[Zawgyi]

ယုန္ေလးကုိ တရားစြဲတယ္ဆုိတဲ့ စကားကုိ ျပန္ေျဖရွင္းလုိက္တဲ့ စူးရွထက္

အဆုိေတာ္ယုန္ေလးနဲ႕ ေမာ္ဒယ္ စူးရွထက္ တုိ႕ႏွစ္ဦးဟာ တစ္ဦးနဲ႕တစ္ဦး Facebook အေကာင့္ကုိယ္စီကေန ဒီကိစၥနဲ႕ပတ္သက္ျပီး Live လႊင့္ရင္း အျပန္အလွန္ေခ်ပေျပာဆုိခဲ့ၾကတာျဖစ္ပါတယ္။ လြန္ခဲ့တဲ့လအနည္းငယ္တုန္းက အဆုိေတာ္ အစၥဏီိ ကုိ ေမာ္ဒယ္လ္ စူးရွထက္က မုဒိန္းမႈနဲ႕ တရားစြဲဆိုထားျပီး ဒီအမႈရုံးခ်ိန္းနဲ႕ပတ္သက္ျပီး သူတုိ႕ႏွစ္ဦးစလုံးနဲ႕ ရင္းႏွီးေနတဲ့ အဆုိေတာ္ယုန္ေလးကလည္း ရုံးခ်ိန္းမွာ ပါ၀င္ကူညီေပးခဲ့တယ္လုိ႕ သိရပါတယ္။

အဆုိေတာ္ယုန္ေလးက ရုံးခ်ိန္္းမွာ ဆူးရွထက္ကုိ ျခိမ္းေျခာက္တာေၾကာင့္ တရားစြဲခံရမယ္ဆုိတဲ့ သတင္းေတြထြက္ေပၚေနတာျဖစ္ပါတယ္။ အဲ့ဒီကိစၥနဲ႕ပတ္သက္ျပီး အဆုိေတာ္ယုန္ေလးကလည္း သူတုိ႕ႏွစ္ဦးစလုံးအေပၚထားတဲ့ သူ႕ရဲ႕ စိတ္ေနသေဘာထား၊ စိတ္မေကာင္းျဖစ္ေနတဲ့အေၾကာင္း Live လႊင့္ျပီး ေျပာျပခဲ့သလုိ ေမာ္ဒယ္ စူးရွထက္ကိုယ္တုိင္လည္း ညတြင္းခ်င္းပဲ သူမရဲ႕ လူမႈကြန္ရက္အေကာင့္မွာ အခုလုိျပန္ေျဖရွင္းထားပါတယ္။

“ေလာကမွာ မေန႔ကပဲ ျဖစ္ျဖစ္ တလေလာက္ကပဲျဖစ္ျဖစ္
မိမိက်င့္ဝတ္ေဖာက္ဖ်က္မႈျဖစ္ေစ။ မိမိ ပါးစပ္ေသာင္းက်န္း မႈျဖစ္ေစ။ ကိုယ္ျပဳခဲ့တဲ့ အရာ ကိုယ္တာဝန္ယူရမွာထံုးစံပါ။ကိုယ္က်ဳးစဥ္ကေတာ့ အရသာရွိရွိ က်င့္ဝတ္မေစာင့္ စည္းႏိုင္ရင္ ကိုယ့္ေဆြမ်ိဳး ေမာင္ႏွမေတြကို သြားလုပ္ပါ။ကၽြန္မ ဘဝ ကၽြန္မပိုင္ပါရေစ။ ကၽြန္မ ခႏၶာနဲ႔ ဘဝ ကၽြန္မ ကာကြယ္ပိုင္ခြင့္က ကၽြန္မအခြင့္အေရးပါ။ၿခိမ္းေျခာက္တိုင္း ၿငိမ္ခံ တဲ့ေခတ္ ကုန္ေနၿပီလို႔ယူဆပါရေစ။လူ႔က်င့္ဝတ္ေဖာက္ဖ်က္တဲ့ အျပဳအမူကို မွန္ကန္တယ္ လက္ခံႏိုင္တဲ့ အထဲကၽြန္မ မပါဘူးရွင္။”ဆုိျပီး ယုန္ေလးရဲ႕ ပုိ႕စ္ကုိ ျပန္လည္မွ်ေ၀ကာ ေရးသားထားတာေတြ႕ရပါတယ္။

