[Zawgyi]

Melody World ေၾကာင့္ ႏုိင္ငံေက်ာ္အဆုိေတာ္ေတြျဖစ္လာၾကသူမ်ား

(၂၀၀၇) ခုႏွစ္ကစခဲ့တဲ့ Melody World ဆုိတဲ့ သီခ်င္းဆုိျပဳိင္ပြဲၾကီးက လက္ရွိေခတ္စားေနတဲ့ Myanmar Idol လုိ အဆုိျပဳိင္ပြဲၾကီးမရွိခင္ကတည္းက အရည္အခ်င္းရွိတဲ့ နုိင္ငံေက်ာ္အဆုိေတာ္ေတြကုိ ေမြးထုတ္ေပးႏုိင္ခဲ့တာျဖစ္ပါတယ္။ အနယ္နယ္အရပ္ရပ္က အဆုိေတာ္ျဖစ္ဖုိ႕စိတ္အားထက္သန္ၾကတဲ့ ၀ါသနာရွင္ေတြမ်ားစြာ လာေရာက္ယွဥ္ျပဳိင္ၾကတဲ့ ျပဳိင္ပြဲျဖစ္ျပီး ဒုိင္ေတြရဲ႕ မွန္မွန္ကန္ကန္ေ၀ဖန္ေထာက္ျပမႈေတြေၾကာင့္လည္း အဲ့ဒီအခ်ိန္တည္းက နာမည္ပ်က္မရွိခဲ့တာပါ။


လက္ရွိမွာ ပရိသတ္အခုိင္အမာရရွိေနၾကျပီျဖစ္တဲ့ အဆုိေတာ္ခ်မ္းခ်မ္း၊ နီနီခင္ေဇာ္၊ အုိင္ရင္းဇင္မာျမင့္၊ေကာင္းေကာင္း၊ ထက္ေနၾကည္၊ ျဖိဳးျပည့္စုံ၊ ကုိကုိေမာင္(ကြယ္လြန္) ၊ ဂ်ဴ၀ယ္၊ သာဒီးလူ၊ လိေမၼာ္သီး နဲ႕ ေရႊရည္ျဖဳိးေမာင္ အစရွိတဲ့ အဆုိေတာ္ေတြဟာ ျပဳိင္ပြဲ၀င္ဘ၀ကတစ္ဆင့္ နာမည္ရလာတယ္ဆုိတာ ပရိသတ္ေတြလည္း သိျပီးသားေနမွာပါ။


လတ္တေလာမွာေတာ့ တစ္ကုိယ္ေတာ္ေတးစီးရီးမ်ားစြာထြက္ရွိထားတဲ့ အဆုိေတာ္ နီနီခင္ေဇာ္ကေတာ့ သူ႕ရဲ႕Melody World က အေပါင္းအပါေတြျဖစ္တဲ့ ခ်မ္းခ်မ္း၊ ဂ်ဴ၀ယ္၊ ထက္ေနၾကည္၊ ျဖိဳးျပည့္စုံ တုိ႕နဲ႕အတူ ျပန္လည္ဆုံျဖစ္ၾကတဲ့ အမွတ္တရပုံရိပ္ေတြကုိ “မေမ့ႏိုင္ေသာ ျမတ္ႏိုးေသာ Melody World မွ မၾကာခင္ Melody World Fans ေတြအတြက္ ?
SomethingNewIsComingSoon
WearefromMelodyWorld”လုိ႕ ေရးသားကာ လူမႈကြန္ရက္မွာ မွ်ေ၀ထားပါတယ္။ သူတုိ႕အားလုံးဟာ အႏုပညာေလာကမွာ ကုိယ္ပုိင္ဟန္ကုိယ္ပုိင္အသံနဲ႕ သီခ်င္းေကာင္းေလးေတြသီဆုိရင္း ေနရာတစ္ေနရာအခုိင္အမာရရွိေနျပီျဖစ္ပါတယ္။ တကယ္လုိ႕ Melody World သီခ်င္းဆုိျပဳိင္ပြဲၾကီး အရင္လုိလူသိမ်ားလာမယ္ဆုိရင္ ပရိသတ္ေတြအားေပးၾကဦးမွာလား။

