[Zawgyi]

လိုခ်င္ေနတဲ့ အရုပ္ေလးကုိ ရဲရင့္ေအာင္ဆီက လက္ေဆာင္ရလုိက္တဲ့ ဧၿငိမ္းျဖဴ

ေမာ္ဒယ္သရုပ္ေဆာင္ ဧၿငိမ္းျဖဴကေတာ့ ၾသဂုတ္လ(၁၂)ရက္ေန႕က သူမရဲ႕ ခ်စ္သူရဲရင့္ေအာင္ဆီက သူမ ၾကဳိက္တ့ဲပစၥည္းတစ္ခုကုိ ရရွိလုိက္လုိ႕ အေပ်ာ္ၾကီးေပ်ာ္ေနပုံပါပဲ။ လတ္တေလာမွာေတာ့ ရဲရင့္ေအာင္က သူမလုိခ်င္တဲ့Unicorn အရုပ္ေလးတစ္ရုပ္ကုိ အြန္လုိင္းကေန တိတ္တိတ္ေလးမွာေပးထားျပီးလက္ေဆာင္ေပးခဲ့တယ္လုိ႕ ဆုိပါတယ္။

“Yayy My Fav Unicorn
ဘဲႀကီးက ကိုယ္ႀကိဳက္တတ္တဲ့ပစၥည္းေလးေတြ
Online ကေနခိုးမွာေပးတက္သားပဲ .. မထင္ရဘူး” ဆုိျပီး ဧၿငိမ္းျဖဴတစ္ေယာက္ သူမရဲ႕ လူမႈကြန္ရက္မွာ အရုပ္ေလးကုိင္ထားတဲ့ ပုံေလးေတြနဲ႕အတူ ေရးသားမွ်ေ၀ထားတာေတြ႕ရပါတယ္။

ဧၿငိမ္းျဖဴဟာ ဖက္ရွင္က်ျပီးခ်စ္စရာေကာင္းတဲ့ ရုပ္ရည္သြင္ျပင္ေလးပုိင္ဆုိင္ထားရသလုိ အသံပဲပါ၀င္တဲ့ ေခတ္ေဟာင္းရုပ္ရွင္ကားေတြမွာလည္း ျပန္လည္အသက္သြင္းသရုပ္ေဆာင္ထားတာေၾကာင့္ ပရိသတ္အခုိင္အမာရရွိထားပါတယ္။

အဆုိေတာ္ရဲရင့္ေအာင္ နဲ႕ သရုပ္ေဆာင္ ဧၿငိမ္းျဖဴတုိ႕ စုံတြဲဟာ အႏုပညာေလာကမွာ ပရိသတ္ကုိယ္စီနဲ႕လူသိမ်ားတဲ့ အႏုပညာရွင္စုံတြဲေလးျဖစ္ျပီး ပရိသတ္ေတြရဲ႕ စိတ္၀င္စားမႈေတြရရွိထားပါတယ္။ဧျငိမ္းျဖဴ ကုိ အခုလုိမ်ိဳး Surprise ေလးေတြလုပ္ေပးတာေၾကာင့္ ရဲရင့္ေအာင္ တစ္ေယာက္ အရင္ကနဲ႕မတူပဲ ပုိျပီး Romantic ဆန္လာတယ္လုိ႕ ပရိသတ္ေတြက မွတ္ခ်က္ေပးၾကပါတယ္။

Photos Credit – A Nyein Phyu Facebook

Stella(Akhayar)

www.akhayar.com

[Unicode]

လိုချင်နေတဲ့ အရုပ်လေးကို ရဲရင့်အောင်ဆီက လက်ဆောင်ရလိုက်တဲ့ ဧငြိမ်းဖြူ

မော်ဒယ်သရုပ်ဆောင် ဧငြိမ်းဖြူကတော့ သြဂုတ်လ(၁၂)ရက်နေ့က သူမရဲ့ ချစ်သူရဲရင့်အောင်ဆီက သူမ ကြိုက်တဲ့ပစ္စည်းတစ်ခုကို ရရှိလိုက်လို့ အပျော်ကြီးပျော်နေပုံပါပဲ။ လတ်တလောမှာတော့ ရဲရင့်အောင်က သူမလိုချင်တဲ့Unicorn အရုပ်လေးတစ်ရုပ်ကို အွန်လိုင်းကနေ တိတ်တိတ်လေးမှာပေးထားပြီးလက်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

“Yayy My Fav Unicorn
ဘဲကြီးက ကိုယ်ကြိုက်တတ်တဲ့ပစ္စည်းလေးတွေ
Online ကနေခိုးမှာပေးတက်သားပဲ .. မထင်ရဘူး” ဆိုပြီး ဧငြိမ်းဖြူတစ်ယောက် သူမရဲ့ လူမှုကွန်ရက်မှာ အရုပ်လေးကိုင်ထားတဲ့ ပုံလေးတွေနဲ့အတူ ရေးသားမျှဝေထားတာတွေ့ရပါတယ်။

ဧငြိမ်းဖြူဟာ ဖက်ရှင်ကျပြီးချစ်စရာကောင်းတဲ့ ရုပ်ရည်သွင်ပြင်လေးပိုင်ဆိုင်ထားရသလို အသံပဲပါဝင်တဲ့ ခေတ်ဟောင်းရုပ်ရှင်ကားတွေမှာလည်း ပြန်လည်အသက်သွင်းသရုပ်ဆောင်ထားတာကြောင့် ပရိသတ်အခိုင်အမာရရှိထားပါတယ်။

အဆိုတော်ရဲရင့်အောင် နဲ့ သရုပ်ဆောင် ဧငြိမ်းဖြူတို့ စုံတွဲဟာ အနုပညာလောကမှာ ပရိသတ်ကိုယ်စီနဲ့လူသိများတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေရရှိထားပါတယ်။ဧငြိမ်းဖြူ ကို အခုလိုမျိုး Surprise လေးတွေလုပ်ပေးတာကြောင့် ရဲရင့်အောင် တစ်ယောက် အရင်ကနဲ့မတူပဲ ပိုပြီး Romantic ဆန်လာတယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးကြပါတယ်။

Photos Credit – A Nyein Phyu Facebook

Stella(Akhayar)

www.akhayar.com