Photos Credit – Kyaw Phone Aung & Su Sha Htet Facebook

Stella(Akhayar)

www.akhayar.com

[Unicode]

ယုန်လေးကို တရားစွဲတယ်ဆိုတဲ့ စကားကို ပြန်ဖြေရှင်းလိုက်တဲ့ စူးရှထက်

အဆိုတော်ယုန်လေးနဲ့ မော်ဒယ် စူးရှထက် တို့နှစ်ဦးဟာ တစ်ဦးနဲ့တစ်ဦး Facebook အကောင့်ကိုယ်စီကနေ ဒီကိစ္စနဲ့ပတ်သက်ပြီး Live လွှင့်ရင်း အပြန်အလှန်ချေပပြောဆိုခဲ့ကြတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့လအနည်းငယ်တုန်းက အဆိုတော် အစ္စဏီ ကို မော်ဒယ်လ် စူးရှထက်က မုဒိန်းမှုနဲ့ တရားစွဲဆိုထားပြီး ဒီအမှုရုံးချိန်းနဲ့ပတ်သက်ပြီး သူတို့နှစ်ဦးစလုံးနဲ့ ရင်းနှီးနေတဲ့ အဆိုတော်ယုန်လေးကလည်း ရုံးချိန်းမှာ ပါဝင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုတော်ယုန်လေးက ရုံးချိန်းမှာ ဆူးရှထက်ကို ခြိမ်းခြောက်တာကြောင့် တရားစွဲခံရမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အဆိုတော်ယုန်လေးကလည်း သူတို့နှစ်ဦးစလုံးအပေါ်ထားတဲ့ သူ့ရဲ့ စိတ်နေသဘောထား၊၊ စိတ်မကောင်းဖြစ်နေတဲ့အကြောင်း Live လွှင့်ပြီး ပြောပြခဲ့သလို မော်ဒယ် စူးရှထက်ကိုယ်တိုင်လည်း ညတွင်းချင်းပဲ သူမရဲ့ လူမှုကွန်ရက်အကောင့်မှာ အခုလိုပြန်ဖြေရှင်းထားပါတယ်။

“လောကမှာ မနေ့ကပဲ ဖြစ်ဖြစ် တလလောက်ကပဲဖြစ်ဖြစ်  မိမိကျင့်ဝတ်ဖောက်ဖျက်မှုဖြစ်စေ။ မိမိ ပါးစပ်သောင်းကျန်း မှုဖြစ်စေ။ ကိုယ်ပြုခဲ့တဲ့ အရာ ကိုယ်တာဝန်ယူရမှာထုံးစံပါ။ကိုယ်ကျုးစဉ်ကတော့ အရသာရှိရှိ ကျင့်ဝတ်မစောင့် စည်းနိုင်ရင် ကိုယ့်ဆွေမျိုး မောင်နှမတွေကို သွားလုပ်ပါ။ကျွန်မ ဘဝ ကျွန်မပိုင်ပါရစေ။ ကျွန်မ ခန္ဓာနဲ့ ဘဝ ကျွန်မ ကာကွယ်ပိုင်ခွင့်က ကျွန်မအခွင့်အရေးပါ။ခြိမ်းခြောက်တိုင်း ငြိမ်ခံ တဲ့ခေတ် ကုန်နေပြီလို့ယူဆပါရစေ။လူ့ကျင့်ဝတ်ဖောက်ဖျက်တဲ့ အပြုအမူကို မှန်ကန်တယ် လက်ခံနိုင်တဲ့ အထဲကျွန်မ မပါဘူးရှင်။”ဆိုပြီး ယုန်လေးရဲ့ ပို့စ်ကို ပြန်လည်မျှဝေကာ ရေးသားထားတာတွေ့ရပါတယ်။

Photos Credit – Kyaw Phone Aung & Su Sha Htet Facebook

Stella(Akhayar)

www.akhayar.com