[Zawgyi]

“ျပဳသူအသစ္”နဲ႔ပတ္သက္ၿပီး ေဝဖန္သံေတြၾကားရတယ္လို႔ဆိုတဲ့ ေဇာ္ပိုင္

အဆိုေတာ္ေဇာ္ပိုင္နဲ႔ေတြ႔ဆုံခိုက္္မွာ လတ္တေလာ အႏုပညာလႈပ္ရွားမႈအေၾကာင္းနဲ႔ပတ္သက္ၿပီး ေမးျမန္းျဖစ္ခဲ့တာကေတာ့ …။ “လတ္တေလာမွာေတာ့ သီခ်င္းဆိုတယ္။ ခရီးေတြထြက္ျဖစ္တယ္။ ‘ျပဳသူအသစ္’ရဲ႕ ျမဴးဇစ္ဗီဒီယိုေတြ ရိုက္ေနတယ္။ ေနာက္ထပ္ တစ္ကိုယ္ေတာ္အေခြကေတာ့ ဒီႏွစ္ကုန္ေလာက္ ထြက္ႏိုင္ေအာင္မွန္းထားတယ္။ မဟုတ္လည္း ေနာက္ႏွစ္၂၀၁၉ ႏွစ္စပိုင္းေလာက္ ထြက္ျဖစ္မယ္ေပါ့။ ေလာေလာဆယ္ ေလးပုဒ္ေလာက္ တီးၿပီးသြားၿပီ။ ဒီရာသီက ခရီးထြက္တဲ့ရာသီဆိုေတာ့ ခရီးေတြထြက္ျဖစ္ေနေတာ့ ရတဲ့အခ်ိန္ေလးမွာ တစ္ပုဒ္ရတစ္ပုဒ္ဆိုၿပီး လုပ္တယ္။ အဲဒီအေခြမွာ ေတးေရးဆရာေတြက အသစ္ေတြမ်ားပါတယ္။ ကိုယ္တိုင္ေရးထားတာလည္း ေလးပုဒ္ေလာက္ပါပါတယ္” လို႔ ဆိုပါတယ္။

လတ္တေလာမွာထြက္ရိွထားတဲ့ “ျပဳသူအသစ္”နဲ႔ပတ္သက္ၿပီး ပရိသတ္ဆီက ဘယ္လိုေ၀ဖန္သံေတြ ၾကားရေသးလဲလိုု႔ဆိုေတာ့…။ ‘ျပဳသူအသစ္’ ကေတာ့ ငယ္ငယ္ကတည္းက လူႀကိဳက္မ်ားၿပီးသားသီခ်င္းေတြကို ျပန္လုပ္ထားတာဆိုေတာ့ ကိုယ္နဲ႔ရြယ္တူပိုင္းေတြကေတာ့ ႀကိဳက္ၾကတာမ်ားတယ္။တစ္ခ်ိဳ႕လူငယ္ေတြလည္း သူတို႔မၾကားဘူးေသးတဲ့ အရင္တုန္းကသီခ်င္းေတြ ျပန္ၾကားရလို႔လည္း သေဘာက်တယ္လို႔ ၾကားရတာေတြရိွသလို ေနာက္တစ္ခ်ိဳ႕က်ေတာ့လည္း အေဟာင္းေတြျပန္ဆိုထားတဲ့အေပၚမွာ ေ၀ဖန္တာေတြလည္းရိွပါတယ္။ ဘာပဲေျပာေျပာ ကၽြန္ေတာ္က ေက်နပ္ပါတယ္” လို႔ ေျပာပါတယ္။

ပရိသတ္အတြက္ တစ္ကိုယ္ေတာ္ One Man Show လုပ္ေပးဖို႔ရိွတယ္လို႔လည္း အဆိုေတာ္ေဇာ္ပုိင္က အခုလိုေျပာၾကားခဲ့ပါတယ္။ “ကၽြန္ေတာ့္အခုလုပ္ေနတဲ့ တစ္ကိုယ္ေတာ္အေခြအတြက္ၿပီးရင္ One Man Show လုပ္မယ္လို႔ စဥ္းစားထားပါတယ္။ ကၽြန္ေတာ့္ရဲ႕ပရိသတ္ေတြနဲ႔လည္း နီးနီးကပ္ကပ္ေတြ႔ဆုံရဖို႔ Live Show လုပ္ဖို႔ရိွပါတယ္လို႔” ဆိုပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

