[Zawgyi]

ဦးေႏွာက္ေသြးယုိစီးမႈေၾကာင့္ ခဲြစိတ္ကုသမႈခံယူခဲ့ရတဲ့ မန္ယူဂႏၳ၀င္နည္းျပႀကီး ဖာဂူဆန္ Ferguson ေဆး႐ုံက ျပန္ဆင္းၿပီ

မန္ယူဂႏၳ၀င္နည္းျပႀကီးျဖစ္တဲ့ ဖာဂူဆန္ Ferguson ဟာ ဦးေႏွာက္ေသြးယုိစီးမႈေၾကာင့္ ခဲြစိတ္ကုသမႈခံယူ ခဲ့ၿပီးေနာက္ တစ္လနီးပါးအၾကာမွာပဲ က်န္းက်န္းမာမာနဲ႔ ေဆး႐ုံက ျပန္ဆင္းလာခဲ့ၿပီျဖစ္ပါတယ္။ ဖာဂူဆန္ဟာ ၿပီးခဲ့တဲ့ေမလ (၅)ရက္တုန္းက ဦးေႏွာက္ေသြးယုိစီးမႈေၾကာင့္ ေဆး႐ုံမွာ အေရးေပၚ ခဲြစိတ္ကုသမႈခံယူခဲ့ ရတာျဖစ္ၿပီး သူ႔ရဲ႕အေျခအေနကုိ အားလုံးက စုိးရိမ္တႀကီး ေစာင့္ၾကည့္ခဲ့ၾကတယ္။ ဒါေပမဲ့ အခုအခ်ိန္မွာေတာ့ ဖာဂူဆန္ဟာ ေဆး႐ုံက ျပန္ဆင္းသြားၿပီျဖစ္ၿပီး ၾသဂုတ္လမွာ စတင္မယ့္ ၂၀၁၈-၁၉ ရာသီက်ရင္ မန္ယူအသင္းရဲ႕ ပဲြေတြကုိ ျပန္လည္ၾကည့္႐ႈႏုိင္ေတာ့မွာပါ။

Alex-Ferguson-Records

Alex-Ferguson-Records

ဖာဂူဆန္နဲ႔ ရင္းႏွီးတဲ့အသုိင္းအ၀ုိင္းက သူတစ္ဦးက “ဆာ အဲလက္စ္ဟာ ေအာင္ႏုိင္သူ (Winner)တစ္ဦး ဆုိတာ လူတိုင္းသိၿပီးသားပါ။ အခုလုိ တိုက္ပဲြမ်ိဳးမွာလည္း သူ ဘယ္ေတာ့မွ အ႐ႈံးမေပးပါဘူး။ ဖာဂူဆန္ရဲ႕ က်န္း မာေရးအေျခအေနက ျပန္ေကာင္းမြန္လာၿပီျဖစ္ၿပီး ေဆး႐ုံက ျပန္ဆင္းႏုိင္ခဲ့တဲ့အတြက္လည္း ၀မ္းေျမာက္ ေက်နပ္ေနပါတယ္။ ‘Theatre of Dreams’(အုိးလ္ထရက္ဖုိ႔ဒ္)ကုိ ျပန္လည္ေျခခ်ႏုိင္ဖုိ႔အတြက္ အခ်ိန္အနည္း ငယ္ပဲ လုိပါေတာ့တယ္”လုိ႔ ေျပာၾကားခဲ့ပါတယ္။ ဖာဂူဆန္ဟာ ေဆး႐ုံက ဆင္းဆင္းခ်င္း ေမးခဲ့တာက”ဒီေန႔ ဒြန္ကက္စတာပဲြ ဘယ္လုိၿပီးသြားလဲ”ဆုိတာပါ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ဖာဂူဆန္ ေဆး႐ုံတက္ခဲ့တဲ့ေန႔မွာ သူ႔ ရဲ႕သားျဖစ္သူ ဒါရင္းဖာဂူဆန္ Darren Ferguson ကုိင္တြယ္ေနတဲ့ ဒြန္ကက္စတာနဲ႔ ၀ီဂန္အသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ရက္ျဖစ္ၿပီး ကံဆုိးစြာနဲ႔ပဲ ဒြန္ကက္စတာအသင္းက (၁-၀)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့ သလုိ အဲဒီပဲြကုိ ဖခင္ျဖစ္သူရဲ႕ က်န္းမာေရးအေျခအေနေၾကာင့္ ဒါရင္းဖာဂူဆန္က ကုိင္တြယ္ျခင္းမရွိပါဘူး။