Photos Credit – Ni Ni Khin Zaw Facebook

Stella(Akhayar)

www.Akhayar.com 

[Unicode]

Melody World ကြောင့် နိုင်ငံကျော်အဆိုတော်တွေဖြစ်လာကြသူများ

(၂၀၀၇) ခုနှစ်ကစခဲ့တဲ့ Melody World ဆိုတဲ့ သီချင်းဆိုပြိုင်ပွဲကြီးက လက်ရှိခေတ်စားနေတဲ့ Myanmar Idol လို အဆိုပြိုင်ပွဲကြီးမရှိခင်ကတည်းက အရည်အချင်းရှိတဲ့ နိုင်ငံကျော်အဆိုတော်တွေကို မွေးထုတ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်က အဆိုတော်ဖြစ်ဖို့စိတ်အားထက်သန်ကြတဲ့ ဝါသနာရှင်တွေများစွာ လာရောက်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဖြစ်ပြီး ဒိုင်တွေရဲ့ မှန်မှန်ကန်ကန်ဝေဖန်ထောက်ပြမှုတွေကြောင့်လည်း အဲ့ဒီအချိန်တည်းက နာမည်ပျက်မရှိခဲ့တာပါ။


လက်ရှိမှာ ပရိသတ်အခိုင်အမာရရှိနေကြပြီဖြစ်တဲ့ အဆိုတော်ချမ်းချမ်း၊ နီနီခင်ဇော်၊ အိုင်ရင်းဇင်မာမြင့်၊ကောင်းကောင်း၊ ထက်နေကြည်၊ ဖြိုးပြည့်စုံ၊ ကိုကိုမောင်(ကွယ်လွန်) ၊ ဂျူဝယ်၊ သာဒီးလူ၊ လိမ္မော်သီး နဲ့ ရွှေရည်ဖြိုးမောင် အစရှိတဲ့ အဆိုတော်တွေဟာ ပြိုင်ပွဲဝင်ဘဝကတစ်ဆင့် နာမည်ရလာတယ်ဆိုတာ ပရိသတ်တွေလည်း သိပြီးသားနေမှာပါ။

လတ်တလောမှာတော့ တစ်ကိုယ်တော်တေးစီးရီးများစွာထွက်ရှိထားတဲ့ အဆိုတော် နီနီခင်ဇော်ကတော့ သူ့ရဲ့Melody World က အပေါင်းအပါတွေဖြစ်တဲ့ ချမ်းချမ်း၊ ဂျူဝယ်၊ ထက်နေကြည်၊ ဖြိုးပြည့်စုံ တို့နဲ့အတူ ပြန်လည်ဆုံဖြစ်ကြတဲ့ အမှတ်တရပုံရိပ်တွေကို “မမေ့နိုင်သော မြတ်နိုးသော Melody World မှ မကြာခင် Melody World Fans တွေအတွက် ?
SomethingNewIsComingSoon
WearefromMelodyWorld”လို့ ရေးသားကာ လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။ သူတို့အားလုံးဟာ အနုပညာလောကမှာ ကိုယ်ပိုင်ဟန်ကိုယ်ပိုင်အသံနဲ့ သီချင်းကောင်းလေးတွေသီဆိုရင်း နေရာတစ်နေရာအခိုင်အမာရရှိနေပြီဖြစ်ပါတယ်။ တကယ်လို့ Melody World သီချင်းဆိုပြိုင်ပွဲကြီး အရင်လိုလူသိများလာမယ်ဆိုရင် ပရိသတ်တွေအားပေးကြဦးမှာလား။

Photos Credit – Ni Ni Khin Zaw Facebook

Stella(Akhayar)

www.Akhayar.com