[Zawgyi]

ပရီးမီးယားလိဂ္အဖြင့္ပဲြကုိ ဖာဂူဆန္ Ferguson လာၾကည့္ႏုိင္ဖုိ႔ ေမွ်ာ္လင့္ေနတဲ့ မန္ယူ

မန္ယူ Manchester United အသင္းဟာ လာမယ့္ၾသဂုတ္လ(၁၀)ရက္က်ရင္ ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ္အဖြင့္ပဲြအျဖစ္ လက္စတာအသင္းနဲ႔ အုိးလ္ထရက္ဒ္ဖုိ႔ Old Trafford ကြင္းမွာ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ၿပီး အဲဒီပဲြကုိ ဂႏၳ၀င္နည္းျပႀကီး ဆာအဲလက္စ္ဖာဂူဆန္ Sir Alex Ferguson လာေရာက္ၾကည့္႐ႈႏုိင္မယ္လုိ႔ မန္ယူတာ၀န္ရွိသူေတြက ေမွ်ာ္လင့္ေနၾကပါတယ္။ အသက္(၇၆)ႏွစ္အရြယ္ရွိေနၿပီျဖစ္တဲ့ ဖာဂူဆန္ဟာ ၿပီးခဲ့တ့ဲေမလ(၅)ရက္က ဦးေႏွာက္ေသြးယုိစီးမႈေၾကာင့္ ေဆး႐ုံမွာ အေရးေပၚခဲြစိတ္ကုသမႈခံယူခဲ့ရၿပီး (၁)လနီးပါးအၾကာမွာ ေဆး႐ုံကျပန္ဆင္းႏုိင္ခဲ့ပါတယ္။

Sir-Alex-Ferguson-has-thanked-hospital-staff-for-saving-his-life

Sir-Alex-Ferguson-has-thanked-hospital-staff-for-saving-his-life

ၿပီးခဲ့တဲ့ရက္ပုိင္းကမွ ထူထူေထာင္ေထာင္ ျပန္ျဖစ္လာတဲ့ ဖာဂူဆန္က ၾကာသပေတးေန႔မွာ ႐ုပ္သံဖုိင္တစ္ခုကုိ Post တင္ခဲ့ၿပီး သူ႔ကုိ ခဲြစိတ္ကုသခဲ့တဲ့တာ၀န္ရွိသူေတြ အားလုံးကုိ ေက်းဇူးတင္စကားဆုိခဲ့ပါတယ္။ “ကၽြန္ေတာ့္ကုိ ဂ႐ုတစုိက္ခဲြစိတ္ကုသေပးခဲ့ၾကတဲ့ Salford Royal ေဆး႐ုံက ၀န္ထမ္းေတြ အားလုံးကုိ ေက်းဇူးတင္ပါတယ္။ ဒီလူေတြသာ ဂ႐ုတစုိက္ မကုသေပးခဲ့ရင္ ဒီေန႔ ဒီေနရာမွ ကၽြန္ေတာ္ ထုိင္ေနႏုိင္မွာ မဟုတ္ပါဘူး။ လာမယ့္ရာသီက်ရင္ မန္ယူအသငး္ရဲ႕ပဲြေတြကုိ လာေရာက္ၾကည့္႐ႈဖုိ႔အတြက္ ကၽြန္ေတာ္ျပန္လာမွာျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ ေမာ္ရင္ဟုိ Mourinho နဲ႔ ကစားသမားေတြ ေအာင္ျမင္မႈရဖုိ႔ ဆုေတာင္းလုိက္ပါတယ္”လုိ႔ ေျပာၾကားခဲ့တယ္။