“ပြုသူအသစ်”နဲ့ပတ်သက်ပြီး ဝေဖန်သံတွေကြားရတယ်လို့ဆိုတဲ့ ဇော်ပိုင်

အဆိုတော်ဇော်ပိုင်နဲ့တွေ့ဆုံခိုက်မှာ လတ်တလော အနုပညာလှုပ်ရှားမှုအကြောင်းနဲ့ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာကတော့ …။ “လတ်တလောမှာတော့ သီချင်းဆိုတယ်။ ခရီးတွေထွက်ဖြစ်တယ်။ ‘ပြုသူအသစ်’ရဲ့ မြူးဇစ်ဗီဒီယိုတွေ ရိုက်နေတယ်။ နောက်ထပ် တစ်ကိုယ်တော်အခွေကတော့ ဒီနှစ်ကုန်လောက် ထွက်နိုင်အောင်မှန်းထားတယ်။ မဟုတ်လည်း နောက်နှစ်၂၀၁၉ နှစ်စပိုင်းလောက် ထွက်ဖြစ်မယ်ပေါ့။ လောလောဆယ် လေးပုဒ်လောက် တီးပြီးသွားပြီ။ ဒီရာသီက ခရီးထွက်တဲ့ရာသီဆိုတော့ ခရီးတွေထွက်ဖြစ်နေတော့ ရတဲ့အချိန်လေးမှာ တစ်ပုဒ်ရတစ်ပုဒ်ဆိုပြီး လုပ်တယ်။ အဲဒီအခွေမှာ တေးရေးဆရာတွေက အသစ်တွေများပါတယ်။ ကိုယ်တိုင်ရေးထားတာလည်း လေးပုဒ်လောက်ပါပါတယ်” လို့ ဆိုပါတယ်။

လတ်တလောမှာထွက်ရှိထားတဲ့ “ပြုသူအသစ်”နဲ့ပတ်သက်ပြီး ပရိသတ်ဆီက ဘယ်လိုဝေဖန်သံတွေ ကြားရသေးလဲလိုု့ဆိုတော့…။ ‘ပြုသူအသစ်’ ကတော့ ငယ်ငယ်ကတည်းက လူကြိုက်များပြီးသားသီချင်းတွေကို ပြန်လုပ်ထားတာဆိုတော့ ကိုယ်နဲ့ရွယ်တူပိုင်းတွေကတော့ ကြိုက်ကြတာများတယ်။တစ်ချို့လူငယ်တွေလည်း သူတို့မကြားဘူးသေးတဲ့ အရင်တုန်းကသီချင်းတွေ ပြန်ကြားရလို့လည်း သဘောကျတယ်လို့ ကြားရတာတွေရှိသလို နောက်တစ်ချို့ကျတော့လည်း အဟောင်းတွေပြန်ဆိုထားတဲ့အပေါ်မှာ ဝေဖန်တာတွေလည်းရှိပါတယ်။ ဘာပဲပြောပြော ကျွန်တော်က ကျေနပ်ပါတယ်” လို့ ပြောပါတယ်။

ပရိသတ်အတွက် တစ်ကိုယ်တော် One Man Show လုပ်ပေးဖို့ရှိတယ်လို့လည်း အဆိုတော်ဇော်ပိုင်က အခုလိုပြောကြားခဲ့ပါတယ်။ “ကျွန်တော့်အခုလုပ်နေတဲ့ တစ်ကိုယ်တော်အခွေအတွက်ပြီးရင် One Man Show လုပ်မယ်လို့ စဉ်းစားထားပါတယ်။ ကျွန်တော့်ရဲ့ပရိသတ်တွေနဲ့လည်း နီးနီးကပ်ကပ်တွေ့ဆုံရဖို့ Live Show လုပ်ဖို့ရှိပါတယ်လို့” ဆိုပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။