစ်ဖို့ကောင်းနေတာကို တွေ့မြင်ရမှာပါ။

နန်းသူဇာ နဲ့ နန်းမြတ်ဖြိုးသင်းတို့ဟာပြီးခဲ့တဲ့ လပိုင်းလောက်က ဆံပင်ပုံစံဆန်းဆန်းလေးတွေကို နှစ်ယောက်စလုံးဆင်တူ ညှပ်လိုက်ပြီးနောက်ပိုင်း မယ်သီလရှင်ကိုလည်း တစ်ရက်တည်းမှာပဲအတူတူဝတ်ခဲ့ကြတာဖြစ်ပါတယ်။

အခုလည်း သူငယ်ချင်း နှစ်ယောက်ဟာ ဆင်တူဝတ်စုံလေးတွေနဲ့လှနေကြသလိုပဲ နောက်ထပ်သူငယ်ချင်း သုံးယောက်ဖြစ်တဲ့ ယုသန္တာတင် ၊ မေကဗျာ နဲ့ ခင်လေးနွယ်တို့ အနုပညာညီအစ်မ သူငယ်ချင်းတွေ ကလည်း လှပနေတာကို တွေ့မြင်ရပါတယ်။

Photo Credit:Nann Thu Zar Facebook(Alinn Yaung Photography)

ကြည်သာ (Akhayar)

www.akhayar.com