Ferguson-With-Premier-League

Ferguson-With-Premier-League

ဖာဂူဆန္ဟာ နည္းျပဘ၀ကေန အနားယူၿပီးေနာက္ပုိင္း မန္ယူအသင္းရဲ႕ပဲြေတြကုိ ပရိသတ္တစ္ေယာက္အေနနဲ႔ လာေရာက္ၾကည့္ေလ့ရွိသူျဖစ္ပါတယ္။ ဖာဂူဆန္အေနနဲ႔ ရာသီအဖြင့္ပဲြကုိ လာၾကည့္၊ မၾကည့္ဆုိတာနဲ႔ပတ္သက္ၿပီး အတည္ျပဳခဲ့ျခင္း မရွိေပမယ့္ လက္စတာနဲ႔ပဲြကုိ ဖာဂူဆန္ လာၾကည့္ႏုိင္မယ္လုိ႔ မန္ယူတာ၀န္ရွိသူေတြက ေမွ်ာ္လင့္ေနၾကတာပါ။ ဖာဂူဆန္ဟာ မန္ယူအသင္းကုိ ၁၉၈၆ ခုႏွစ္ကေန ၂၀၁၃ ခုႏွစ္အထိ ကုိင္တြယ္ခဲ့ၿပီး (၂၆)ႏွစ္တာကာလအတြင္း ပရီးမီးယားလိဂ္(၁၃)ႀကိမ္၊ ခ်န္ပီယံလိဂ္(၂)ႀကိမ္အပါအ၀င္ ဆုဖလားေပါင္း (၃၈)ခုအထိရယူႏုိင္ခဲ့ပါတယ္။

ဖာဂူဆန္ရဲ႕ နည္းျပဘ၀တစ္ေလွ်ာက္ ရရွိခဲ့တ့ဲ ဆုဖလားမ်ား

St Mirren
Scottish First Division (1): 1976–77

Aberdeen
Scottish Premier Division (3): 1979–80, 1983–84, 1984–85
Scottish Cup (4): 1981–82, 1982–83, 1983–84, 1985–86
Scottish League Cup (1): 1985–86
Drybrough Cup (1): 1980
UEFA Cup Winners’ Cup (1): 1982–83
UEFA Super Cup (1): 1983

Manchester United
Premier League (13): 1992–93, 1993–94, 1995–96, 1996–97, 1998–99, 1999–2000,
2000–01, 2002–03, 2006–07, 2007–08, 2008–09, 2010–11, 2012–13
FA Cup (5): 1989–90, 1993–94, 1995–96, 1998–99, 2003–04
League Cup (4): 1991–92, 2005–06, 2008–09, 2009–10
FA Charity/Community Shield (10): 1990 (shared), 1993, 1994, 1996, 1997,
2003, 2007, 2008, 2010, 2011
UEFA Champions League (2): 1998–99, 2007–08
UEFA Cup Winners’ Cup (1): 1990–91
UEFA Super Cup (1): 1991
Intercontinental Cup (1): 1999
FIFA Club World Cup (1): 2008

REF:The Sun
Photo:Melody Travers,PA Squawka
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ်အဖွင့်ပွဲကို ဖာဂူဆန် Ferguson လာကြည့်နိုင်ဖို့ မျှော်လင့်နေတဲ့ မန်ယူ

မန်ယူ Manchester United အသင်းဟာ လာမယ့်သြဂုတ်လ(၁၀)ရက်ကျရင် ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် လက်စတာအသင်းနဲ့ အိုးလ်ထရက်ဒ်ဖို့ Old Trafford ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး အဲဒီပွဲကို ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် Sir Alex Ferguson လာရောက်ကြည့်ရှုနိုင်မယ်လို့ မန်ယူတာဝန်ရှိသူတွေက မျှော်လင့်နေကြပါတယ်။ အသက်(၇၆)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဖာဂူဆန်ဟာ ပြီးခဲ့တဲ့မေလ(၅)ရက်က ဦးနှောက်သွေးယိုစီးမှုကြောင့် ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး (၁)လနီးပါးအကြာမှာ ဆေးရုံကပြန်ဆင်းနိုင်ခဲ့ပါတယ်။

