[Zawgyi]

Single ျဖစ္သြားပါၿပီ ဆိုၿပီးေၾကညာလိုက္တဲ့ ေမာ္ဒယ္မင္းသမီးေလး ေမရတီေဇာ္

ေမာ္ဒယ္မင္းသမီး ေမရတီေဇာ္က သူမအေနနဲ႔ Single တစ္ေယာက္ျဖစ္သြားၿပီဆိုၿပီး လူမႈကြန္ရက္ေပၚမွာ ၾသဂုတ္လ ၁ ရက္ေန႔က ေရးသားခဲ့တာျဖစ္ပါတယ္။ သူမရဲ ႔ Fan ေတြကလည္း ေနာက္ေနတာလားဆိုတဲ့ Comment ေတြကို ျပန္ထားေပမယ့္လည္း သူမကေတာ့ တကယ္ဆိုၿပီးေတာ့ ျပန္လည္ေျဖထားတာေတြကို ေတြ႔ရပါတယ္။

ေမရတီေဇာ္ဟာ အနုပညာအလုပ္ေတြကို ေမာ္ဒယ္လုပ္ရာမွစတင္ခဲ့တာျဖစ္ၿပီး အခုဆိုရင္ပရိသတ္ေတြေတာ္ေတာ္မ်ားမ်ား ရရွိေနသူတစ္ဦးလည္း ျဖစ္ပါတယ္။ အားကစားလုပ္ရတာကို နွစ္သက္တဲ့ ေမာ္ဒယ္တစ္ဦးျဖစ္သလို ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္ၿပီး ေအာင္ျမင္မႈပန္းတိုင္ဆီကို ေလ်ာက္လွမ္းနိုင္ခဲ့တဲ့ ေမာ္ဒယ္တစ္ဦးလည္း ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ တစ္ေယာက္တည္းေနရတာကိုေက်နပ္တယ္ ဆိုတဲ့ စိတ္ခံစားခ်က္နဲ႔ သူမကေတာ့ “အခ်စ္ဆိုတာ ဘယ္လိုအရာလဲ ေပါ့သလား ငန္သလား ျဖဴလား မဲလား ေမႊးလား နံလား ဘာတစ္ခုမွမသိဝူး ဒါေပမဲ့
လူေတြဘာေၾကာင့္ အငမ္းမရ အခ်စ္ခံခ်င္ရတာလဲဆိုတာ အေၾကာင္းတစ္ခုခုေတာ့ရွိရမယ္ ကိုယ္ကေတာ့ ခုလို Single life ေနရတာပဲႀကိဳက္တယ္” ဆိုၿပီးေရးထားတာျဖစ္ပါတယ္။

Photo Credit: May Yati Zaw Facebook

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

Single ဖြစ်သွားပါပြီ ဆိုပြီးကြေညာလိုက်တဲ့ မော်ဒယ်မင်းသမီးလေး မေရတီဇော်

မော်ဒယ်မင်းသမီး မေရတီဇော်က သူမအနေနဲ့ Single တစ်ယောက်ဖြစ်သွားပြီဆိုပြီး လူမှုကွန်ရက်ပေါ်မှာ သြဂုတ်လ ၁ ရက်နေ့က ရေးသားခဲ့တာဖြစ်ပါတယ်။ သူမရဲ့ Fan တွေကလည်း နောက်နေတာလားဆိုတဲ့ Comment တွေကို ပြန်ထားပေမယ့်လည်း သူမကတော့ တကယ်ဆိုပြီးတော့ ပြန်လည်ဖြေထားတာတွေကို တွေ့ရပါတယ်။

မေရတီဇော်ဟာ အနုပညာအလုပ်တွေကို မော်ဒယ်လုပ်ရာမှစတင်ခဲ့တာဖြစ်ပြီး အခုဆိုရင်ပရိသတ်တွေတော်တော်များများ ရရှိနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ အားကစားလုပ်ရတာကို နှစ်သက်တဲ့ မော်ဒယ်တစ်ဦးဖြစ်သလို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး အောင်မြင်မှုပန်းတိုင်ဆီကို လျောက်လှမ်းနိုင်ခဲ့တဲ့ မော်ဒယ်တစ်ဦးလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ တစ်ယောက်တည်းနေရတာကိုကျေနပ်တယ် ဆိုတဲ့ စိတ်ခံစားချက်နဲ့ သူမကတော့ “အချစ်ဆိုတာ ဘယ်လိုအရာလဲ ပေါ့သလား ငန်သလား ဖြူလား မဲလား မွှေးလား နံလား ဘာတစ်ခုမှမသိဝူး ဒါပေမဲ့
လူတွေဘာကြောင့် အငမ်းမရ အချစ်ခံချင်ရတာလဲဆိုတာ အကြောင်းတစ်ခုခုတော့ရှိရမယ် ကိုယ်ကတော့ ခုလို Single life နေရတာပဲကြိုက်တယ်” ဆိုပြီးရေးထားတာဖြစ်ပါတယ်။

Photo Credit: May Yati Zaw Facebook

ကြည်သာ (Akhayar)

www.akhayar.com