REF:The Sun
Photo: Twitter,Duke University
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဦးနှောက်သွေးယိုစီးမှုကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့ မန်ယူဂန္ထဝင်နည်းပြကြီး ဖာဂူဆန် Ferguson ဆေးရုံက ပြန်ဆင်းပြီ

မန်ယူဂန္ထဝင်နည်းပြကြီးဖြစ်တဲ့ ဖာဂူဆန် Ferguson ဟာ ဦးနှောက်သွေးယိုစီးမှုကြောင့် ခွဲစိတ်ကုသမှုခံယူ ခဲ့ပြီးနောက် တစ်လနီးပါးအကြာမှာပဲ ကျန်းကျန်းမာမာနဲ့ ဆေးရုံက ပြန်ဆင်းလာခဲ့ပြီဖြစ်ပါတယ်။ ဖာဂူဆန်ဟာ ပြီးခဲ့တဲ့မေလ (၅)ရက်တုန်းက ဦးနှောက်သွေးယိုစီးမှုကြောင့် ဆေးရုံမှာ အရေးပေါ် ခွဲစိတ်ကုသမှုခံယူခဲ့ ရတာဖြစ်ပြီး သူ့ရဲ့အခြေအနေကို အားလုံးက စိုးရိမ်တကြီး စောင့်ကြည့်ခဲ့ကြတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ဖာဂူဆန်ဟာ ဆေးရုံက ပြန်ဆင်းသွားပြီဖြစ်ပြီး သြဂုတ်လမှာ စတင်မယ့် ၂၀၁၈-၁၉ ရာသီကျရင် မန်ယူအသင်းရဲ့ ပွဲတွေကို ပြန်လည်ကြည့်ရှုနိုင်တော့မှာပါ။

Alex-Ferguson-Records

Alex-Ferguson-Records

ဖာဂူဆန်နဲ့ ရင်းနှီးတဲ့အသိုင်းအဝိုင်းက သူတစ်ဦးက “ဆာ အဲလက်စ်ဟာ အောင်နိုင်သူ (Winner)တစ်ဦး ဆိုတာ လူတိုင်းသိပြီးသားပါ။ အခုလို တိုက်ပွဲမျိုးမှာလည်း သူ ဘယ်တော့မှ အရှုံးမပေးပါဘူး။ ဖာဂူဆန်ရဲ့ ကျန်း မာရေးအခြေအနေက ပြန်ကောင်းမွန်လာပြီဖြစ်ပြီး ဆေးရုံက ပြန်ဆင်းနိုင်ခဲ့တဲ့အတွက်လည်း ဝမ်းမြောက် ကျေနပ်နေပါတယ်။ ‘Theatre of Dreams’(အိုးလ်ထရက်ဖို့ဒ်)ကို ပြန်လည်ခြေချနိုင်ဖို့အတွက် အချိန်အနည်း ငယ်ပဲ လိုပါတော့တယ်”လို့ ပြောကြားခဲ့ပါတယ်။ ဖာဂူဆန်ဟာ ဆေးရုံက ဆင်းဆင်းချင်း မေးခဲ့တာက”ဒီနေ့ ဒွန်ကက်စတာပွဲ ဘယ်လိုပြီးသွားလဲ”ဆိုတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဖာဂူဆန် ဆေးရုံတက်ခဲ့တဲ့နေ့မှာ သူ့ ရဲ့သားဖြစ်သူ ဒါရင်းဖာဂူဆန် Darren Ferguson ကိုင်တွယ်နေတဲ့ ဒွန်ကက်စတာနဲ့ ဝီဂန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ရက်ဖြစ်ပြီး ကံဆိုးစွာနဲ့ပဲ ဒွန်ကက်စတာအသင်းက (၁-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ သလို အဲဒီပွဲကို ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေကြောင့် ဒါရင်းဖာဂူဆန်က ကိုင်တွယ်ခြင်းမရှိပါဘူး။

REF:The Sun
Photo: Twitter,Duke University
Naing Linn(Akhayar)
www.akhayar.com