Sir-Alex-Ferguson-has-thanked-hospital-staff-for-saving-his-life

Sir-Alex-Ferguson-has-thanked-hospital-staff-for-saving-his-life

ပြီးခဲ့တဲ့ရက်ပိုင်းကမှ ထူထူထောင်ထောင် ပြန်ဖြစ်လာတဲ့ ဖာဂူဆန်က ကြာသပတေးနေ့မှာ ရုပ်သံဖိုင်တစ်ခုကို Post တင်ခဲ့ပြီး သူ့ကို ခွဲစိတ်ကုသခဲ့တဲ့တာဝန်ရှိသူတွေ အားလုံးကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ “ကျွန်တော့်ကို ဂရုတစိုက်ခွဲစိတ်ကုသပေးခဲ့ကြတဲ့ Salford Royal ဆေးရုံက ဝန်ထမ်းတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီလူတွေသာ ဂရုတစိုက် မကုသပေးခဲ့ရင် ဒီနေ့ ဒီနေရာမှ ကျွန်တော် ထိုင်နေနိုင်မှာ မဟုတ်ပါဘူး။ လာမယ့်ရာသီကျရင် မန်ယူအသင်းရဲ့ပွဲတွေကို လာရောက်ကြည့်ရှုဖို့အတွက် ကျွန်တော်ပြန်လာမှာဖြစ်ပြီး အခုအချိန်မှာတော့ မော်ရင်ဟို Mourinho နဲ့ ကစားသမားတွေ အောင်မြင်မှုရဖို့ ဆုတောင်းလိုက်ပါတယ်”လို့ ပြောကြားခဲ့တယ်။

Ferguson-With-Premier-League

Ferguson-With-Premier-League

ဖာဂူဆန်ဟာ နည်းပြဘဝကနေ အနားယူပြီးနောက်ပိုင်း မန်ယူအသင်းရဲ့ပွဲတွေကို ပရိသတ်တစ်ယောက်အနေနဲ့ လာရောက်ကြည့်လေ့ရှိသူဖြစ်ပါတယ်။ ဖာဂူဆန်အနေနဲ့ ရာသီအဖွင့်ပွဲကို လာကြည့်၊ မကြည့်ဆိုတာနဲ့ပတ်သက်ပြီး အတည်ပြုခဲ့ခြင်း မရှိပေမယ့် လက်စတာနဲ့ပွဲကို ဖာဂူဆန် လာကြည့်နိုင်မယ်လို့ မန်ယူတာဝန်ရှိသူတွေက မျှော်လင့်နေကြတာပါ။ ဖာဂူဆန်ဟာ မန်ယူအသင်းကို ၁၉၈၆ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး (၂၆)နှစ်တာကာလအတွင်း ပရီးမီးယားလိဂ်(၁၃)ကြိမ်၊ ချန်ပီယံလိဂ်(၂)ကြိမ်အပါအဝင် ဆုဖလားပေါင်း (၃၈)ခုအထိရယူနိုင်ခဲ့ပါတယ်။

ဖာဂူဆန်ရဲ့ နည်းပြဘဝတစ်လျှောက် ရရှိခဲ့တဲ့ ဆုဖလားများ

St Mirren
Scottish First Division (1): 1976–77

Aberdeen
Scottish Premier Division (3): 1979–80, 1983–84, 1984–85
Scottish Cup (4): 1981–82, 1982–83, 1983–84, 1985–86
Scottish League Cup (1): 1985–86
Drybrough Cup (1): 1980
UEFA Cup Winners’ Cup (1): 1982–83
UEFA Super Cup (1): 1983

Manchester United
Premier League (13): 1992–93, 1993–94, 1995–96, 1996–97, 1998–99, 1999–2000,
2000–01, 2002–03, 2006–07, 2007–08, 2008–09, 2010–11, 2012–13
FA Cup (5): 1989–90, 1993–94, 1995–96, 1998–99, 2003–04
League Cup (4): 1991–92, 2005–06, 2008–09, 2009–10
FA Charity/Community Shield (10): 1990 (shared), 1993, 1994, 1996, 1997,
2003, 2007, 2008, 2010, 2011
UEFA Champions League (2): 1998–99, 2007–08
UEFA Cup Winners’ Cup (1): 1990–91
UEFA Super Cup (1): 1991
Intercontinental Cup (1): 1999
FIFA Club World Cup (1): 2008

REF:The Sun
Photo:Melody Travers,PA Squawka
Naing Linn(Akhayar)
www.akhayar.com