[Zawgyi]

တည္တည္တံ့တံ့ပဲေနေတာ့မယ္ဆုိတဲ့ ေမြးေန႕ရွင္ေလး ေအသင္ခ်ဳိေဆြ

ဒီေန႕ ၾသဂုတ္လ(၁)ရက္ေန႕မွာ က်ေရာက္တဲ့ အႏုပညာရွင္ေတြထဲမွာ အဆုိေတာ္သရုပ္ေဆာင္ ေအသင္ခ်ိဳေဆြ တစ္ေယာက္လည္း အပါအ၀င္ပါပဲ။ ေအသင္ကေတာ့ ေပါက္တဲ့အုိး ေတးစီးရီးေလးနဲ႕အတူ ေအသင္ခ်ိဳေဆြရယ္လုိ႕ ပရိသတ္ေတြပါးစပ္ဖ်ားေရပန္းစားရင္း အႏုပညာေလာကမွာ ေနရာတစ္ေနရာရရွိလာသူျဖစ္ပါတယ္။ ေအသင္ ဟာ သူမရဲ႕ အသက္(၂၅)ႏွစ္ျပည့္ေမြးေန႕မနက္ေရာက္ခါနီးမွာ သူမရဲ႕ လူမႈကြန္ရက္အေကာင့္ကေန Selfie ဓာတ္ပုံေလးေတြနဲ႕အတူ အခုလုိ ေရးသားမွ်ေ၀ထားတာေတြ႕ရပါတယ္။

“”ကဲ ကဲ
ခန ေနရင္ ၂၅ႏွစ္ျပည့္ၿပီဆိုေတာ့ တည္တည္တ့ံတ့ံ ေနေတာ့မယ္
ေနာက္ဆို ခေလးကလား ပိုစ့္ေတြ မတင္ေတာ့ဘူး ။ “” ဆုိျပီး ေရးသားထားေပမယ့္ ဆယ္ေက်ာ္သက္မိန္းကေလးတစ္ေယာက္လိုပဲ ႏုပ်ိဳလန္းဆန္းေနတာျဖစ္ပါတယ္။ သီခ်င္းေကာင္းေလးေတြနဲ႕ လက္ရွိအခ်ိန္အထိ ပရိသတ္အားေပးမႈရရွိလာတဲ့ ေအသင္ဟာ မိသားစုစီးပြားေရးလုပ္ငန္းကုိ ကူညီလုပ္ကုိင္ေနရင္း အႏုပညာေလာကနဲ႕ ႏွစ္အနည္းငယ္ၾကာ မ်က္ေျချပတ္သြားခဲ့တာျဖစ္ပါတယ္။

အခုဆုိရင္ေတာ့ ၀ိတ္ခ်ျပီးေနာက္ အရင္ကထက္ပုိျပီးခ်စ္စရာေကာင္းလာတဲ့ ေအသင္ကေတာ့ အႏုပညာလႈပ္ရွားမႈေတြ ဆက္တုိက္ ျပန္လုပ္ေနရျပီျဖစ္ပါတယ္။
ပရိသတ္ၾကီးလည္း ေအသင္အတြက္ ေမြးေန႕ဆုေတာင္းေပးလုိက္ပါဦးေနာ္။Happy Birthday ပါ ေအသင္ေရ..အႏုပညာလမ္းခရီးမွာ ဒီထက္မက ေအာင္ျမင္ေက်ာ္ၾကားျပီး က်န္းမာေပ်ာ္ရႊင္တဲ့ဘ၀ကုိပုိင္ဆုိင္ရပါေစလုိ႕ Akhayar မွ ဆုမြန္ေကာင္းေတာင္းေပးလုိက္ပါတယ္။

Photos Credit – AthenChoSwe facebook

Stella(Akhayar)

www.Akhayar.com 

[Unicode]

တည်တည်တံ့တံ့ပဲနေတော့မယ်ဆိုတဲ့ မွေးနေ့ရှင်လေး အေသင်ချိုဆွေ

ဒီနေ့ သြဂုတ်လ(၁)ရက်နေ့မှာ ကျရောက်တဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော်သရုပ်ဆောင် အေသင်ချိုဆွေ တစ်ယောက်လည်း အပါအဝင်ပါပဲ။ အေသင်ကတော့ ပေါက်တဲ့အိုး တေးစီးရီးလေးနဲ့အတူ အေသင်ချိုဆွေရယ်လို့ ပရိသတ်တွေပါးစပ်ဖျားရေပန်းစားရင်း အနုပညာလောကမှာ နေရာတစ်နေရာရရှိလာသူဖြစ်ပါတယ်။ အေသင် ဟာ သူမရဲ့ အသက်(၂၅)နှစ်ပြည့်မွေးနေ့မနက်ရောက်ခါနီးမှာ သူမရဲ့ လူမှုကွန်ရက်အကောင့်ကနေ Selfie ဓာတ်ပုံလေးတွေနဲ့အတူ အခုလို ရေးသားမျှဝေထားတာတွေ့ရပါတယ်။

“”ကဲ ကဲ
ခန နေရင် ၂၅နှစ်ပြည့်ပြီဆိုတော့ တည်တည်တံ့တံ့ နေတော့မယ်
နောက်ဆို ခလေးကလား ပိုစ့်တွေ မတင်တော့ဘူး ။ “” ဆိုပြီး  ရေးသားထားပေမယ့် ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်လိုပဲ နုပျိုလန်းဆန်းနေတာဖြစ်ပါတယ်။ သီချင်းကောင်းလေးတွေနဲ့ လက်ရှိအချိန်အထိ ပရိသတ်အားပေးမှုရရှိလာတဲ့ အေသင်ဟာ မိသားစုစီးပွားရေးလုပ်ငန်းကို ကူညီလုပ်ကိုင်နေရင်း အနုပညာလောကနဲ့ နှစ်အနည်းငယ်ကြာ မျက်ခြေပြတ်သွားခဲ့တာဖြစ်ပါတယ်။

အခုဆိုရင်တော့ ဝိတ်ချပြီးနောက် အရင်ကထက်ပိုပြီးချစ်စရာကောင်းလာတဲ့ အေသင်ကတော့ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက် ပြန်လုပ်နေရပြီဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း အေသင်အတွက် မွေးနေ့ဆုတောင်းပေးလိုက်ပါဦးနော်။ Happy Birthday ပါ အေသင်ရေ..အနုပညာလမ်းခရီးမှာ ဒီထက်မက အောင်မြင်ကျော်ကြားပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်ရပါစေလို့ Akhayar မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Photos Credit – AthenChoSwe facebook

Stella(Akhayar)

www.Akhayar.com